HomeCelebs Update NewsInternationalRyan Gosling ရဲ့ Barbie ရိုက်ကွင်းက အတွင်းခံကို အိမ်ယူလာခိုင်းခဲ့တဲ့ Eva Mendes

Ryan Gosling ရဲ့ Barbie ရိုက်ကွင်းက အတွင်းခံကို အိမ်ယူလာခိုင်းခဲ့တဲ့ Eva Mendes

မင်းသမီး Eva Mendes ကတော့ သူမရဲ့ခင်ပွန်းဖြစ်သူ Ryan Gosling ကို ရိုက်ကွင်းကပစ္စည်းတစ်ခု ပူဆာလိုက်ပါတယ်။ Eva Mendes ဟာ ယခုတစ်ပတ်အစောပိုင်းကပဲ The Talk အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ Ryan Gosling ရိုက်ကူးနေတဲ့ Barbie ရုပ်ရှင်အကြောင်းကိုလည်း ပြောပြသွားပါသေးတယ်။

“သူက အလုပ်ကနေပြီး ကျွန်မကို ဟာသဓာတ်ပုံတစ်ခု လှမ်းပို့ပေးတာပေါ့။ ဟာသဓာတ်ပုံဆိုတော့ သိတဲ့အတိုင်း သူက လုံးဝရယ်ရအောင် လုပ်ထားပြီး ပို့လာတာ။ အဲဒီမှာ Barbie ရိုက်ကွင်းက သူ့ပုံကိုမြင်ပြီး အဲဒီအတွင်းခံလေး ကျွန်မလိုချင်လို့ ရနိုင်မလားလို့ တောင်းရတာပေါ့။ ကျေးဇူးပြုပြီး ပေးပါပေါ့။ ကျွန်မ ဘာမှထွေထွေထူးထူး မတောင်းဆိုဖူးဘူးလေဆိုပြီး တောင်းပစ်လိုက်တာပဲ။ အဲဒီတော့ အခုဆိုရင် ကျွန်မအဲဒါလေး ရသွားပြီ။ အခုကို အဲဒီအတွင်းခံ ဝတ်ထားတာ …” လို့ Eva Mendes က ရယ်မောပြီး ပြောပြထားပါတယ်။

Photo: evamendes.daily/ Instagram

Ryan Gosling လက်ရှိ ရိုက်ကူးနေတဲ့ Barbie ဇာတ်ကားထဲက ဆံပင်ငွေရောင်နဲ့ Ken ဇာတ်ရုပ်ပုံစံကိုလည်း ပြောပြသွားပါသေးတယ်။

“သူက တကယ့်လူတွေအကြောင်း သရုပ်မဆောင်ဘူးဆိုတာ ပရိသတ်တွေ သိကြပါတယ်။ သူက တကယ့်လူမဟုတ်တဲ့ဟာမျိုးတွေပဲ သရုပ်ဆောင်တာပါ။ ကျွန်မ ခံစားမိတာတော့ ကျွန်မယောက်ျားက တကယ့် ခေတ်တကျော့ပြန်အောင် စလိုက်တာပဲလို့ ထင်တယ်။ Ken ခေတ်ပေါ့။ ဘာတွေဖြစ်နေကြလည်း ကျွန်မသိပါတယ် …” လို့ သူမက နောက်ပြောင်ထားပါသေးတယ်။

Photo: barbie/ Instagram

The Barbie ရုပ်ရှင်ကတော့ ဒါရိုက်တာ Greta Gerwig က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Ryan Gosling ၊ Margot Robbie ၊ Issa Rae ၊ Will Farrell ၊ Simu Liu စတဲ့နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ လက်ရှိမှာ ရိုက်ကူးနေဆဲ ဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular