HomeEntertainmentFilmAvengers Endgame နဲ့ ဇာတ်လမ်းပိုင်း ဆက်စပ်သွားမယ့် Eternals 

Avengers Endgame နဲ့ ဇာတ်လမ်းပိုင်း ဆက်စပ်သွားမယ့် Eternals 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel စတူဒီယို‌က ထုတ်လုပ်သွားမယ့် The Eternals ရုပ်ရှင်ဇာတ်ကားဟာ အရှေ့ကပြီးသွားတဲ့ Avengers: Endgame နဲ့ ဇာတ်လမ်းပိုင်းမှာ ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။

The Eternals ရုပ်ရှင်ဟာ Marvel က ထုတ်လုပ်သွားမယ့် စူပါဟီးရိုးရုပ်ရှင်ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာနဲ့ ဖွဲ့စည်းပါဝင်ထားပါတယ်။ အဓိကပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ အင်ဂျလီနာဂျိုလီ၊ ဆယ်လ်မာ ဟာယက်ခ်၊ ကူမေးလ် နန်ဂျာနီ၊ Crazy Rich Asians ထဲက ဂျမ်မာချန်၊ ဘယ်ရီ ကီယိုဂန်၊ နာမည်ကျော် ကိုရီးယားမင်းသား မာဒေါင်ဆော့တို့အပြင် Game of Thrones စီးရီးထဲက စတာ့ခ်အိမ်တော်ရဲ့ နာမည်ကြီးဇာတ်လိုက်တွေဖြစ်တဲ့ ဂျွန်စနိုးအဖြစ် သရုပ်ဆောင်ထားတဲ့ ကစ်တ် ဟယ်ရင်တန်နဲ့ ရော့ဘ်စတာ့ခ်အဖြစ် သရုပ်ဆောင်ထားတဲ့ ရစ်ချတ် မေဒန်တို့ပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo Credit: screen rant

Marvel က ထုတ်ပြန်ထားတဲ့ ဇာတ်လမ်းအကျဉ်းချုပ် ဖော်ပြချက်အရ The Eternals တွေဟာ MCU ထဲမှာ ပါဝင်လာမယ့် စူပါဟီးရိုးအဖွဲ့အသစ် ဖြစ်ပါတယ်။ Eternals တွေဟာ ကမ္ဘာမြေပေါ်မှာ နှစ်ထောင်ပေါင်းများစွာ လျှို့ဝှက်နေထိုင်လာကြတဲ့ ရှေးဟောင်းဂြိုဟ်သားမျိုးနွယ်တွေ ဖြစ်ပါတယ်။ Avengers: Endgame ဖြစ်ရပ်အပြီးမှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတစ်ခုက အရိပ်ထဲမှာ လျှို့ဝှက်ခိုအောင်းနေထိုင်နေကြတဲ့ Eternals တွေကို ပေါ်ပေါ်ထင်ထင် လူရှေ့ထွက်ပြလာဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ကမ္ဘာပေါ်က လူသားမျိုးနွယ်တွေရဲ့ ရှေးအကျဆုံးသော ရန်သူကြီးဖြစ်တဲ့ Deviants တွေရဲ့ ရန်ကနေ ကာကွယ်တိုက်ခိုက်ပေးဖို့ Eternals တွေဟာ အချင်းချင်း စုပေါင်းပြီး ကြိုးစားကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအကူးအပြောင်းတွေနဲ့ Marvel ရဲ့ဟီးရိုးအဖွဲ့အသစ်ကို စတင်ခံစားကြည့်ရှုရမယ့် ဒီ Eternals ရုပ်ရှင်ကိုတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel စတူဒီယို‌က ထုတ္လုပ္သြားမယ့္ The Eternals ႐ုပ္ရွင္ဇာတ္ကားဟာ အေရွ႕ကၿပီးသြားတဲ့ Avengers: Endgame နဲ႔ ဇာတ္လမ္းပိုင္းမွာ ခ်ိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

The Eternals ႐ုပ္ရွင္ဟာ Marvel က ထုတ္လုပ္သြားမယ့္ စူပါဟီး႐ိုး႐ုပ္ရွင္ျဖစ္ၿပီး နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားစြာနဲ႔ ဖြဲ႕စည္းပါဝင္ထားပါတယ္။ အဓိကပါဝင္သ႐ုပ္ေဆာင္မယ့္သူေတြကေတာ့ အင္ဂ်လီနာဂ်ိဳလီ၊ ဆယ္လ္မာ ဟာယက္ခ္၊ ကူေမးလ္ နန္ဂ်ာနီ၊ Crazy Rich Asians ထဲက ဂ်မ္မာခ်န္၊ ဘယ္ရီ ကီယိုဂန္၊ နာမည္ေက်ာ္ ကိုရီးယားမင္းသား မာေဒါင္ေဆာ့တို႔အျပင္ Game of Thrones စီးရီးထဲက စတာ့ခ္အိမ္ေတာ္ရဲ႕ နာမည္ႀကီးဇာတ္လိုက္ေတြျဖစ္တဲ့ ဂြၽန္စႏိုးအျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ကစ္တ္ ဟယ္ရင္တန္နဲ႔ ေရာ့ဘ္စတာ့ခ္အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ ရစ္ခ်တ္ ေမဒန္တို႔ပါ ပါဝင္သြားမွာ ျဖစ္ပါတယ္။

Photo Credit: screen rant

Marvel က ထုတ္ျပန္ထားတဲ့ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ ေဖာ္ျပခ်က္အရ The Eternals ေတြဟာ MCU ထဲမွာ ပါဝင္လာမယ့္ စူပါဟီး႐ိုးအဖြဲ႕အသစ္ ျဖစ္ပါတယ္။ Eternals ေတြဟာ ကမာၻေျမေပၚမွာ ႏွစ္ေထာင္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ေနထိုင္လာၾကတဲ့ ေရွးေဟာင္းၿဂိဳဟ္သားမ်ိဳးႏြယ္ေတြ ျဖစ္ပါတယ္။ Avengers: Endgame ျဖစ္ရပ္အၿပီးမွာေတာ့ မေမွ်ာ္လင့္ထားတဲ့ အျဖစ္ဆိုးတစ္ခုက အရိပ္ထဲမွာ လွ်ိဳ႕ဝွက္ခိုေအာင္းေနထိုင္ေနၾကတဲ့ Eternals ေတြကို ေပၚေပၚထင္ထင္ လူေရွ႕ထြက္ျပလာဖို႔ ျဖစ္လာခဲ့ပါေတာ့တယ္။ ကမာၻေပၚက လူသားမ်ိဳးႏြယ္ေတြရဲ႕ ေရွးအက်ဆုံးေသာ ရန္သူႀကီးျဖစ္တဲ့ Deviants ေတြရဲ႕ ရန္ကေန ကာကြယ္တိုက္ခိုက္ေပးဖို႔ Eternals ေတြဟာ အခ်င္းခ်င္း စုေပါင္းၿပီး ႀကိဳးစားၾကတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းအကူးအေျပာင္းေတြနဲ႔ Marvel ရဲ႕ဟီး႐ိုးအဖြဲ႕အသစ္ကို စတင္ခံစားၾကည့္ရႈရမယ့္ ဒီ Eternals ႐ုပ္ရွင္ကိုေတာ့ ၂၀၂၀ခုႏွစ္ ႏိုဝင္ဘာလ(၆)ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular