HomeEntertainmentFilmအတွေးနယ်ချဲ့ရတာ ကြိုက်သူများအတွက် စိတ္တဇသည်းထိတ်ရင်ဖို ဇာတ်ကားကောင်းများ

အတွေးနယ်ချဲ့ရတာ ကြိုက်သူများအတွက် စိတ္တဇသည်းထိတ်ရင်ဖို ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်တွေဟာ လူသားတွေရဲ့ အကြီးမားဆုံး အပန်းဖြေမှုတွေထဲက အလွယ်ကူဆုံး ခံစားနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်တွေဟာ အပန်းဖြေရုံတင်မဟုတ်ဘဲ ရသပေါင်းစုံကို ပေးနိုင်ပြီးတော့ တွေးစရာမျိုးစုံကိုလည်း ပေးနိုင်ပါတယ်။ ရုပ်ရှင်အမျိုးအစား များစွာထဲကမှ ကြည့်ရှုသူပရိသတ်တွေကို တွေးတောစရာတွေ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတေွ ပေးနိုင်တဲ့ အမျိုးအစားတစ်ခုကတော့ စိတ္တဇ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ ရုပ်ရှင်ပရိသတ်တွေအတွက် စိတ္တဇ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(7) Enemy
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Adam ဆိုတဲ့ကောလိပ်က ကျောင်းဆရာတစ်ယောက်ဟာ တစ်နေ့မှာ ရုပ်ရှင်ကြည့်နေရင်းနဲ့ အဲ့ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တစ်ယောက်ဟာ သူနဲ့တစ်ထေရာတည်းတူနေတာကို တွေ့လိုက်ရပါတော့တယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီသရုပ်ဆောင်ကို လိုက်လံရှာဖွေနေရင်းနဲ့ ဘယ်လိုတွေ ဆက်ဖြစ်မလည်းဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Denis Villeneuve ဖြစ်ပြီး Jake Gyllenhaal ၊ Melanie Laurent ၊ Sarah Gadon ၊ Isabella Rossellini စတဲ့ နာမည်ကျော် သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(6) Side Effects
photo via screenrant

ဒီကားကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ထားခဲ့တာဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာကြောင့် စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Jonathan Banks ဆီမှာ ကုသနေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ပြဿနာတွေ မပျောက်သွားတာကြောင့် Jonathan ဟာ အဲ့ဒီကောင်မလေးဆီကို ဆေးအသစ်တစ်မျိုး ပေးလိုက်ပါတယ်။ သူမဟာ အဲ့ဒီဆေးအသစ်ကို သောက်ပြီးတဲ့အချိန်မှာတော့ မမျှော်လင့်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရပါတော့တယ်။

ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီး Rooney Mara ၊ Jude Law ၊ Channing Tatum ၊ Catherine Zeta-Jones စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Split
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Kevin လို့ခေါ်တဲ့ လူတစ်ယောက်ဟာ လူတစ်ယောက်တည်းကနေ စိတ်တွေ အမျိုးမျိုး ကွဲထွက်နေတဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ သူဟာ လူတစ်ယောက်တည်းနဲ့ စိတ်ပေါင်း(၂၃)မျိုး ကွဲထွက်နေပြီးတော့ ကောင်မလေးသုံးယောက်ကို ပြန်ပေးဆွဲထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးတွေက လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးစားကြမလည်းဆိုတာနဲ့ Kevin ရဲ့စိတ်ရောဂါအကြောင်းကိုလည်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ M. Night Shyamalan က ရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ James McAvoy ၊ Anya Taylor-Joy ၊ M. Night Shyamalan နဲ့ Betty Buckley တို့က အဓိကပါဝင်ထားပါတယ်။

(4) Nightcrawler
photo via screenrant

ဒီကားကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Louis Bloom လို့ခေါ်တဲ့ သူခိုးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာ သူဟာ ရာဇဝတ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်ထားပြီး အဲ့ဒီဓာတ်ပုံတွေကနေ ပိုက်ဆံတွေရနိုင်တာကို သိလိုက်ရပါတယ်။ ဒီမှာတင် Louis ဟာ အဲ့လိုဓာတ်ပုံတွေ ရဖို့အတွက် ပြင်းထန်တဲ့ နည်းလမ်းတွေသုံးပြီး အစွမ်းကုန်ကြိုးစားပါတော့တယ်။

ဒါရိုက်တာ Dan Gilroy က ရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Jake Gyllenhaal ၊ Rene Russo ၊ Riz Ahmed နဲ့ Bill Paxton တို့က အဓိကပါဝင်ထားပါတယ်။

(3) Black Swan
photo via screenrant

Black Swan ဟာ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့ စိတ်အတွင်းပိုင်းက အဖြူနဲ့အမည်း နှစ်ခြမ်းမှာ လူတွေဖုံးကွယ်ဖို့ ကြိုးစားလေ့ရှိတဲ့ စိတ်အမှောင်ဘက်ခြမ်းနဲ့ လူကောင်းတစ်ယောက်လို့ ပုံဖော်ပေးတဲ့ အဖြူဘက်ခြမ်းတို့ လွန်ဆွဲတဲ့အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

Nina လို့ခေါ်တဲ့ ဘဲလေးကချေသည်တစ်ယောက်ဟာ နာမည်ကျော် ဘဲလေးကဇာတ်တစ်ခုအတွက် ငန်းဖြူမလေး Odette နေရာမှာ ကပြဖို့အတွက် အခွင့်အရေးရသွားခဲ့ပါတယ်။ ဒါပေမယ့် ကပွဲဒါရိုက်တာဟာ သူမထက် Lily လို့ခေါ်တဲ့ ကောင်မလေးက ငန်းဖြူမလေးနေရာနဲ့ ပိုသင့်တော်တယ်ဆိုပြီး ရွေးချယ်လိုက်တဲ့အခါမှာတော့ Nina ရဲ့ စိတ်အမှောင်တွေ တဖြည်းဖြည်း လျှံထွက်လာပါတော့တယ်။

ဒါရိုက်တာ Darren Aronofsky က ရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်များဖြစ်တဲ့ Natalie Portman ၊ Mila Kunis ၊ Vincent Cassel နဲ့ Winona Ryder တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Natalie Portman အော်စကာရထားတဲ့ ဇာတ်ကားဖြစ်ပြီး အခြားရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာ ရရှိထားလို့ မကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်ပါတယ်။

(2) Gone Girl
photo via screenrant

Gone Girl ဟာ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.1) ရရှိထားပါတယ်။ Nick Dunne နဲ့ Amy Dunne တို့ဟာ ဇနီးမောင်နှံတွေ ဖြစ်ကြပြီးတော့ သူတို့ရဲ့အိမ်ထောင်ရေးအကြောင်းကို ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ ရိုက်ပြထားပါတယ်။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဇနီးဖြစ်သူ Amy ဟာ ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့လိုပျောက်သွားတာဟာလည်း သူ့ဘဝရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုဖြစ်ပြီး အဲ့ဒီ့နောက်ပိုင်းမှာတော့ Nick ဟာ ဘယ်လိုဒုက္ခတွေကို ကြုံတွေ့ရမလည်းဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

နာမည်ကျော် ဒါရိုက်တာ David Fincher ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Ben Affleck ၊ Rosamund Pike ၊ Neil Patrick Harris နဲ့ Tyler Perry တို့က အဓိက ပါဝင်ထားပါတယ်။ မင်းသမီး Rosamund Pike အော်စကာ စံကာတင် စာရင်းဝင်ထားပြီး ဒါရိုက်တာ David Fincher က ရွှေကမ္ဘာလုံးဆု စံကာတင်ဝင်ထားတာကြောင့် ကျိန်းသေ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

(1) Shutter Island
photo via screenrant

Shutter Island ကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ၁၉၅၄ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အထူးအေးဂျင့်နှစ်ယောက်ဟာ လူသူကင်းဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာရှိတဲ့ စိတ်ရောဂါကုဆေးရုံကို တာဝန်တစ်ခုနဲ့ သွားရောက်ခဲ့ရပါတယ်။ အကြောင်းကတော့ အဲ့ဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စိတ်ရောဂါသည်တစ်ယောက် ပျောက်သွားတာကြောင့် စုံစမ်းဖို့အတွက် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲ့ဒီဆေးရုံရဲ့ ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေကို သိသွားတဲ့အချိန်မှာတော့….။

ဒါရိုက်တာ Martin Scorsese က ရိုက်ကူးထားပြီး နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Leonardo DiCaprio ၊ Ben Kingsley ၊ Mark Ruffalo နဲ့ Michelle Williams တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒါကတော့ အတွေးနယ်ချဲ့ရတာ ကြိုက်တ‌ဲ့ ရုပ်ရှင်ပရိသတ်များအတွက် ကြည့်ရှုသင့်တဲ့ စိတ္တဇ သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ေတြဟာ လူသားေတြရဲ႕ အႀကီးမားဆုံး အပန္းေျဖမႈေတြထဲက အလြယ္ကူဆုံး ခံစားႏိုင္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ေတြဟာ အပန္းေျဖ႐ုံတင္မဟုတ္ဘဲ ရသေပါင္းစုံကို ေပးႏိုင္ၿပီးေတာ့ ေတြးစရာမ်ိဳးစုံကိုလည္း ေပးႏိုင္ပါတယ္။ ႐ုပ္ရွင္အမ်ိဳးအစား မ်ားစြာထဲကမွ ၾကည့္ရႈသူပရိသတ္ေတြကို ေတြးေတာစရာေတြ၊ ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ေပးႏိုင္တဲ့ အမ်ိဳးအစားတစ္ခုကေတာ့ စိတၱဇ သည္းထိတ္ရင္ဖို႐ုပ္ရွင္ေတြပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ ႐ုပ္ရွင္ပရိသတ္ေတြအတြက္ စိတၱဇ သည္းထိတ္ရင္ဖို ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) Enemy
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Adam ဆိုတဲ့ေကာလိပ္က ေက်ာင္းဆရာတစ္ေယာက္ဟာ တစ္ေန႔မွာ ႐ုပ္ရွင္ၾကည့္ေနရင္းနဲ႔ အဲ့ဒီ႐ုပ္ရွင္ထဲက သ႐ုပ္ေဆာင္တစ္ေယာက္ဟာ သူနဲ႔တစ္ေထရာတည္းတူေနတာကို ေတြ႕လိုက္ရပါေတာ့တယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီသ႐ုပ္ေဆာင္ကို လိုက္လံရွာေဖြေနရင္းနဲ႔ ဘယ္လိုေတြ ဆက္ျဖစ္မလည္းဆိုတာကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာကေတာ့ Denis Villeneuve ျဖစ္ၿပီး Jake Gyllenhaal ၊ Melanie Laurent ၊ Sarah Gadon ၊ Isabella Rossellini စတဲ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(6) Side Effects
photo via screenrant

ဒီကားကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ထားခဲ့တာျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ရွိေနတာေၾကာင့္ စိတ္ေရာဂါကု ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ Jonathan Banks ဆီမွာ ကုသေနခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ျပႆနာေတြ မေပ်ာက္သြားတာေၾကာင့္ Jonathan ဟာ အဲ့ဒီေကာင္မေလးဆီကို ေဆးအသစ္တစ္မ်ိဳး ေပးလိုက္ပါတယ္။ သူမဟာ အဲ့ဒီေဆးအသစ္ကို ေသာက္ၿပီးတဲ့အခ်ိန္မွာေတာ့ မေမွ်ာ္လင့္ထားတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ႀကဳံေတြ႕ရပါေတာ့တယ္။

႐ိုက္ကူးထားတဲ့ ဒါ႐ိုက္တာကေတာ့ Steven Soderbergh ျဖစ္ၿပီး Rooney Mara ၊ Jude Law ၊ Channing Tatum ၊ Catherine Zeta-Jones စတဲ့ နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Split
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူတစ္ေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာအေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ Kevin လို႔ေခၚတဲ့ လူတစ္ေယာက္ဟာ လူတစ္ေယာက္တည္းကေန စိတ္ေတြ အမ်ိဳးမ်ိဳး ကြဲထြက္ေနတဲ့ စိတ္ေရာဂါတစ္မ်ိဳးကို ခံစားေနရပါတယ္။ သူဟာ လူတစ္ေယာက္တည္းနဲ႔ စိတ္ေပါင္း(၂၃)မ်ိဳး ကြဲထြက္ေနၿပီးေတာ့ ေကာင္မေလးသုံးေယာက္ကို ျပန္ေပးဆြဲထားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ျပန္ေပးဆြဲခံထားရတဲ့ ေကာင္မေလးေတြက လြတ္ေျမာက္ဖို႔အတြက္ ဘယ္လိုႀကိဳးစားၾကမလည္းဆိုတာနဲ႔ Kevin ရဲ႕စိတ္ေရာဂါအေၾကာင္းကိုလည္း စိတ္ဝင္စားဖြယ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ M. Night Shyamalan က ႐ိုက္ကူးထားၿပီး နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ James McAvoy ၊ Anya Taylor-Joy ၊ M. Night Shyamalan နဲ႔ Betty Buckley တို႔က အဓိကပါဝင္ထားပါတယ္။

(4) Nightcrawler
photo via screenrant

ဒီကားကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Louis Bloom လို႔ေခၚတဲ့ သူခိုးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ တစ္ရက္မွာ သူဟာ ရာဇဝတ္သားေတြရဲ႕ လႈပ္ရွားမႈေတြကို ဓာတ္ပုံ႐ိုက္ထားၿပီး အဲ့ဒီဓာတ္ပုံေတြကေန ပိုက္ဆံေတြရႏိုင္တာကို သိလိုက္ရပါတယ္။ ဒီမွာတင္ Louis ဟာ အဲ့လိုဓာတ္ပုံေတြ ရဖို႔အတြက္ ျပင္းထန္တဲ့ နည္းလမ္းေတြသုံးၿပီး အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။

ဒါ႐ိုက္တာ Dan Gilroy က ႐ိုက္ကူးထားၿပီး နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Jake Gyllenhaal ၊ Rene Russo ၊ Riz Ahmed နဲ႔ Bill Paxton တို႔က အဓိကပါဝင္ထားပါတယ္။

(3) Black Swan
photo via screenrant

Black Swan ဟာ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူတစ္ေယာက္ရဲ႕ စိတ္အတြင္းပိုင္းက အျဖဴနဲ႔အမည္း ႏွစ္ျခမ္းမွာ လူေတြဖုံးကြယ္ဖို႔ ႀကိဳးစားေလ့ရွိတဲ့ စိတ္အေမွာင္ဘက္ျခမ္းနဲ႔ လူေကာင္းတစ္ေယာက္လို႔ ပုံေဖာ္ေပးတဲ့ အျဖဴဘက္ျခမ္းတို႔ လြန္ဆြဲတဲ့အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။

Nina လို႔ေခၚတဲ့ ဘဲေလးကေခ်သည္တစ္ေယာက္ဟာ နာမည္ေက်ာ္ ဘဲေလးကဇာတ္တစ္ခုအတြက္ ငန္းျဖဴမေလး Odette ေနရာမွာ ကျပဖို႔အတြက္ အခြင့္အေရးရသြားခဲ့ပါတယ္။ ဒါေပမယ့္ ကပြဲဒါ႐ိုက္တာဟာ သူမထက္ Lily လို႔ေခၚတဲ့ ေကာင္မေလးက ငန္းျဖဴမေလးေနရာနဲ႔ ပိုသင့္ေတာ္တယ္ဆိုၿပီး ေ႐ြးခ်ယ္လိုက္တဲ့အခါမွာေတာ့ Nina ရဲ႕ စိတ္အေမွာင္ေတြ တျဖည္းျဖည္း လွ်ံထြက္လာပါေတာ့တယ္။

ဒါ႐ိုက္တာ Darren Aronofsky က ႐ိုက္ကူးထားၿပီး နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားျဖစ္တဲ့ Natalie Portman ၊ Mila Kunis ၊ Vincent Cassel နဲ႔ Winona Ryder တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Natalie Portman ေအာ္စကာရထားတဲ့ ဇာတ္ကားျဖစ္ၿပီး အျခား႐ုပ္ရွင္ထူးခြၽန္ဆုေပါင္းမ်ားစြာ ရရွိထားလို႔ မၾကည့္ရေသးရင္ ၾကည့္ကိုၾကည့္သင့္ပါတယ္။

(2) Gone Girl
photo via screenrant

Gone Girl ဟာ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.1) ရရွိထားပါတယ္။ Nick Dunne နဲ႔ Amy Dunne တို႔ဟာ ဇနီးေမာင္ႏွံေတြ ျဖစ္ၾကၿပီးေတာ့ သူတို႔ရဲ႕အိမ္ေထာင္ေရးအေၾကာင္းကို ပုံမွန္မဟုတ္တဲ့ပုံစံမ်ိဳးနဲ႔ ႐ိုက္ျပထားပါတယ္။ ဇာတ္လမ္းကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ငါးႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔မွာ ဇနီးျဖစ္သူ Amy ဟာ ႐ုတ္တရက္ႀကီး ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ အဲ့လိုေပ်ာက္သြားတာဟာလည္း သူ႔ဘဝရဲ႕ အႀကီးမားဆုံး ေျပာင္းလဲမႈတစ္ခုျဖစ္ၿပီး အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ Nick ဟာ ဘယ္လိုဒုကၡေတြကို ႀကဳံေတြ႕ရမလည္းဆိုတာ စိတ္လႈပ္ရွားဖြယ္ရာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။နာမည္ေက်ာ္

နာမည္ေက်ာ္ ဒါ႐ိုက္တာ David Fincher ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Ben Affleck ၊ Rosamund Pike ၊ Neil Patrick Harris နဲ႔ Tyler Perry တို႔က အဓိက ပါဝင္ထားပါတယ္။ မင္းသမီး Rosamund Pike ေအာ္စကာ စံကာတင္ စာရင္းဝင္ထားၿပီး ဒါ႐ိုက္တာ David Fincher က ေ႐ႊကမာၻလုံးဆု စံကာတင္ဝင္ထားတာေၾကာင့္ က်ိန္းေသ ၾကည့္ရႈရမယ့္ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။

(1) Shutter Island
photo via screenrant

Shutter Island ကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားပါတယ္။ ၁၉၅၄ခုႏွစ္မွာ ဇာတ္အိမ္တည္ထားၿပီး အထူးေအးဂ်င့္ႏွစ္ေယာက္ဟာ လူသူကင္းေဝးတဲ့ ကြၽန္းတစ္ကြၽန္းေပၚမွာရွိတဲ့ စိတ္ေရာဂါကုေဆး႐ုံကို တာဝန္တစ္ခုနဲ႔ သြားေရာက္ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီေဆး႐ုံမွာ ေဆးကုသမႈခံယူေနတဲ့ စိတ္ေရာဂါသည္တစ္ေယာက္ ေပ်ာက္သြားတာေၾကာင့္ စုံစမ္းဖို႔အတြက္ ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ အဲ့ဒီေဆး႐ုံရဲ႕ ဖုံးကြယ္ထားတဲ့ အေၾကာင္းအရာေတြကို သိသြားတဲ့အခ်ိန္မွာေတာ့….။

ဒါ႐ိုက္တာ Martin Scorsese က ႐ိုက္ကူးထားၿပီး နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Leonardo DiCaprio ၊ Ben Kingsley ၊ Mark Ruffalo နဲ႔ Michelle Williams တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

ဒါကေတာ့ အေတြးနယ္ခ်ဲ႕ရတာ ႀကိဳက္တ‌ဲ့ ႐ုပ္ရွင္ပရိသတ္မ်ားအတြက္ ၾကည့္ရႈသင့္တဲ့ စိတၱဇ သည္းထိတ္ရင္ဖိုဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular