HomeEntertainmentFilmMarvel ရဲ့ Moon Knight ထဲမှာ အဓိကဗီလိန်အဖြစ် ပါဝင်လာမယ့် Ethan Hawke

Marvel ရဲ့ Moon Knight ထဲမှာ အဓိကဗီလိန်အဖြစ် ပါဝင်လာမယ့် Ethan Hawke

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Oscar Isaac ပါဝင်သရုပ်ဆောင်သွားမယ့် Marvel ရဲ့ Moon Knight ဇာတ်လမ်းတွဲထဲမှာ Ethan Hawke ကလည်း အဓိကဗီလိန်နေရာက ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Ethan သရုပ်ဆောင်သွားမယ့် ဇာတ်ကောင်ကိုတော့ မသိရသေးပါဘူး။ Marvel စတူဒီယိုဟာ သူတို့ရဲ့ ပထမဆုံး Disney+ ဇာတ်လမ်းတွဲဖြစ်တဲ့ WandaVision ကိုတော့ မနေ့ကပဲ စတင်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် တစ်ခြားဇာတ်လမ်းတွဲများစွာကိုလည်း ဆက်လက်ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။

photo via screenrant

Moon Knight ဇာတ်လမ်းတွဲ အတွက်တော့ Marvel ဟာ ၂၀၁၉ ခုနှစ်ကတည်းက ကြေညာခဲ့ပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် အခုမှ စတင်ရိုက်ကူးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ Oscar Isaac ဟာလည်း အဓိကဇာတ်ကောင်နေရာမှာ ပါဝင်လာမယ် ဆိုတဲ့ သတင်းကလည်း သိပ်မကြာခင်ကမှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ May Calamawy ကလည်း အဓိကအမျိူးသမီး ဇာတ်ကောင်နေရာမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

THR သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Ethan Hawke ဟာလည်း ဒီဇာတ်လမ်းတွဲထဲမှာ အဓိကဗီလိန်နေရာက ပါဝင်လာမယ်လို့ သိရပါတယ်။ Ethan Hawke ကတော့ Training Day ၊ Before Trilogy နဲ့ Boyhood ရုပ်ရှင်တို့နဲ့ လူသိများခဲ့ကြပါတယ်။ အခုချိန်မှာတော့ Ethan Hawke ဟာ ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမလည်း ဆိုတာကို မသိရသေးပေမယ့်လည်း ကြေးစားစစ်သား တစ်ယောက်ဖြစ်တဲ့ Bushman နေရာမှာ ပါဝင်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ရိုက်ကူးရေးကတော့ Budapest မြို့ မတ်လမှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

Ethan Hawke ဟာ တကယ်ပဲ Bushman နေရာမှာ ပါဝင်သရုပ်ဆောင်သွားမယ် ဆိုရင်တော့ သူဟာ Moon Knight ရဲ့ အဓိကရန်သူအဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Moon Knight ရဲ့ origin မှာလည်း Bushman ဟာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ အကယ်၍ Bushman သာ မရှိဘူးဆိုရင် Moon Knight လည်း ဖြစ်လာမှာ မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေအတွက်တော့ ဒီနှစ်ဟာ MCU ရဲ့ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေကို ပုံမှန်ထက်ပိုပြီး ကြည့်ရှုရမှာပါ။

Legos

Source : Screenrant

(Zawgyi Version)

Oscar Isaac ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ Marvel ရဲ႕ Moon Knight ဇာတ္လမ္းတြဲထဲမွာ Ethan Hawke ကလည္း အဓိကဗီလိန္ေနရာက ပါဝင္သြားမယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း Ethan သ႐ုပ္ေဆာင္သြားမယ့္ ဇာတ္ေကာင္ကိုေတာ့ မသိရေသးပါဘူး။ Marvel စတူဒီယိုဟာ သူတို႔ရဲ႕ ပထမဆုံး Disney+ ဇာတ္လမ္းတြဲျဖစ္တဲ့ WandaVision ကိုေတာ့ မေန႔ကပဲ စတင္ၿပီး ထုတ္လုပ္ခဲ့ပါတယ္။ ဒါ့အျပင္ တစ္ျခားဇာတ္လမ္းတြဲမ်ားစြာကိုလည္း ဆက္လက္ထုတ္လုပ္သြားဖို႔ စီစဥ္ေနပါတယ္။

photo via screenrant

Moon Knight ဇာတ္လမ္းတြဲ အတြက္ေတာ့ Marvel ဟာ ၂၀၁၉ ခုႏွစ္ကတည္းက ေၾကညာခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အခုမွ စတင္႐ိုက္ကူးဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ Oscar Isaac ဟာလည္း အဓိကဇာတ္ေကာင္ေနရာမွာ ပါဝင္လာမယ္ ဆိုတဲ့ သတင္းကလည္း သိပ္မၾကာခင္ကမွ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ May Calamawy ကလည္း အဓိကအမ်ိဴးသမီး ဇာတ္ေကာင္ေနရာမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။

THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Ethan Hawke ဟာလည္း ဒီဇာတ္လမ္းတြဲထဲမွာ အဓိကဗီလိန္ေနရာက ပါဝင္လာမယ္လို႔ သိရပါတယ္။ Ethan Hawke ကေတာ့ Training Day ၊ Before Trilogy နဲ႔ Boyhood ႐ုပ္ရွင္တို႔နဲ႔ လူသိမ်ားခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ Ethan Hawke ဟာ ဘယ္ဇာတ္ေကာင္ေနရာမွာ ပါဝင္လာမလည္း ဆိုတာကို မသိရေသးေပမယ့္လည္း ေၾကးစားစစ္သား တစ္ေယာက္ျဖစ္တဲ့ Bushman ေနရာမွာ ပါဝင္လာမယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ ႐ိုက္ကူးေရးကေတာ့ Budapest ၿမိဳ႕ မတ္လမွာ စတင္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

photo via screenrant

Ethan Hawke ဟာ တကယ္ပဲ Bushman ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္ ဆိုရင္ေတာ့ သူဟာ Moon Knight ရဲ႕ အဓိကရန္သူအျဖစ္ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Moon Knight ရဲ႕ origin မွာလည္း Bushman ဟာ အဓိကေနရာက ပါဝင္ခဲ့ပါတယ္။ အကယ္၍ Bushman သာ မရွိဘူးဆိုရင္ Moon Knight လည္း ျဖစ္လာမွာ မဟုတ္ဘူးလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ပရိသတ္ေတြအတြက္ေတာ့ ဒီႏွစ္ဟာ MCU ရဲ႕ ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြကို ပုံမွန္ထက္ပိုၿပီး ၾကည့္ရႈရမွာပါ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular