HomeEntertainmentFilmပထမဆုံးအပတ်မှာတင် Box-Office ဝင်ငွေ ဒေါ်လာ သန်း(၄၀)ကျော် ရရှိထားတဲ့ Encanto

ပထမဆုံးအပတ်မှာတင် Box-Office ဝင်ငွေ ဒေါ်လာ သန်း(၄၀)ကျော် ရရှိထားတဲ့ Encanto

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ရဲ့ ကား(၆၀)မြောက်ရုပ်ရှင် ဖြစ်တဲ့ Encanto ဟာ ရုံစတင်တဲ့ ပထမဆုံးအပတ်မှာတင် Box Office မှာ ဝင်ငွေ ဒေါ်လာသန်း(၄၀)ကျော် ရရှိထားတယ်လို့ သိရပါတယ်။ ဒီ Animation ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Madrigal မိသားစုအကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီမိသားစုကတော့ ကိုလံဘီယာနိုင်ငံရဲ့ Encanto ဆိုတဲ့ နေရာတစ်ခုမှာ နေထိုင်ကြပြီး အဲ့ဒီမှာနေထိုင်တဲ့သူတွေ အားလုံးဟာ တစ်ယောက်တစ်မျိူးစီ မတူညီတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပါတယ်။

photo via screenrant

ဒါပေမယ့်လည်း Mirabel ဆိုတဲ့ ကောင်မလေးကတော့ ဘာစွမ်းအားမှ မပိုင်ဆိုင်ထားဘဲ အကြောင်းတစ်ခုကြောင့် သူမဟာ Encanto ရဲ့ မှော်စွမ်းအားတွေကို ကာကွယ်ဖို့ တိုက်ပွဲဝင်ရပါတော့တယ်။ ဒီ Animation ကိုတော့ Zootopia ကို ဖန်တီးခဲ့တဲ့ Byron Howard နဲ့ Jared Bush တို့က ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ပါဝင်အသံသရုပ်ဆောင်ထားသူတွေကတော့ Stephanie Beatriz ၊ Diane Guerrero ၊ Wilmer Valderrama နဲ့ John Leguizamo တို့ပဲ ဖြစ်ပါတယ်။

Encanto ကတော့ ရုံတင်တာ တစ်ပတ်ကျော်ပဲ ရှိသေးပြီး ပထမဆုံးအပတ်မှာတင် Thanksgiving Box Office မှာ ထိပ်ဆုံးရောက်နေပါပြီ။ ComicBook သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီ Animation ဟာ ပထမဆုံးအပတ်မှာတင် ဒေါ်လာသန်း(၄၀)ကျော် ရရှိခဲ့သလို ပထမဆုံး ရုံတင်တဲ့နေ့မှာတင် ဒေါ်လာ(၇)သန်းခွဲ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ ပထမဆုံးရုံတင်တဲ့ သုံးရက်အတွင်းမှာတင် ဒေါ်လာ (၂၈)သန်းကျော် ရရှိခဲ့ပါတယ်။

photo via screenrant

မူလကတော့ House of Gucci ဟာ Thanksgiving Box Office မှာ ပထမနေရာ ရထားတာ ဖြစ်ပြီး အခုချိန်မှာတော့ Encanto ဟာ House of Gucci ကို ကျော်တက်သွားပါပြီ။ Disney ဟာ Animation တွေနဲ့ ပတ်သက်လာရင်တော့ ပရိသတ်တွေကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ဘဲ ယခုအသစ်ထွက်ရှိထားတဲ့ Encanto ဟာလည်း ပရိသတ်တွေအကြိုက် ဖြစ်နေပါတယ်။ ဒီ Animation ကိုတော့ ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ Disney+ မှာ စတင်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Disney ရဲ့ ကား(၆၀)ေျမာက္႐ုပ္ရွင္ ျဖစ္တဲ့ Encanto ဟာ ႐ုံစတင္တဲ့ ပထမဆုံးအပတ္မွာတင္ Box Office မွာ ဝင္ေငြ ေဒၚလာသန္း(၄၀)ေက်ာ္ ရရွိထားတယ္လို႔ သိရပါတယ္။ ဒီ Animation ရဲ့ ဇာတ္လမ္းအက်ဥ္းကေတာ့ Madrigal မိသားစုအေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီမိသားစုကေတာ့ ကိုလံဘီယာနိုင္ငံရဲ့ Encanto ဆိုတဲ့ ေနရာတစ္ခုမွာ ေနထိုင္ၾကၿပီး အဲ့ဒီမွာေနထိုင္တဲ့သူေတြ အားလုံးဟာ တစ္ေယာက္တစ္မ်ိဴးစီ မတူညီတဲ့ စြမ္းအားေတြကို ပိုင္ဆိုင္ထားၾကပါတယ္။

photo via screenrant

ဒါေပမယ့္လည္း Mirabel ဆိုတဲ့ ေကာင္မေလးကေတာ့ ဘာစြမ္းအားမွ မပိုင္ဆိုင္ထားဘဲ အေၾကာင္းတစ္ခုေၾကာင့္ သူမဟာ Encanto ရဲ့ ေမွာ္စြမ္းအားေတြကို ကာကြယ္ဖို႔ တိုက္ပြဲဝင္ရပါေတာ့တယ္။ ဒီ Animation ကိုေတာ့ Zootopia ကို ဖန္တီးခဲ့တဲ့ Byron Howard နဲ႔ Jared Bush တို႔က ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ ပါဝင္အသံသ႐ုပ္ေဆာင္ထားသူေတြကေတာ့ Stephanie Beatriz ၊ Diane Guerrero ၊ Wilmer Valderrama နဲ႔ John Leguizamo တို႔ပဲ ျဖစ္ပါတယ္။

Encanto ကေတာ့ ႐ုံတင္တာ တစ္ပတ္ေက်ာ္ပဲ ရွိေသးၿပီး ပထမဆုံးအပတ္မွာတင္ Thanksgiving Box Office မွာ ထိပ္ဆုံးေရာက္ေနပါၿပီ။ ComicBook သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ ဒီ Animation ဟာ ပထမဆုံးအပတ္မွာတင္ ေဒၚလာသန္း(၄၀)ေက်ာ္ ရရွိခဲ့သလို ပထမဆုံး ႐ုံတင္တဲ့ေန႔မွာတင္ ေဒၚလာ(၇)သန္းခြဲ ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါတင္မကေသးဘဲ ပထမဆုံး႐ုံတင္တဲ့ သုံးရက္အတြင္းမွာတင္ ေဒၚလာ (၂၈)သန္းေက်ာ္ ရရွိခဲ့ပါတယ္။

photo via screenrant

မူလကေတာ့ House of Gucci ဟာ Thanksgiving Box Office မွာ ပထမေနရာ ရထားတာ ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ Encanto ဟာ House of Gucci ကို ေက်ာ္တက္သြားပါၿပီ။ Disney ဟာ Animation ေတြနဲ႔ ပတ္သက္လာရင္ေတာ့ ပရိသတ္ေတြကို ဘယ္ေတာ့မွ စိတ္မပ်က္ေစခဲ့ဘဲ ယခုအသစ္ထြက္ရွိထားတဲ့ Encanto ဟာလည္း ပရိသတ္ေတြအႀကိဳက္ ျဖစ္ေနပါတယ္။ ဒီ Animation ကိုေတာ့ ဒီဇင္ဘာလ (၂၄)ရက္ေန႔မွာ Disney+ မွာ စတင္ၾကည့္ရွုနိုင္ၿပီ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular