HomeCelebs Update NewsInternationalကိုယ်ဝန်နဲ့အသံသွင်းခဲ့တဲ့ ဇာတ်ဝင်သီချင်းတွေကို မှတ်မိနေတဲ့ Encanto သရုပ်ဆောင်ရဲ့ (၆)လသားအရွယ်ကလေး

ကိုယ်ဝန်နဲ့အသံသွင်းခဲ့တဲ့ ဇာတ်ဝင်သီချင်းတွေကို မှတ်မိနေတဲ့ Encanto သရုပ်ဆောင်ရဲ့ (၆)လသားအရွယ်ကလေး

Encanto animated ရုပ်ရှင်ထဲမှာ Mirabel နေရာက အသံသရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Stephanie Beatriz ရဲ့ ခြောက်လသားအရွယ် ကလေးငယ်ဟာ အမေ့ဗိုက်ထဲမှာ ရှိစဉ်တည်းက ကြားခဲ့ရတဲ့ သီချင်းသံတွေကို အလွယ်တကူ မှတ်မိနေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် Stephanie Beatriz ကတော့ နာမည်ကျော် sitcom ဇာတ်လမ်းတွဲ Brooklyn Nine-Nine ထဲက စုံထောက် Rosa Diaz အဖြစ်နဲ့လည်း လူသိများပြီး မကြာသေးခင်က ထွက်ရှိထားတဲ့ In The Heights ရုပ်ရှင်ထဲမှာလည်း Carla အဖြစ်နဲ့ သရုပ်ဆောင်ထားပါသေးတယ်။ Encanto ဇာတ်ကားထဲမှာတော့ သူမဟာ အဓိကဇာတ်ရုပ် ဖြစ်တဲ့ Mirabel အနေနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo Credit: Disney Studios

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ Stephanie Beatriz ဟာ သူမရဲ့ လသားအရွယ် ကလေးလေးက Encanto ထဲမှာ သူမ သီဆိုခဲ့တဲ့ သီချင်းတွေကို အလွယ်တကူ မှတ်မိနေတဲ့အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ Stephanie ဟာ Encanto ဇာတ်ကားကို အသံသရုပ်ဆောင်တုန်းက ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပြီး ဇာတ်ဝင်သီချင်းတွေကို သီဆို အသံသွင်းစဉ်ကလည်း ကိုယ်ဝန်တစ်ဖက်နဲ့ သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ မွေးဖွားခဲ့တဲ့ သူမရဲ့ သမီးလေး Rosaline ဟာ အမေ့ဗိုက်ထဲမှာတည်းက ကြားခဲ့ရတဲ့ သီချင်းသံစဉ်တွေကို အလွယ်တကူ မှတ်မိနေတာ ဖြစ်နိုင်ပါတယ်။

“ကျွန်မ ဇာတ်ဝင်သီချင်းတွေကို အသံသွင်းခဲ့တုန်းက သူ့ကိုယ်ဝန်ကြီးနဲ့ဆိုတော့ သူက ဒီသီချင်းတွေကို တခြားဘယ်သူမှ မကြားခင်တည်းက အရင်ဆုံး ကြားခဲ့ရတဲ့သူပေါ့။ လသားအရွယ် ကလေးတစ်ယောက်အနေနဲ့ သူ ဒီသီချင်းတွေကို ခဏလေးနဲ့ ချက်ချင်း မှတ်မိတာကလေ လန့်ဖို့တောင်ကောင်းတယ်။ တခါတလေကျရင် ကျွန်မအမျိုးသား Brad က သူ့သမီးကို အဲဒီသီချင်းလေးတွေ ဖွင့်ပြတယ်။ တခါတလေကျတော့လည်း ကျွန်မကိုယ်တိုင် သူ့ကို ဆိုပြတယ်။ အဲဒီအခါကျရင် သူ ဒီသီချင်းတွေကို တကယ် မှတ်မိနေတာ အရမ်းသိသာတယ်။ ပြီးတော့ သူက သီချင်းလည်း ကြိုက်တယ်လေ … ” လို့ ပြောပြထားပါတယ်။

Photo Credit: Disney Studios

Encanto ထဲက ဇာတ်ဝင်သီချင်းတွေကို နှစ်သက်သူဟာ Stephanie ရဲ့ သမီးလေး Rosaline တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေဟာ နိုင်ငံတကာပရိသတ်တွေကြားထဲမှာလည်း စံချိန်တွေချိုးတဲ့အထိ အောင်မြင်ကျော်ကြားနေပြီး ဆိုရှယ်မီဒီယာတွေမှာတော့ ဒီသီချင်းတွေနဲ့ ဗွီဒီယိုဖန်တီးမှုတွေပါ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

We Don’t Talk About Bruno ဆိုရင်လည်း Billboard Hot 100 မှာ နံပါတ်(၁)ချိတ်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Aladdin animated ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်း A Whole New World ပြီးတဲ့နောက် Billboard မှာ နံပါတ်(၁)ချိတ်နိုင်ခဲ့တဲ့ ပထမဆုံး Disney ဇာတ်ဝင်သီချင်းလည်း ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular