HomeEntertainmentFilmEternals ရုပ်ရှင်ထဲမှာ မပါဝင်ဖြစ်လိုက်တဲ့ Deleted Scene

Eternals ရုပ်ရှင်ထဲမှာ မပါဝင်ဖြစ်လိုက်တဲ့ Deleted Scene

ရုပ်ရှင်တွေတိုင်းဟာ ရိုက်ကူးရေးတုန်းက ရိုက်ကူးခဲ့သမျှ ဇာတ်ဝင်ခန်းတွေအားလုံးကို ထည့်သွင်းလေ့မရှိဘဲ တချို့ဇာတ်ဝင်ခန်းတွေကိုတော့ ဖျက်ချခဲ့လေ့ ရှိပါတယ်။

ဒါကြောင့်ပဲ မကြာသေးခင်က ထွက်ရှိထားတဲ့ Eternals ရုပ်ရှင်ထဲမှာလည်း မပါဝင်ဖြစ်လိုက်တဲ့ Deleted Scene အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Kit Harrington ပါဝင်သရုပ်ဆောင်ထားတဲ့ Dane Whitman နဲ့ Lia McHugh ပါဝင်သရုပ်ဆောင်ထားတဲ့ Sprite တို့ နှစ်ယောက်ကို မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ အော်စကာ နှစ်ဆု ရရှိထားတဲ့ ဒါရိုက်တာ Chole Zhao က ရိုက်ကူးထားတာ ဖြစ်ပြီး Richard Madden ၊ Gemma Chan ၊ Angelina Jolie ၊ Barry Keoghan တို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကလည်း တခြားရုပ်ရှင်တွေလိုပဲ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလကျမှ ရုံတင်နိုင်ခဲ့ပြီး Box Office မှာတော့ ဝင်ငွေ ဒေါ်လာ သန်းသုံးရာကျော်ပဲ ရရှိခဲ့ပါတယ်။

Photo via IMDb

မကြာသေးခင်ကပဲ IGN YouTube Channel ဟာ ဒီရုပ်ရှင်ရဲ့ Official Deleted Scene ကို တင်ပေးထားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ Sprite ဟာ Eternal တွေရဲ့အကြောင်းနဲ့ ပြတိုက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေက သူတို့နဲ့ ဘယ်လိုပတ်သက်နေကြောင်း Dane Whitman ကို ရှင်းပြနေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ MCU ရဲ့ Rotten Tomatoes rating အနည်းဆုံးရုပ်ရှင် ဖြစ်နေပေမယ့်လည်း MCU Phase 4 ရဲ့ အနာဂတ်အတွက်တော့ အလွန်အရေးပါတဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Eternal တွေကို စတင်မိတ်ဆက်ပေးခဲ့ပြီး Celestial တွေလည်း ပါဝင်နေသလို Thanos ရဲ့ ညီဖြစ်တဲ့ Eros လည်း ပါဝင်နေပါသေးတယ်။

ဒါတင်မကသေးဘဲ Dane Whitman ကိုလည်း Black Knight ဖြစ်လာဖို့ Set up ပြုလုပ်သွားပါသေးတယ်။ Credit Scene ထဲမှာ Dane Whitman ကို စကားလှမ်းပြောခဲ့တဲ့ အသံပိုင်ရှင်ကတော့ Blade နေရာမှာ သရုပ်ဆောင်သွားမယ့် Mahershala Ali ရဲ့ အသံပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular