HomeEntertainmentFilmEndgame ဟာ နောက်ဆုံး Avengers ရုပ်ရှင်ပါပဲလို့ ပြောလာတဲ့ Kevin Feige

Endgame ဟာ နောက်ဆုံး Avengers ရုပ်ရှင်ပါပဲလို့ ပြောလာတဲ့ Kevin Feige

Joe နဲ့ Anthony Russo တို့ ရိုက်ကူးထားတဲ့ Avengers: Endgame ဟာ နောက်ဆုံး Avengers ရုပ်ရှင်ပါပဲလို့ Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige က ပြောလိုက်ပါတယ်။

Avengers: Endgame ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Infinity Saga ရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Box-office မှာ ဝင်ငွေ ဒေါ်လာနှစ်ဘီလျံကျော် ရရှိခဲ့ပြီး Box-office ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်းရဲ့ နံပါတ်(၂)နေရာမှာ ရပ်တည်ကာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပါတယ်။

photo via screenrant

MCU ကို စတင်ခဲ့တဲ့ Iron Man ဟာလည်း Avengers: Endgame ထဲမှာ သေဆုံးသွားခဲ့ပြီး ပရိသတ်တွေအတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Infinity War နဲ့ Endgame နှစ်ကား ထွက်လာပြီးနောက်မှာတော့ MCU ဟာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအောင်မြင်လာခဲ့တယ်ဆိုတာ လူတိုင်းအသိပဲ ဖြစ်ပါတယ်။ ယခင်စူပါဟီးရိုးဇာတ်ကားတွေ မနှစ်သက်သူတွေတောင် ဒီရုပ်ရှင်နှစ်ကားကြောင့် MCU ပရိသတ် ဖြစ်လာတာတွေလည်း ရှိပါတယ်။

Kevin Feige ကတော့ Endgame ဟာ နောက်ဆုံး Avengers ရုပ်ရှင် ဖြစ်တဲ့အကြောင်း Comic Book Website နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အောက်ပါအတိုင်းပဲ ပြောပြသွားပါတယ်။

“Marvel စတူဒီယိုနဲ့ Marvel Cinematic Universe တို့က ဆယ်နှစ်ကျော်လာပြီး နောက်ဆုံး Avengers ရုပ်ရှင်ကိုလည်း ထုတ်ပေးခဲ့ပြီးပါပြီ။ နောက်ဆုံးတော့ ရုပ်ရှင် (၂၂) ကားနဲ့ Infinity Saga ကို အဆုံးသတ်နိုင်ခဲ့ပါပြီ … “

photo via screenrant

Avengers: Endgame ထွက်ရှိပြီးနောက်မှာတော့ နောက်ထပ် Avengers ရုပ်ရှင် ထွက်ရှိလာဖို့ အချိန်တွေ ကြာဦးမယ်ဆိုတာ ပရိသတ်တွေက သိထားကြပါတယ်။ ဒါပေမယ့်လည်း ယခု Kevin Feige ရဲ့ ပြောစကားအရ နောက်ထပ် Avengers ရုပ်ရှင်တွေကို ထပ်ပြီး မြင်တွေ့ရဖို့ဆိုတာ မသေချာတော့ပါဘူး။ အကယ်၍ တကယ်ပဲ နောက်ထပ် Avengers ရုပ်ရှင်တွေ ထပ်မထွက်တော့ဘူး ဆိုရင်တော့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular