HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Disney ရဲ့ Encanto

ထွေလာအသစ် ထွက်ရှိလာတဲ့ Disney ရဲ့ Encanto

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ရဲ့ အသစ်ထွက်ရှိလာမယ့် Encanto ကတော့ ထွေလာအသစ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Disney စတူဒီယိုရဲ့ ပထမဆုံး Animation ဟာ ၁၉၃၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Snow White ဖြစ်ပြီး အသစ်ထွက်လာမယ့် Encanto ကတော့ Disney ရဲ့ (၆၀) ကားမြောက် Animation ပဲ ဖြစ်ပါတယ်။ ဒီ Animation ကတော့ နိုဝင်ဘာ (၂၄) ရက်နေ့မှာ စတင်ရုံတင်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာ (၂၄) ရက်နေ့မှာတော့ Disney+ ကနေ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ ကိုလံဘီယာလူမျိူး ဖြစ်တဲ့ Madrigal မိသားစုအကြောင်းကို ဖော်ပြသွားမှာပါ။ သူတို့မိသားစုဝင် တစ်ဦးချင်းဆီတိုင်းဟာ အရွယ်ရောက်လာတာနဲ့ ခွန်အားကြီးမားခြင်း၊ တိရိစာ္ဆန်တွေနဲ့ စကားပြောနိုင်ခြင်းတို့လို မတူညီတဲ့ စွမ်းအားတစ်မျိူး ရရှိလာကြပါတယ်။ ဒါပေမယ့်လည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ Mirabel ကတော့ အရွယ်ရောက်လာပေမယ့်လည်း ဘာစွမ်းအားမှ မရရှိလာပါဘူး။ တစ်ရက်မှာတော့ သူတို့မိသားစုဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပြီး မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် စွမ်းအားတွေ ပျောက်ဆုံးလာတဲ့အခါမှာတော့ Mirabel ဟာ သူမရဲ့ မိသားစုကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။

Disney ဟာ ဒီ Animation ရဲ့ ထွေလာအသစ်ကိုတော့ တွစ်တာစာမျက်နှာပေါ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပထမထွက်ထားတဲ့ ထွေလာထဲမှာတော့ သူတို့မိသားစုဝင်တိုင်းဟာ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး စွမ်းအားမရှိတဲ့ တစ်ဦးတည်းသောသူက Mirabel ဆိုတာလောက်ပဲ သိခဲ့ရပါတယ်။ ဒီထွေလာအသစ်ထဲမှာတော့ အပေါ်မှာ ဖော်ပြထားတဲ့ တစ်ခြားအချက်တွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

ဒီ Animation ကိုတော့ Zootopia နဲ့ Tangled တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Byron Howard က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Mirabel နေရာမှာတော့ Stephanie Beatriz က ပါဝင်လာမှာ ဖြစ်ပါတယ်။ တစ်ခြားအသံသရုပ်ဆောင်တွေကတော့ Diane Guerrero ၊ Wilmer Valderrama နဲ့ Rhenzy Feliz တို့ပဲ ဖြစ်ပါတယ်။ ဒီ Animation ကတော့ ပရိသတ်တွေ အကြိုက် ဖြစ်လာဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Disney ရဲ႕ အသစ္ထြက္ရွိလာမယ့္ Encanto ကေတာ့ ေထြလာအသစ္ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ Disney စတူဒီယိုရဲ႕ ပထမဆုံး Animation ဟာ ၁၉၃၇ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Snow White ျဖစ္ၿပီး အသစ္ထြက္လာမယ့္ Encanto ကေတာ့ Disney ရဲ႕ (၆၀) ကားေျမာက္ Animation ပဲ ျဖစ္ပါတယ္။ ဒီ Animation ကေတာ့ ႏိုဝင္ဘာ (၂၄) ရက္ေန႔မွာ စတင္႐ုံတင္သြားမွာ ျဖစ္ၿပီး ဒီဇင္ဘာ (၂၄) ရက္ေန႔မွာေတာ့ Disney+ ကေန စတင္ျပသသြားမွာ ျဖစ္ပါတယ္။

photo via screenrant

ဇာတ္လမ္းကေတာ့ ကိုလံဘီယာလူမ်ိဴး ျဖစ္တဲ့ Madrigal မိသားစုအေၾကာင္းကို ေဖာ္ျပသြားမွာပါ။ သူတို႔မိသားစုဝင္ တစ္ဦးခ်င္းဆီတိုင္းဟာ အ႐ြယ္ေရာက္လာတာနဲ႔ ခြန္အားႀကီးမားျခင္း၊ တိရိစာၦန္ေတြနဲ႔ စကားေျပာႏိုင္ျခင္းတို႔လို မတူညီတဲ့ စြမ္းအားတစ္မ်ိဴး ရရွိလာၾကပါတယ္။ ဒါေပမယ့္လည္း အဓိကဇာတ္ေကာင္ျဖစ္တဲ့ Mirabel ကေတာ့ အ႐ြယ္ေရာက္လာေပမယ့္လည္း ဘာစြမ္းအားမွ မရရွိလာပါဘူး။ တစ္ရက္မွာေတာ့ သူတို႔မိသားစုဟာ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရၿပီး မိသားစုဝင္ေတြ တစ္ေယာက္ၿပီး တစ္ေယာက္ စြမ္းအားေတြ ေပ်ာက္ဆုံးလာတဲ့အခါမွာေတာ့ Mirabel ဟာ သူမရဲ႕ မိသားစုကို ကာကြယ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

Disney ဟာ ဒီ Animation ရဲ႕ ေထြလာအသစ္ကိုေတာ့ တြစ္တာစာမ်က္ႏွာေပၚက ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ပထမထြက္ထားတဲ့ ေထြလာထဲမွာေတာ့ သူတို႔မိသားစုဝင္တိုင္းဟာ စြမ္းအားေတြကို ပိုင္ဆိုင္ထားၿပီး စြမ္းအားမရွိတဲ့ တစ္ဦးတည္းေသာသူက Mirabel ဆိုတာေလာက္ပဲ သိခဲ့ရပါတယ္။ ဒီေထြလာအသစ္ထဲမွာေတာ့ အေပၚမွာ ေဖာ္ျပထားတဲ့ တစ္ျခားအခ်က္ေတြကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီ Animation ကိုေတာ့ Zootopia နဲ႔ Tangled တို႔ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Byron Howard က ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ Mirabel ေနရာမွာေတာ့ Stephanie Beatriz က ပါဝင္လာမွာ ျဖစ္ပါတယ္။ တစ္ျခားအသံသ႐ုပ္ေဆာင္ေတြကေတာ့ Diane Guerrero ၊ Wilmer Valderrama နဲ႔ Rhenzy Feliz တို႔ပဲ ျဖစ္ပါတယ္။ ဒီ Animation ကေတာ့ ပရိသတ္ေတြ အႀကိဳက္ ျဖစ္လာဦးမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular