HomeEntertainmentFilmEternals ဒုတိယထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Eternals ဒုတိယထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Eternals ရုပ်ရှင်ကတော့ အောက်တိုဘာလ (၂၈)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ရုံတင်ရက်ကလည်း တဖြည်းဖြည်း နီးကပ်လာတာကြောင့် Marvel စတူဒီယိုဟာ မကြာသေးခင်ကပဲ ဒုတိယမြောက်ထွေလာကို ထပ်မံထုတ်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကလည်း MCU Phase 4 ရဲ့ အဓိကကျတဲ့ ရုပ်ရှင်တစ်ခု ဖြစ်လာမှာ ဖြစ်ပြီး ဇာတ်ကောင်သစ်တွေများစွာကိုလည်း မြင်တွေ့ရမှာပါ။ ဒုတိယမြောက်ထွေလာရဲ့ breakdown ကိုတော့ အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) ကွင်းပြင်ကျယ်ကြီးထဲက အိမ်ကလေး
photo via screenrant

ဒီထွေလာရဲ့ အစမှာတော့ Salma Hayek သရုပ်ဆောင်ထားတဲ့ Ajak က မြင်းစီးလာတာကို မြင်တွေ့ရပြီး ကွင်းပြင်ကျယ်ကြီးထဲက အိမ်ကလေးတစ်လုံးဆီကို လာရောက်ခဲ့ပါတယ်။ အဲ့ဒီအိမ်မှာတော့ သူမဟာ Richard Madden သရုပ်ဆောင်ထားတဲ့ Ikaris နဲ့ တွေ့ဆုံခဲ့ပြီး မကြာခင်မှာ ဖြစ်ပေါ်လာတော့မယ့် အန္တရာယ်အကြောင်းကို လာရောက်ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအန္တရာယ်ကို တားဆီးဖို့အတွက် Ajak ဟာ Eternals တွေကို စုစည်းဖို့ ပြောခဲ့ပြီး ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီအိမ်ကလေးကနေ စတင်သွားမှာပဲ ဖြစ်ပါတယ်။

(2) ကျရောက်လာမယ့် အန္တရာယ်
photo via screenrant

Ajak ဟာ Avengers တွေ Thanos ကို တားဆီးနိုင်ခဲ့တာကို အသိအမှတ်ပြုပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ သက်ရှိတစ်ဝက်ကို ပြန်ခေါ်ခဲ့တဲ့ Snap ရဲ့ ဘေးထွက်ဆိုးကျိူးကိုလည်း ပြောပြခဲ့ပါတယ်။ အဲ့ဒီ Snap ဟာ အန္တရာယ်ဖြစ်လာဖို့ လိုအပ်တဲ့စွမ်းအင်ကို ထောက်ပံ့ပေးသလို ဖြစ်သွားတယ်လို့ ပြောခဲ့ပြီး အဲ့ဒီအန္တရာယ်က ဘာလည်းဆိုတာကိုတော့ တိတိကျကျ မပြောပြခဲ့ပါဘူး။

ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီအိုရီတွေအရဆိုရင်တော့ Deviant တွေရဲ့ ကျူးကျော်မှု၊ Celestial တွေရဲ့ အန္တရာယ်နဲ့ မတူညီတဲ့ Marvel Universe တွေအချင်းချင်း ပေါင်းစည်းမှုတို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် အဲ့ဒီအန္တရာယ်ကို တားဆီးဖို့ အချိန်ခုနှစ်ရက်ပဲ ရတယ်လို့လည်း ပြောသွားပါသေးတယ်။

(3) ကမ္ဘာပျက်ကိန်း
photo via screenrant

အဲ့ဒီနောက်မှာတော့ ကမ္ဘာမြေကြီးကို ရေတွေဖုံးလွှမ်းသွားတာကို ပြသသွားတာပြီး ဒီအဖြစ်အပျက်ဟာ MCU ရဲ့ လက်ရှိကာလလား၊ အတိတ်ကာလလား ဆိုတာကို‌တော့ သေချာမသိရသေးပါဘူး။ ပရိသတ်အချို့ကတော့ ဒီဇာတ်ဝင်ခန်းဟာ Marvel ကောမစ်ထဲက Atlantis မြို့ကြီး ကျဆုံးသွားပုံကို ပြသသွားတာလို့ ယုံကြည်နေကြပြီး Black Panther: Wakanda Forever ထဲမှာ Namor ပါဝင်လာဖို့ Set Up လုပ်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။

(4) Celestial တွေနဲ့ ဆက်သွယ်ခြင်း
photo via screenrant

ဒီဇာတ်ဝင်ခန်းကတော့ Eternal တွေရဲ့ ယာဉ်ပျံပေါ်မှာ ဖြစ်ပျက်တာပဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူတို့ဟာ Celestial လို့ ယူဆရတဲ့ ရုပ်တုကြီးနဲ့ ဆက်သွယ်နေတာကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ ကျရောက်လာမယ့် အန္တရာယ်ကို တားဆီးဖို့အတွက် Celestial တွေဆီမှာ အကူအညီတောင်းခံတာ ဖြစ်နိုင်သလို အဲ့ဒီအန္တရာယ်ကို တားဆီးဖို့အတွက် သူတို့ကိုယ်သူတို့ စွမ်းအားကြီးလာအောင် ပြုလုပ်တဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

(5) Deviants
photo via screenrant

နောက်ဆုံးမှာတော့ ပရိသတ်တွေစောင့်မျှော်နေတဲ့ Deviant တွေရဲ့ ပုံစံကို မြင်တွေ့ရပြီပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Deviant တွေကိုလည်း Celestial တွေကပဲ ဖန်တီးခဲ့တာ ဖြစ်ပေမယ့် သူတို့တွေဟာ Eternal တွေနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက Deviant တွေရဲ့ ပုံစံကတော့ ကောမစ်ထဲကပုံစံနဲ့ အတော်လေး ကွာခြားပါတယ်။

ကောမစ်ထဲမှာတော့ Deviant တွေဟာ လူသားတွေလိုပုံသဏ္ဍာန်ပဲ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ သားရဲတိရစ္ဆာန်ပုံစံမျိူး ဖော်ပြထားပါတယ်။ Deviant တွေဟာ သူတို့ရဲ့မျိုးစိတ်ပေါ် မူတည်ပြီး သန္ဓေပြောင်းလဲမှုတွေ မတူညီတာကြောင့် အတောင်ပံတွေပါတဲ့ Deviant ၊ အစွယ်တွေနဲ့ Deviant တို့လို ပုံစံမျိူးစုံ ရှိပါတယ်။

(6) Ikaris ရဲ့ စွမ်းအားများ
photo via screenrant

ဒီထွေလာထဲမှာတော့ Ikaris ရဲ့ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်ပြီး သူ့ရဲ့စွမ်းအားတွေကို ထုတ်ပြခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Ikaris ဟာ Deviant တွေနဲ့ တိုက်ခိုက်နေပြီး လေပေါ်ပျံကာ မျက်လုံးကနေ စွမ်းအင်တွေ ပစ်လွှတ်တာကို မြင်ခဲ့ရပါတယ်။ ဘေးပတ်ဝန်းကျင်က ပုံစံကို ကြည့်ခြင်းအားဖြင့် ဒီတိုက်ပွဲဟာ ကမ်းခြေတစ်ခုမှာ ဖြစ်ပျက်နေပြီး MCU ရဲ့ အတိတ်ကာလတစ်ခုခုမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်နိုင်ပါတယ်။

(7) သမိုင်းတလျှောက်မှာ Eternal တွေ ဘာလုပ်နေခဲ့လဲ?
photo via screenrant

ဒီမေးခွန်းကတော့ ပရိသတ်တွေအားလုံး သိချင်နေကြမယ့် မေးခွန်းတစ်ခုလို့ ထင်ပါတယ်။ Eternal တွေဟာ လောလောဆယ်မှာ MCU ရဲ့ စွမ်းအားအကြီးဆုံးဆိုတဲ့ ဟီးရိုးတွေနဲ့ ယှဉ်လိုက်ရင်တောင် ပိုပြီး စွမ်းအားကြီးကြပေမယ့်လည်း သမိုင်းတလျှောက်လုံးမှာ သူတို့တွေက ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပါဘူး။

Kit Harrington သရုပ်ဆောင်ထားတဲ့ Dane Whitman ကလည်း Gemma Chan ရဲ့ Sersi ကို သမိုင်းမှာ ဖြစ်ခဲ့တဲ့စစ်ပွဲတွေနဲ့ Thanos ရဲ့ တိုက်ပွဲတို့မှာ ဘာကြောင့်ဝင်မပါခဲ့တာလည်းလို့ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Celestial တွေက လူသားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ သူတို့ကို ဝင်မပါခိုင်းထားဘူးလို့ Sersi က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့အဖြစ်မှန်ကိုတော့ ဒီရုပ်ရှင်ထွက်လာတဲ့အချိန်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

(8) Celestial
photo via screenrant

အဲ့ဒီနောက်မှာတော့ Celestial တစ်ယောက်ရဲ့ ပုံစံကို သေချာပြသသွားပါတယ်။ ဒီ Celestial ကတော့ Guardians of the Galaxy ထဲမှာ တွေ့ခဲ့ရတဲ့ Eson the Searcher ဖြစ်နိုင်ပေမယ့်လည်း ဒီဇိုင်းပုံစံပြောင်းလဲထားတဲ့ Arishem the Judge ဖြစ်နေနိုင်ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ Eternal တွေက Celestial တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဇာတ်ဝင်ခန်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။

(9) အဖွဲ့ဝင်တွေ ပြန်လည်စုစည်းနေတဲ့ Ikaris
photo via screenrant

ကျရောက်လာတော့မယ့် အန္တရာယ်ကို ရင်ဆိုင်ဖို့အတွက် Eternal တွေအားလုံး ပြန်စုစည်းကြရမှာ ဖြစ်ပြီး Ikaris ကတော့ သူတို့တွေကို ပြန်လည် ရှာဖွေရမယ့်တာဝန်ကို ယူခဲ့ပါတယ်။ သူတို့တွေဟာ အချင်းချင်း မတူညီတဲ့အချက်တွေ ရှိကြသလို တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း Ikaris က သူတို့ကို ဘယ်လိုပြန်လည်ပေါင်းစည်းသွားမလည်း ဆိုတာကိုတော့ ဒီရုပ်ရှင်ထွက်လာရင် သိရမှာပါ။

(10) Thena နဲ့ Gilgamesh
photo via screenrant

Angelina Jolie သရုပ်ဆောင်ထားတဲ့ Thena ကတော့ စွမ်းအင်တွေကို လက်နက်အဖြစ် အသွင်ပြောင်းပြီး တိုက်ခိုက်နိုင်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Thena ဟာ တခြား Eternal တွေနဲ့ ပြန်လည်ဆုံတွေ့တဲ့အပေါ် ဝမ်းသာပုံမရဘဲ Don Lee သရုပ်ဆောင်ထားတဲ့ Gilgamesh ကိုတောင် တိုက်ခိုက်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတဲ့ တစ်ချက်ကတော့ Thena ရဲ့ တိုက်ခိုက်မှုကို Gilgamesh ဟာ ဘာမှမဟုတ်သလိုပဲ လက်ဗလာနဲ့ ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းကို ကြည့်ခြင်းအားဖြင့် Gilgamesh က ဘယ်လောက်တောင် စွမ်းအားကြီးလည်း ဆိုတာကို သိသာစေပါတယ်။

(11) Sprite ရဲ့ စွမ်းအား
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Lia McHugh သရုပ်ဆောင်ထားတဲ့ Sprite ဟာ “ကမ္ဘာကြီးရဲ့ အဆုံးသတ်က ဒီလိုပါလား။ ငါတို့ကတော့ ရှေ့ဆုံးတန်းက ကြည့်ရတာပေါ့ …. ” လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းထဲမှာတော့ Eternal တွေအားလုံးဟာ နေကာမျက်မှန်တွေ ဆင်တူတပ်ထားကြပြီး အဲ့ဒီအချက်ကတော့ Sprite ရဲ့ လုပ်ရပ် ဖြစ်နိုင်ပါတယ်။

Sprite ရဲ့ အဓိကစွမ်းအားကတော့ ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်တာဖြစ်ပြီး သူမဟာ အဲ့ဒီစွမ်းအားကို အလွန်ကျွမ်းကျင်သွားလို့ အခုလိုပြုလုပ်နိုင်တာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ သူတို့ရဲ့ယာဉ်ပျံကြီးကို ပြန်လည်ရှာဖွေခဲ့ပြီး ဒီဇာတ်ဝင်ခန်းကတော့ အပေါ်မှာဖော်ပြထားတဲ့ Celestial တွေနဲ့ ဆက်သွယ်တဲ့ ဇာတ်ဝင်ခန်းနဲ့ ဆက်စပ်နေမယ်လို့ ယူဆနိုင်ပါတယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာလည်း Sprite ဟာ မီးရှုးမီးပန်းတွေ ဖန်တီးနေတာကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီဇာတ်ဝင်ခန်းကတော့ အတိတ်ကာလမှာ ဖြစ်ပျက်ခဲ့တာပါ။

(12) Sersi နဲ့ Sprite
photo via screenrant

ဒီဇာတ်ဝင်ခန်းကတော့ ပစ္စပ္ပုန်ကာလကို ပြန်ရောက်လာပြီ ဖြစ်ပြီး Sersi ၊ Sprite နဲ့ Dane Whitman တို့ဟာ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့နေကြပါတယ်။ ဒီပုံကို သေချာကြည့်မယ် ဆိုရင်တော့ လူအုပ်ကြီးထဲမှာ Sersi နဲ့ Sprite တို့ရဲ့ ကိုယ်ပွားတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒီအချက်ကလည်း Sprite ရဲ့ စွမ်းအားပဲ ဖြစ်ပါလိမ့်မယ်။ Sersi ကတော့ သူတို့ဆီကို လွင့်လာတဲ့ ဘတ်စ်ကားကြီးကို ပန်းပွင့်ဖတ်လေးတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ Sersi ရဲ့ အဓိကစွမ်းအားကတော့ ဒြပ်ပစ္စည်းတွေကို လိုသလို ပြောင်းလဲပစ်နိုင်တဲ့ အစွမ်းပဲ ဖြစ်ပါတယ်။

(13) Kingo ရဲ့ စွမ်းအား
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Kumail Nanjiani သရုပ်ဆောင်ထားတဲ့ Kingo ဟာ Deviant တွေနဲ့ တိုက်ခိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ Kingo ရဲ့ အဓိကစွမ်းအားကတော့ စွမ်းအင်တွေကို ပစ်လွှတ်တာပဲ ဖြစ်ပြီး ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူ့ရဲ့လက်ကို သေနတ်လိုပြုလုပ်ပြီး အသုံးပြုခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်ခြင်းအားဖြင့် အပေါ်မှာဖော်ပြထားတဲ့ ကမ်းခြေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲထဲက ဇာတ်ဝင်ခန်းပဲ ဖြစ်ပါလိမ့်မယ်။

(14) အစိမ်းရောင် Celestial
photo via screenrant

ဒီထွေလာထဲမှာ ထပ်မံပြသသွားတဲ့ ဒုတိယမြောက် Celestial ကတော့ Jemiah the Analyzer ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူ့ရဲ့ပုံစံက မျက်လုံးနှစ်လုံးပဲ ရှိပြီး Kang the Conqueror လိုမျိူး ခေါင်းစွပ်,စွပ်ထားပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ ဒီဇိုင်းပြောင်းလဲထားတာ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ Jemiah the Analyzer တစ်ယောက်တည်းကပဲ အစိမ်းရောင် Celestial ဖြစ်နေလို့ပါ။

(15) Deviant တွေကို တိုက်ခိုက်နေတဲ့ Thena နဲ့ Gilgamesh
photo via screenrant

ပထမထွေလာမှာကတည်းက Thena ရဲ့ စွမ်းအားအသုံးပြုပုံတွေကို မြင်တွေ့ခဲ့ရပေမယ့်လည်း ဒီဇာတ်ဝင်ခန်းကျမှသာ သူမရဲ့ တိုက်ခိုက်ပုံတွေကို သေချာမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ သူမကတော့ စွမ်းအင်တွေကို အသုံးပြုပြီး ဒိုင်းနဲ့ လှံလို လက်နက်တွေကို ဖန်တီးကာ တိုက်ခိုက်ခဲ့ပေမယ့်လည်း Gilgamesh ကတော့ Deviant တွေကို လက်ဗလာနဲ့ ထိုးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Gilgamesh ဟာ Eternal တွေထဲမှာ ခွန်အားအကြီးဆုံးသူ ဖြစ်ပါတယ်။

(16) Makkari ရဲ့ အမြန်နှုန်း
photo via screenrant

Eternals ဟာ ထွေလာနှစ်ခု ထွက်ရှိထားပေမယ့်လည်း Lauren Ridloff သရုပ်ဆောင်ထားတဲ့ Makkari ကတော့ သိပ်ပြီးမပါဝင်ခဲ့ပါဘူး။ ဒီထွေလာထဲမှာတော့ သူမဟာ ကြီးမားလှတဲ့ အကွာအဝေးတစ်ခုကို တစ်ချက်တည်း ခုန်သွားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ အရင်က MCU မှာ မြင်တွေ့ခဲ့ရတဲ့ Quicksilver နဲ့ ကွာခြားသလို သူ့ထက်လည်း အများကြီးလျင်မြန်ပါတယ်။ Makkari နဲ့ ပတ်သက်တဲ့ တခြားအချက်အလက်တွေကိုတော့ ဒီရုပ်ရှင်ထွက်လာမှပဲ သိရမှာပါ။

(17) Kro
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ ဗီလိန်တစ်ယောက်ဟာ Thena ကို လက်တံတွေနဲ့ ချုပ်နှောင်ထားပြီး “ဘယ်သူ့ကိုမှ မကာကွယ်နိုင်ဘူး …” လို့ ပြောခဲ့ပါတယ်။ ဒီဇာတ်ကောင်နဲ့ ပတ်သက်တဲ့ ဇာတ်ဝင်ခန်းကတော့ ဒီတစ်ခန်းတည်းပဲ ပါဝင်ထားတာ ဖြစ်ပါတယ်။ သူဟာ ကောမစ်ထဲက Deviant တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Kro ဖြစ်နိုင်ပါတယ်။

Kro ဟာ Deviant ထက် Eternal တွေနဲ့ ပိုဆင်တူပါတယ်။ ဒါကြောင့်ပဲ ဒီထွေလာထဲမှာတော့ တခြား Deviant တွေဟာ သားရဲတိရစ္ဆာန်ပုံစံ ဖြစ်နေပြီး သူတစ်ယောက်တည်းက လူနဲ့ပိုပြီးဆင်တူနေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Kro နဲ့ Thena တို့ နှစ်ယောက်က ကောမစ်ထဲမှာ တွဲခဲ့ဖူးကြပါသေးတယ်။

(18) Ikaris vs. Ikea
photo via screenrant

ပထမထွေလာရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာတော့ Avengers တွေကို ဘယ်သူက ဦးဆောင်နိုင်တယ်ဆိုတာကို ဟာသပြောနေရင်း အဆုံးသတ်ခဲ့သလို ဒီထွေလာထဲမှာလည်း ရယ်စရာဇာတ်ဝင်ခန်းတစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ “Phastos က ဒီလိုမျိူး ပုန်းခိုစရာအိမ် ဆောက်ထားမယ်ဆိုတာကို သိသားပဲ …” ဆိုပြီး Ikaris က ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Ikaris ဟာ သူ့ရှေ့က စားပွဲခုံကို Vibranium နဲ့ လုပ်ထားတာလားဆိုပြီး ထုခွဲပစ်လိုက်ပါတယ်။ Phastos ကတော့ အဲ့ဒီစားပွဲကို Ikea က ဝယ်ထားတာလို့ အချိန်မီ မပြောလိုက်နိုင်ပါဘူး။

ဒါကတော့ Eternals ဒုတိယထွေလာထဲက အသေးစိတ် အချက်အလက်တွေ ဖြစ်ပါတယ်။ မကြာခင်မှာ ဒီရုပ်ရှင် ထွက်လာရှိတော့မှာ ဖြစ်တဲ့အတွက် အတူတူ ရင်ခုန်စောင့်စားလိုက်ကြရအောင်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Eternals ႐ုပ္ရွင္ကေတာ့ ေအာက္တိုဘာလ (၂၈)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ႐ုံတင္ရက္ကလည္း တျဖည္းျဖည္း နီးကပ္လာတာေၾကာင့္ Marvel စတူဒီယိုဟာ မၾကာေသးခင္ကပဲ ဒုတိယေျမာက္ေထြလာကို ထပ္မံထုတ္ေပးလိုက္ပါတယ္။ ဒီ႐ုပ္ရွင္ကလည္း MCU Phase 4 ရဲ႕ အဓိကက်တဲ့ ႐ုပ္ရွင္တစ္ခု ျဖစ္လာမွာ ျဖစ္ၿပီး ဇာတ္ေကာင္သစ္ေတြမ်ားစြာကိုလည္း ျမင္ေတြ႕ရမွာပါ။ ဒုတိယေျမာက္ေထြလာရဲ႕ breakdown ကိုေတာ့ ေအာက္မွာဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) ကြင္းျပင္က်ယ္ႀကီးထဲက အိမ္ကေလး
photo via screenrant

ဒီေထြလာရဲ႕ အစမွာေတာ့ Salma Hayek သ႐ုပ္ေဆာင္ထားတဲ့ Ajak က ျမင္းစီးလာတာကို ျမင္ေတြ႕ရၿပီး ကြင္းျပင္က်ယ္ႀကီးထဲက အိမ္ကေလးတစ္လုံးဆီကို လာေရာက္ခဲ့ပါတယ္။ အဲ့ဒီအိမ္မွာေတာ့ သူမဟာ Richard Madden သ႐ုပ္ေဆာင္ထားတဲ့ Ikaris နဲ႔ ေတြ႕ဆုံခဲ့ၿပီး မၾကာခင္မွာ ျဖစ္ေပၚလာေတာ့မယ့္ အႏၲရာယ္အေၾကာင္းကို လာေရာက္ေျပာျပခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအႏၲရာယ္ကို တားဆီးဖို႔အတြက္ Ajak ဟာ Eternals ေတြကို စုစည္းဖို႔ ေျပာခဲ့ၿပီး ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းကေတာ့ ဒီအိမ္ကေလးကေန စတင္သြားမွာပဲ ျဖစ္ပါတယ္။

(2) က်ေရာက္လာမယ့္ အႏၲရာယ္
photo via screenrant

Ajak ဟာ Avengers ေတြ Thanos ကို တားဆီးႏိုင္ခဲ့တာကို အသိအမွတ္ျပဳေပမယ့္လည္း ေပ်ာက္ဆုံးသြားတဲ့ သက္ရွိတစ္ဝက္ကို ျပန္ေခၚခဲ့တဲ့ Snap ရဲ႕ ေဘးထြက္ဆိုးက်ိဴးကိုလည္း ေျပာျပခဲ့ပါတယ္။ အဲ့ဒီ Snap ဟာ အႏၲရာယ္ျဖစ္လာဖို႔ လိုအပ္တဲ့စြမ္းအင္ကို ေထာက္ပံ့ေပးသလို ျဖစ္သြားတယ္လို႔ ေျပာခဲ့ၿပီး အဲ့ဒီအႏၲရာယ္က ဘာလည္းဆိုတာကိုေတာ့ တိတိက်က် မေျပာျပခဲ့ပါဘူး။

ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ သီအိုရီေတြအရဆိုရင္ေတာ့ Deviant ေတြရဲ႕ က်ဴးေက်ာ္မႈ၊ Celestial ေတြရဲ႕ အႏၲရာယ္နဲ႔ မတူညီတဲ့ Marvel Universe ေတြအခ်င္းခ်င္း ေပါင္းစည္းမႈတို႔ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းၾကပါတယ္။ ဒါ့အျပင္ အဲ့ဒီအႏၲရာယ္ကို တားဆီးဖို႔ အခ်ိန္ခုႏွစ္ရက္ပဲ ရတယ္လို႔လည္း ေျပာသြားပါေသးတယ္။

(3) ကမာၻပ်က္ကိန္း
photo via screenrant

အဲ့ဒီေနာက္မွာေတာ့ ကမာၻေျမႀကီးကို ေရေတြဖုံးလႊမ္းသြားတာကို ျပသသြားတာၿပီး ဒီအျဖစ္အပ်က္ဟာ MCU ရဲ႕ လက္ရွိကာလလား၊ အတိတ္ကာလလား ဆိုတာကို‌ေတာ့ ေသခ်ာမသိရေသးပါဘူး။ ပရိသတ္အခ်ိဳ႕ကေတာ့ ဒီဇာတ္ဝင္ခန္းဟာ Marvel ေကာမစ္ထဲက Atlantis ၿမိဳ႕ႀကီး က်ဆုံးသြားပုံကို ျပသသြားတာလို႔ ယုံၾကည္ေနၾကၿပီး Black Panther: Wakanda Forever ထဲမွာ Namor ပါဝင္လာဖို႔ Set Up လုပ္သြားတာ ျဖစ္ႏိုင္တယ္လို႔ ဆိုေနၾကပါတယ္။

(4) Celestial ေတြနဲ႔ ဆက္သြယ္ျခင္း
photo via screenrant

ဒီဇာတ္ဝင္ခန္းကေတာ့ Eternal ေတြရဲ႕ ယာဥ္ပ်ံေပၚမွာ ျဖစ္ပ်က္တာပဲ ျဖစ္ႏိုင္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ သူတို႔ဟာ Celestial လို႔ ယူဆရတဲ့ ႐ုပ္တုႀကီးနဲ႔ ဆက္သြယ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ သူတို႔ဟာ က်ေရာက္လာမယ့္ အႏၲရာယ္ကို တားဆီးဖို႔အတြက္ Celestial ေတြဆီမွာ အကူအညီေတာင္းခံတာ ျဖစ္ႏိုင္သလို အဲ့ဒီအႏၲရာယ္ကို တားဆီးဖို႔အတြက္ သူတို႔ကိုယ္သူတို႔ စြမ္းအားႀကီးလာေအာင္ ျပဳလုပ္တဲ့ အခမ္းအနားတစ္ခုလည္း ျဖစ္ေနႏိုင္ပါတယ္။

(5) Deviants
photo via screenrant

ေနာက္ဆုံးမွာေတာ့ ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ Deviant ေတြရဲ႕ ပုံစံကို ျမင္ေတြ႕ရၿပီပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Deviant ေတြကိုလည္း Celestial ေတြကပဲ ဖန္တီးခဲ့တာ ျဖစ္ေပမယ့္ သူတို႔ေတြဟာ Eternal ေတြနဲ႔ လုံးဝဆန႔္က်င္ဘက္ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲက Deviant ေတြရဲ႕ ပုံစံကေတာ့ ေကာမစ္ထဲကပုံစံနဲ႔ အေတာ္ေလး ကြာျခားပါတယ္။

ေကာမစ္ထဲမွာေတာ့ Deviant ေတြဟာ လူသားေတြလိုပုံသ႑ာန္ပဲ ျဖစ္ၿပီး ဒီ႐ုပ္ရွင္ထဲမွာေတာ့ သားရဲတိရစာၦန္ပုံစံမ်ိဴး ေဖာ္ျပထားပါတယ္။ Deviant ေတြဟာ သူတို႔ရဲ႕မ်ိဳးစိတ္ေပၚ မူတည္ၿပီး သေႏၶေျပာင္းလဲမႈေတြ မတူညီတာေၾကာင့္ အေတာင္ပံေတြပါတဲ့ Deviant ၊ အစြယ္ေတြနဲ႔ Deviant တို႔လို ပုံစံမ်ိဴးစုံ ရွိပါတယ္။

(6) Ikaris ရဲ႕ စြမ္းအားမ်ား
photo via screenrant

ဒီေထြလာထဲမွာေတာ့ Ikaris ရဲ႕ ဇာတ္ဝင္ခန္းေတြမ်ားစြာ ပါဝင္ၿပီး သူ႔ရဲ႕စြမ္းအားေတြကို ထုတ္ျပခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Ikaris ဟာ Deviant ေတြနဲ႔ တိုက္ခိုက္ေနၿပီး ေလေပၚပ်ံကာ မ်က္လုံးကေန စြမ္းအင္ေတြ ပစ္လႊတ္တာကို ျမင္ခဲ့ရပါတယ္။ ေဘးပတ္ဝန္းက်င္က ပုံစံကို ၾကည့္ျခင္းအားျဖင့္ ဒီတိုက္ပြဲဟာ ကမ္းေျခတစ္ခုမွာ ျဖစ္ပ်က္ေနၿပီး MCU ရဲ႕ အတိတ္ကာလတစ္ခုခုမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။

(7) သမိုင္းတလွ်ာက္မွာ Eternal ေတြ ဘာလုပ္ေနခဲ့လဲ?
photo via screenrant

ဒီေမးခြန္းကေတာ့ ပရိသတ္ေတြအားလုံး သိခ်င္ေနၾကမယ့္ ေမးခြန္းတစ္ခုလို႔ ထင္ပါတယ္။ Eternal ေတြဟာ ေလာေလာဆယ္မွာ MCU ရဲ႕ စြမ္းအားအႀကီးဆုံးဆိုတဲ့ ဟီး႐ိုးေတြနဲ႔ ယွဥ္လိုက္ရင္ေတာင္ ပိုၿပီး စြမ္းအားႀကီးၾကေပမယ့္လည္း သမိုင္းတေလွ်ာက္လုံးမွာ သူတို႔ေတြက ဝင္ေရာက္စြက္ဖက္မႈ မရွိခဲ့ပါဘူး။

Kit Harrington သ႐ုပ္ေဆာင္ထားတဲ့ Dane Whitman ကလည္း Gemma Chan ရဲ႕ Sersi ကို သမိုင္းမွာ ျဖစ္ခဲ့တဲ့စစ္ပြဲေတြနဲ႔ Thanos ရဲ႕ တိုက္ပြဲတို႔မွာ ဘာေၾကာင့္ဝင္မပါခဲ့တာလည္းလို႔ ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Celestial ေတြက လူသားေတြနဲ႔ ပတ္သက္တဲ့ကိစၥေတြမွာ သူတို႔ကို ဝင္မပါခိုင္းထားဘူးလို႔ Sersi က ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ရဲ႕အျဖစ္မွန္ကိုေတာ့ ဒီ႐ုပ္ရွင္ထြက္လာတဲ့အခ်ိန္မွာ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

(8) Celestial
photo via screenrant

အဲ့ဒီေနာက္မွာေတာ့ Celestial တစ္ေယာက္ရဲ႕ ပုံစံကို ေသခ်ာျပသသြားပါတယ္။ ဒီ Celestial ကေတာ့ Guardians of the Galaxy ထဲမွာ ေတြ႕ခဲ့ရတဲ့ Eson the Searcher ျဖစ္ႏိုင္ေပမယ့္လည္း ဒီဇိုင္းပုံစံေျပာင္းလဲထားတဲ့ Arishem the Judge ျဖစ္ေနႏိုင္ပါတယ္။ ဒီဇာတ္ဝင္ခန္းကေတာ့ အေပၚမွာေဖာ္ျပခဲ့တဲ့ Eternal ေတြက Celestial ေတြနဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားေနတယ္ဆိုတဲ့ ဇာတ္ဝင္ခန္းနဲ႔ ဆက္စပ္ေနႏိုင္ပါတယ္။

(9) အဖြဲ႕ဝင္ေတြ ျပန္လည္စုစည္းေနတဲ့ Ikaris
photo via screenrant

က်ေရာက္လာေတာ့မယ့္ အႏၲရာယ္ကို ရင္ဆိုင္ဖို႔အတြက္ Eternal ေတြအားလုံး ျပန္စုစည္းၾကရမွာ ျဖစ္ၿပီး Ikaris ကေတာ့ သူတို႔ေတြကို ျပန္လည္ ရွာေဖြရမယ့္တာဝန္ကို ယူခဲ့ပါတယ္။ သူတို႔ေတြဟာ အခ်င္းခ်င္း မတူညီတဲ့အခ်က္ေတြ ရွိၾကသလို တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္မေျပမႈေတြ ရွိေနေပမယ့္လည္း Ikaris က သူတို႔ကို ဘယ္လိုျပန္လည္ေပါင္းစည္းသြားမလည္း ဆိုတာကိုေတာ့ ဒီ႐ုပ္ရွင္ထြက္လာရင္ သိရမွာပါ။

(10) Thena နဲ႔ Gilgamesh
photo via screenrant

Angelina Jolie သ႐ုပ္ေဆာင္ထားတဲ့ Thena ကေတာ့ စြမ္းအင္ေတြကို လက္နက္အျဖစ္ အသြင္ေျပာင္းၿပီး တိုက္ခိုက္ႏိုင္ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Thena ဟာ တျခား Eternal ေတြနဲ႔ ျပန္လည္ဆုံေတြ႕တဲ့အေပၚ ဝမ္းသာပုံမရဘဲ Don Lee သ႐ုပ္ေဆာင္ထားတဲ့ Gilgamesh ကိုေတာင္ တိုက္ခိုက္ခဲ့ပါတယ္။ အံ့ဩစရာေကာင္းတဲ့ တစ္ခ်က္ကေတာ့ Thena ရဲ႕ တိုက္ခိုက္မႈကို Gilgamesh ဟာ ဘာမွမဟုတ္သလိုပဲ လက္ဗလာနဲ႔ ကာကြယ္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းကို ၾကည့္ျခင္းအားျဖင့္ Gilgamesh က ဘယ္ေလာက္ေတာင္ စြမ္းအားႀကီးလည္း ဆိုတာကို သိသာေစပါတယ္။

(11) Sprite ရဲ႕ စြမ္းအား
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Lia McHugh သ႐ုပ္ေဆာင္ထားတဲ့ Sprite ဟာ “ကမာၻႀကီးရဲ႕ အဆုံးသတ္က ဒီလိုပါလား။ ငါတို႔ကေတာ့ ေရွ႕ဆုံးတန္းက ၾကည့္ရတာေပါ့ …. ” လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Eternal ေတြအားလုံးဟာ ေနကာမ်က္မွန္ေတြ ဆင္တူတပ္ထားၾကၿပီး အဲ့ဒီအခ်က္ကေတာ့ Sprite ရဲ႕ လုပ္ရပ္ ျဖစ္ႏိုင္ပါတယ္။

Sprite ရဲ႕ အဓိကစြမ္းအားကေတာ့ ပုံရိပ္ေယာင္ေတြကို ဖန္တီးႏိုင္တာျဖစ္ၿပီး သူမဟာ အဲ့ဒီစြမ္းအားကို အလြန္ကြၽမ္းက်င္သြားလို႔ အခုလိုျပဳလုပ္ႏိုင္တာ ျဖစ္ပါလိမ့္မယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေတြဟာ သူတို႔ရဲ႕ယာဥ္ပ်ံႀကီးကို ျပန္လည္ရွာေဖြခဲ့ၿပီး ဒီဇာတ္ဝင္ခန္းကေတာ့ အေပၚမွာေဖာ္ျပထားတဲ့ Celestial ေတြနဲ႔ ဆက္သြယ္တဲ့ ဇာတ္ဝင္ခန္းနဲ႔ ဆက္စပ္ေနမယ္လို႔ ယူဆႏိုင္ပါတယ္။ ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာလည္း Sprite ဟာ မီးရႈးမီးပန္းေတြ ဖန္တီးေနတာကို ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီဇာတ္ဝင္ခန္းကေတာ့ အတိတ္ကာလမွာ ျဖစ္ပ်က္ခဲ့တာပါ။

(12) Sersi နဲ႔ Sprite
photo via screenrant

ဒီဇာတ္ဝင္ခန္းကေတာ့ ပစၥပၸဳန္ကာလကို ျပန္ေရာက္လာၿပီ ျဖစ္ၿပီး Sersi ၊ Sprite နဲ႔ Dane Whitman တို႔ဟာ တိုက္ခိုက္မႈတစ္ခုနဲ႔ ႀကဳံေတြ႕ေနၾကပါတယ္။ ဒီပုံကို ေသခ်ာၾကည့္မယ္ ဆိုရင္ေတာ့ လူအုပ္ႀကီးထဲမွာ Sersi နဲ႔ Sprite တို႔ရဲ႕ ကိုယ္ပြားေတြကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ဒီအခ်က္ကလည္း Sprite ရဲ႕ စြမ္းအားပဲ ျဖစ္ပါလိမ့္မယ္။ Sersi ကေတာ့ သူတို႔ဆီကို လြင့္လာတဲ့ ဘတ္စ္ကားႀကီးကို ပန္းပြင့္ဖတ္ေလးေတြအျဖစ္ ေျပာင္းလဲပစ္လိုက္ပါတယ္။ Sersi ရဲ႕ အဓိကစြမ္းအားကေတာ့ ျဒပ္ပစၥည္းေတြကို လိုသလို ေျပာင္းလဲပစ္ႏိုင္တဲ့ အစြမ္းပဲ ျဖစ္ပါတယ္။

(13) Kingo ရဲ႕ စြမ္းအား
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Kumail Nanjiani သ႐ုပ္ေဆာင္ထားတဲ့ Kingo ဟာ Deviant ေတြနဲ႔ တိုက္ခိုက္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ Kingo ရဲ႕ အဓိကစြမ္းအားကေတာ့ စြမ္းအင္ေတြကို ပစ္လႊတ္တာပဲ ျဖစ္ၿပီး ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ သူ႔ရဲ႕လက္ကို ေသနတ္လိုျပဳလုပ္ၿပီး အသုံးျပဳခဲ့ပါတယ္။ ေဘးပတ္ဝန္းက်င္ကို ၾကည့္ျခင္းအားျဖင့္ အေပၚမွာေဖာ္ျပထားတဲ့ ကမ္းေျခမွာ ျဖစ္ခဲ့တဲ့ တိုက္ပြဲထဲက ဇာတ္ဝင္ခန္းပဲ ျဖစ္ပါလိမ့္မယ္။

(14) အစိမ္းေရာင္ Celestial
photo via screenrant

ဒီေထြလာထဲမွာ ထပ္မံျပသသြားတဲ့ ဒုတိယေျမာက္ Celestial ကေတာ့ Jemiah the Analyzer ပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူ႔ရဲ႕ပုံစံက မ်က္လုံးႏွစ္လုံးပဲ ရွိၿပီး Kang the Conqueror လိုမ်ိဴး ေခါင္းစြပ္,စြပ္ထားေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲမွာေတာ့ ဒီဇိုင္းေျပာင္းလဲထားတာ ျဖစ္ႏိုင္ပါတယ္။ အေၾကာင္းကေတာ့ Jemiah the Analyzer တစ္ေယာက္တည္းကပဲ အစိမ္းေရာင္ Celestial ျဖစ္ေနလို႔ပါ။

(15) Deviant ေတြကို တိုက္ခိုက္ေနတဲ့ Thena နဲ႔ Gilgamesh
photo via screenrant

ပထမေထြလာမွာကတည္းက Thena ရဲ႕ စြမ္းအားအသုံးျပဳပုံေတြကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း ဒီဇာတ္ဝင္ခန္းက်မွသာ သူမရဲ႕ တိုက္ခိုက္ပုံေတြကို ေသခ်ာျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ သူမကေတာ့ စြမ္းအင္ေတြကို အသုံးျပဳၿပီး ဒိုင္းနဲ႔ လွံလို လက္နက္ေတြကို ဖန္တီးကာ တိုက္ခိုက္ခဲ့ေပမယ့္လည္း Gilgamesh ကေတာ့ Deviant ေတြကို လက္ဗလာနဲ႔ ထိုးေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Gilgamesh ဟာ Eternal ေတြထဲမွာ ခြန္အားအႀကီးဆုံးသူ ျဖစ္ပါတယ္။

(16) Makkari ရဲ႕ အျမန္ႏႈန္း
photo via screenrant

Eternals ဟာ ေထြလာႏွစ္ခု ထြက္ရွိထားေပမယ့္လည္း Lauren Ridloff သ႐ုပ္ေဆာင္ထားတဲ့ Makkari ကေတာ့ သိပ္ၿပီးမပါဝင္ခဲ့ပါဘူး။ ဒီေထြလာထဲမွာေတာ့ သူမဟာ ႀကီးမားလွတဲ့ အကြာအေဝးတစ္ခုကို တစ္ခ်က္တည္း ခုန္သြားတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ အရင္က MCU မွာ ျမင္ေတြ႕ခဲ့ရတဲ့ Quicksilver နဲ႔ ကြာျခားသလို သူ႔ထက္လည္း အမ်ားႀကီးလ်င္ျမန္ပါတယ္။ Makkari နဲ႔ ပတ္သက္တဲ့ တျခားအခ်က္အလက္ေတြကိုေတာ့ ဒီ႐ုပ္ရွင္ထြက္လာမွပဲ သိရမွာပါ။

(17) Kro
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ဗီလိန္တစ္ေယာက္ဟာ Thena ကို လက္တံေတြနဲ႔ ခ်ဳပ္ေႏွာင္ထားၿပီး “ဘယ္သူ႔ကိုမွ မကာကြယ္ႏိုင္ဘူး …” လို႔ ေျပာခဲ့ပါတယ္။ ဒီဇာတ္ေကာင္နဲ႔ ပတ္သက္တဲ့ ဇာတ္ဝင္ခန္းကေတာ့ ဒီတစ္ခန္းတည္းပဲ ပါဝင္ထားတာ ျဖစ္ပါတယ္။ သူဟာ ေကာမစ္ထဲက Deviant ေတြရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Kro ျဖစ္ႏိုင္ပါတယ္။

Kro ဟာ Deviant ထက္ Eternal ေတြနဲ႔ ပိုဆင္တူပါတယ္။ ဒါေၾကာင့္ပဲ ဒီေထြလာထဲမွာေတာ့ တျခား Deviant ေတြဟာ သားရဲတိရစာၦန္ပုံစံ ျဖစ္ေနၿပီး သူတစ္ေယာက္တည္းက လူနဲ႔ပိုၿပီးဆင္တူေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ Kro နဲ႔ Thena တို႔ ႏွစ္ေယာက္က ေကာမစ္ထဲမွာ တြဲခဲ့ဖူးၾကပါေသးတယ္။

(18) Ikaris vs. Ikea
photo via screenrant

ပထမေထြလာရဲ႕ ေနာက္ဆုံးဇာတ္ဝင္ခန္းမွာေတာ့ Avengers ေတြကို ဘယ္သူက ဦးေဆာင္ႏိုင္တယ္ဆိုတာကို ဟာသေျပာေနရင္း အဆုံးသတ္ခဲ့သလို ဒီေထြလာထဲမွာလည္း ရယ္စရာဇာတ္ဝင္ခန္းတစ္ခုနဲ႔ အဆုံးသတ္ခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ “Phastos က ဒီလိုမ်ိဴး ပုန္းခိုစရာအိမ္ ေဆာက္ထားမယ္ဆိုတာကို သိသားပဲ …” ဆိုၿပီး Ikaris က ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Ikaris ဟာ သူ႔ေရွ႕က စားပြဲခုံကို Vibranium နဲ႔ လုပ္ထားတာလားဆိုၿပီး ထုခြဲပစ္လိုက္ပါတယ္။ Phastos ကေတာ့ အဲ့ဒီစားပြဲကို Ikea က ဝယ္ထားတာလို႔ အခ်ိန္မီ မေျပာလိုက္ႏိုင္ပါဘူး။

ဒါကေတာ့ Eternals ဒုတိယေထြလာထဲက အေသးစိတ္ အခ်က္အလက္ေတြ ျဖစ္ပါတယ္။ မၾကာခင္မွာ ဒီ႐ုပ္ရွင္ ထြက္လာရွိေတာ့မွာ ျဖစ္တဲ့အတြက္ အတူတူ ရင္ခုန္ေစာင့္စားလိုက္ၾကရေအာင္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular