HomeEntertainmentFilm(၂၄)နာရီအတွင်းမှာတင် ကြည့်ရှုသူ (၇၇)သန်းကျော်သွားတဲ့ Eternals ထွေလာ

(၂၄)နာရီအတွင်းမှာတင် ကြည့်ရှုသူ (၇၇)သန်းကျော်သွားတဲ့ Eternals ထွေလာ

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Marvel ကနေ အသစ်ထွက်ရှိလာမယ့် Eternals ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာဟာ ထွက်ရှိပြီး (၂၄)နာရီအတွင်းမှာပဲ  ကြည့်ရှုသူပေါင်း (၇၇)သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့်ပဲ ကိုဗစ်ဖြစ်နေတဲ့ ကာလအတွင်း ထွက်ရှိခဲ့တဲ့ MCU ထွေလာတွေထဲမှာ လူကြည့်အများဆုံး ထွေလာ ဖြစ်သွားပါတယ်။ ဒီထွေလာထဲမှာတော့ စိတ်ဝင်စားစရာ အချက်တွေများစွာ ပါဝင်ခဲ့ပြီး မဖတ်ကြည့်ရသေးရင် ကျွန်တော်တို့ page ထဲမှာ ဝင်ဖတ်ကြည့်လို့ ရပါတယ်။

photo via screenrant

Eternals ရုပ်ရှင်ကိုတော့ အော်စကာဆုရှင်ဖြစ်တဲ့ Chloe Zhao က ဇာတ်ညွှန်းရေးပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေကလည်း Angelina Jolie ၊ Kit Harington ၊ Richard Madden ၊ Gemma Chan ၊ Kumail Nanjiani ၊ Brian Tyree Henry ၊ Ma Dong-seok တို့အပါအဝင် တခြားသရုပ်ဆောင်တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ဒီရုပ်ရှင်ကတော့ နိုဝင်ဘာလ (၅)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Eternals ရဲ့ ပထမဆုံး ထွေလာဟာ မေလ (၂၄)ရက်နေ့က ထွက်ရှိခဲ့ပြီး ခဏချင်းမှာပဲ ဒီထွေလာဟာ YouTube ရဲ့ ရေပန်းအစားဆုံး ဗီဒီယိုထဲမှာ ပါဝင်သွားခဲ့ပါတယ်။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဒီထွေလာဟာ Marvel ရဲ့ YouTube channel အပါအဝင် တခြားတရားဝင် channel တွေမှာ ရရှိထားတဲ့ view တွေကို ပေါင်းလိုက်မယ်ဆိုရင် (၂၄)နာရီအတွင်းမှာတင် ကြည့်ရှုသူ (၇၇)သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Eternals ရဲ့ ထွေလာ မထွက်ခင်တုန်းကတော့ Cruella ရုပ်ရှင်ရဲ့ ထွေလာဟာ ကြည့်ရှုသူ (၇၁)သန်းကျော် ရရှိပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ (၂)မိနစ်ကျော်လေးသာ ကြာမြင့်တဲ့ ဒီထွေလာဟာ ပရိသတ်ပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဒီရုပ်ရှင်ကိုတော့ ဒီနှစ်အတွင်းမှာပဲ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel ကေန အသစ္ထြက္ရွိလာမယ့္ Eternals ႐ုပ္ရွင္ရဲ႕ ပထမဆုံးေထြလာဟာ ထြက္ရွိၿပီး (၂၄)နာရီအတြင္းမွာပဲ  ၾကည့္ရႈသူေပါင္း (၇၇)သန္းေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ပဲ ကိုဗစ္ျဖစ္ေနတဲ့ ကာလအတြင္း ထြက္ရွိခဲ့တဲ့ MCU ေထြလာေတြထဲမွာ လူၾကည့္အမ်ားဆုံး ေထြလာ ျဖစ္သြားပါတယ္။ ဒီေထြလာထဲမွာေတာ့ စိတ္ဝင္စားစရာ အခ်က္ေတြမ်ားစြာ ပါဝင္ခဲ့ၿပီး မဖတ္ၾကည့္ရေသးရင္ ကြၽန္ေတာ္တို႔ page ထဲမွာ ဝင္ဖတ္ၾကည့္လို႔ ရပါတယ္။

photo via screenrant

Eternals ႐ုပ္ရွင္ကိုေတာ့ ေအာ္စကာဆုရွင္ျဖစ္တဲ့ Chloe Zhao က ဇာတ္ၫႊန္းေရးၿပီး ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကလည္း Angelina Jolie ၊ Kit Harington ၊ Richard Madden ၊ Gemma Chan ၊ Kumail Nanjiani ၊ Brian Tyree Henry ၊ Ma Dong-seok တို႔အပါအဝင္ တျခားသ႐ုပ္ေဆာင္ေတြလည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ပရိသတ္ေတြ စိတ္ဝင္စားေနၾကတဲ့ ဒီ႐ုပ္ရွင္ကေတာ့ ႏိုဝင္ဘာလ (၅)ရက္ေန႔မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။

Eternals ရဲ႕ ပထမဆုံး ေထြလာဟာ ေမလ (၂၄)ရက္ေန႔က ထြက္ရွိခဲ့ၿပီး ခဏခ်င္းမွာပဲ ဒီေထြလာဟာ YouTube ရဲ႕ ေရပန္းအစားဆုံး ဗီဒီယိုထဲမွာ ပါဝင္သြားခဲ့ပါတယ္။ Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ဒီေထြလာဟာ Marvel ရဲ႕ YouTube channel အပါအဝင္ တျခားတရားဝင္ channel ေတြမွာ ရရွိထားတဲ့ view ေတြကို ေပါင္းလိုက္မယ္ဆိုရင္ (၂၄)နာရီအတြင္းမွာတင္ ၾကည့္ရႈသူ (၇၇)သန္းေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

photo via screenrant

Eternals ရဲ႕ ေထြလာ မထြက္ခင္တုန္းကေတာ့ Cruella ႐ုပ္ရွင္ရဲ႕ ေထြလာဟာ ၾကည့္ရႈသူ (၇၁)သန္းေက်ာ္ ရရွိၿပီး ထိပ္ဆုံးမွာ ရပ္တည္ခဲ့ပါတယ္။ (၂)မိနစ္ေက်ာ္ေလးသာ ၾကာျမင့္တဲ့ ဒီေထြလာဟာ ပရိသတ္ေပါင္းမ်ားစြာရဲ႕ စိတ္ဝင္စားမႈကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ ဒီႏွစ္အတြင္းမွာပဲ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular