HomeEntertainmentFilmနာမည်ကျော်တွေကို တစုတဝေးတည်း ကြည့်ရှုရမယ့် Enola Holmes ရုပ်ရှင်ဇာတ်ကား 

နာမည်ကျော်တွေကို တစုတဝေးတည်း ကြည့်ရှုရမယ့် Enola Holmes ရုပ်ရှင်ဇာတ်ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix မှာ မျှော်လင့်တကြီး စောင့်စားနေရတဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေထဲမှာ Enola Holmes ဇာတ်ကားလည်း အပါအဝင် ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Nancy Springer ရဲ့ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ကာ Sherlock Holmes ရဲ့ဇာတ်လမ်းတွေနဲ့ မတူညီဘဲ Sherlock ရဲ့ညီမ Enola Holmes အကြောင်းကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင် Enola Holmes ရဲ့နေရာမှာ Stranger Things စီးရီးထဲက မင်းသမီးလေး Millie Bobby Brown က သရုပ်ဆောင်ထားပါတယ်။ Enola ရဲ့ အစ်ကိုနှစ်ယောက်ဖြစ်တဲ့ Sherlock နဲ့ Mycroft တို့နေရာမှာတော့ ဗြိတိန်မင်းသားချောတွေဖြစ်တဲ့ Henry Cavill နဲ့ Sam Claflin တို့က အသီးသီး သရုပ်ဆောင်ထားပါတယ်။ သူတို့မောင်နှမသုံးယောက်ရဲ့ အမေ Mrs. Holmes နေရာမှာတော့ ဝါရင့်မင်းသမီးကြီး Helena Bonham Carter က သရုပ်ဆောင်ထားပါတယ်။ ဇာတ်ပို့နေရာမှာ သရုပ်ဆောင်ထားသူတွေကတော့ Adeel Akhtar နဲ့ Susan Wokoma တို့အပြင် အခြားသူများစွာ ပါဝင်ထားပါတယ်။

©Netflix

Netflix က ထုတ်လွှင့်လိုက်တဲ့ ထွေလာအရဆိုရင်တော့ ဒီဇာတ်ကားဟာ ဟာသနဲ့ အက်ရှင်ကို အချိုးကျကျ ရောစပ်ထားပြီး ရုတ်တရက် ပျောက်ဆုံးသွားတဲ့ မိခင်ကို တစ်ယောက်တည်း ရှာဖွေမယ့် အာဂ ဆယ်ကျော်သက် ကောင်မလေးအဖြစ် အံဝင်ခွင်ကျ သရုပ်ဆောင်ထားတဲ့ Millie ရဲ့ သရုပ်ဆောင်မှုတွေကို ခံစားနိုင်ပါလိမ့်မယ်။

မင်းသား Henry Cavill ကတော့ နာမည်ကျော် ပါရမီရှင် စုံထောက်ကြီး Sherlock Holmes အဖြစ် ခန့်ငြားချောမောစွာ သရုပ်ဆောင်ထားပြီး Sam Claflin ကတော့ Mycroft ရဲ့ဇာတ်ရုပ်ပီပီ အတည်အခန့် သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ Mrs. Carter နေရာမှာ သရုပ်ဆောင်ထားတဲ့ Helena ကတော့ လွပ်လပ်ပေါ့ပါးစွာ နေတတ်ပြီး စွန့်စားခန်းတွေကို နှစ်သက်တဲ့ မိခင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

©Netflix

ဒီဇာတ်ကားဟာ ပထမဆုံး teaser ထွက်ရှိပြီးချိန်မှာ မူရင်း Sherlock Holmes ဇာတ်လမ်းပိုင်ရှင် Sir Arthur Conan Doyle ရဲ့မိသားစုက တရားစွဲခြင်းကိုလည်း ခံထားရပါသေးတယ်။ အကြောင်းကတော့ Sherlock Holmes ကို တရားလွန် ခန့်ငြားချောမောပြီး သဘောကောင်းတဲ့ပုံစံ ပုံဖော်ထားလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြစ်ပါတယ်။

Netflix ဟာ ယခုနှစ်ထဲမှာ လူကြီးပရိသတ်ကို အဓိကထားတဲ့ The Old Guard ၊ Extraction တို့လို အက်ရှင်အကြမ်းစား ရုပ်ရှင်တွေကို ဦးစားပေး ထုတ်လွှင့်ပြီးနောက်မှာတော့ မိသားစုအတူတကွ ကြည့်လို့ရမယ့် Enola Holmes ဇာတ်ကားမျိုးကို ပြန်လည်ခြေဦးလှည့်လာပြီ ဖြစ်ပါတယ်။

Nancy Springer ရဲ့ဇာတ်လမ်းကို ဒါရိုက်တာ Harry Bradbeer ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကိုတော့ စက်တင်ဘာလ(၂၃)ရက်နေ့က စတင်ပြီး Netflix မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Glasgow
(Zawgyi Version)

Netflix မွာ ေမွ်ာ္လင့္တႀကီး ေစာင့္စားေနရတဲ့ ႐ုပ္ရွင္ဇာတ္ကားအသစ္ေတြထဲမွာ Enola Holmes ဇာတ္ကားလည္း အပါအဝင္ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ Nancy Springer ရဲ႕ဝတၳဳကို အေျခခံၿပီး ႐ိုက္ကူးထားတာျဖစ္ကာ Sherlock Holmes ရဲ႕ဇာတ္လမ္းေတြနဲ႔ မတူညီဘဲ Sherlock ရဲ႕ညီမ Enola Holmes အေၾကာင္းကို အဓိကထား ျပသသြားမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ အဓိကဇာတ္ေကာင္ Enola Holmes ရဲ႕ေနရာမွာ Stranger Things စီးရီးထဲက မင္းသမီးေလး Millie Bobby Brown က သ႐ုပ္ေဆာင္ထားပါတယ္။ Enola ရဲ႕ အစ္ကိုႏွစ္ေယာက္ျဖစ္တဲ့ Sherlock နဲ႔ Mycroft တို႔ေနရာမွာေတာ့ ၿဗိတိန္မင္းသားေခ်ာေတြျဖစ္တဲ့ Henry Cavill နဲ႔ Sam Claflin တို႔က အသီးသီး သ႐ုပ္ေဆာင္ထားပါတယ္။ သူတို႔ေမာင္ႏွမသုံးေယာက္ရဲ႕ အေမ Mrs. Holmes ေနရာမွာေတာ့ ဝါရင့္မင္းသမီးႀကီး Helena Bonham Carter က သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္ပို႔ေနရာမွာ သ႐ုပ္ေဆာင္ထားသူေတြကေတာ့ Adeel Akhtar နဲ႔ Susan Wokoma တို႔အျပင္ အျခားသူမ်ားစြာ ပါဝင္ထားပါတယ္။

©Netflix

Netflix က ထုတ္လႊင့္လိုက္တဲ့ ေထြလာအရဆိုရင္ေတာ့ ဒီဇာတ္ကားဟာ ဟာသနဲ႔ အက္ရွင္ကို အခ်ိဳးက်က် ေရာစပ္ထားၿပီး ႐ုတ္တရက္ ေပ်ာက္ဆုံးသြားတဲ့ မိခင္ကို တစ္ေယာက္တည္း ရွာေဖြမယ့္ အာဂ ဆယ္ေက်ာ္သက္ ေကာင္မေလးအျဖစ္ အံဝင္ခြင္က် သ႐ုပ္ေဆာင္ထားတဲ့ Millie ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ခံစားႏိုင္ပါလိမ့္မယ္။

မင္းသား Henry Cavill ကေတာ့ နာမည္ေက်ာ္ ပါရမီရွင္ စုံေထာက္ႀကီး Sherlock Holmes အျဖစ္ ခန႔္ျငားေခ်ာေမာစြာ သ႐ုပ္ေဆာင္ထားၿပီး Sam Claflin ကေတာ့ Mycroft ရဲ႕ဇာတ္႐ုပ္ပီပီ အတည္အခန႔္ သ႐ုပ္ေဆာင္ထားတာ ေတြ႕ရမွာပါ။ Mrs. Carter ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Helena ကေတာ့ လြပ္လပ္ေပါ့ပါးစြာ ေနတတ္ၿပီး စြန႔္စားခန္းေတြကို ႏွစ္သက္တဲ့ မိခင္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

©Netflix

ဒီဇာတ္ကားဟာ ပထမဆုံး teaser ထြက္ရွိၿပီးခ်ိန္မွာ မူရင္း Sherlock Holmes ဇာတ္လမ္းပိုင္ရွင္ Sir Arthur Conan Doyle ရဲ႕မိသားစုက တရားစြဲျခင္းကိုလည္း ခံထားရပါေသးတယ္။ အေၾကာင္းကေတာ့ Sherlock Holmes ကို တရားလြန္ ခန႔္ျငားေခ်ာေမာၿပီး သေဘာေကာင္းတဲ့ပုံစံ ပုံေဖာ္ထားလို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျဖစ္ပါတယ္။

Netflix ဟာ ယခုႏွစ္ထဲမွာ လူႀကီးပရိသတ္ကို အဓိကထားတဲ့ The Old Guard ၊ Extraction တို႔လို အက္ရွင္အၾကမ္းစား ႐ုပ္ရွင္ေတြကို ဦးစားေပး ထုတ္လႊင့္ၿပီးေနာက္မွာေတာ့ မိသားစုအတူတကြ ၾကည့္လို႔ရမယ့္ Enola Holmes ဇာတ္ကားမ်ိဳးကို ျပန္လည္ေျခဦးလွည့္လာၿပီ ျဖစ္ပါတယ္။

Nancy Springer ရဲ႕ဇာတ္လမ္းကို ဒါ႐ိုက္တာ Harry Bradbeer ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားကိုေတာ့ စက္တင္ဘာလ(၂၃)ရက္ေန႔က စတင္ၿပီး Netflix မွာ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular