HomeCelebs Update NewsInternationalJoss Whedon ရဲ့ Wonder Woman ရုပ်ရှင်ကို ငြင်းဆိုခဲ့တဲ့ Evangeline Lilly

Joss Whedon ရဲ့ Wonder Woman ရုပ်ရှင်ကို ငြင်းဆိုခဲ့တဲ့ Evangeline Lilly

မင်းသမီး Evangeline Lilly ကတော့ နာမည်ကျော်ဒါရိုက်တာ Joss Whedon ရဲ့ Wonder Woman ရုပ်ရှင်မှာ အဓိကဇာတ်ကောင် Wonder Woman နေရာက ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ Joss Whedon ဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက Wonder Woman ရုပ်ရှင်ကို ဖန်တီးဖို့ ပြင်ဆင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အဲဒီရုပ်ရှင်ဟာလည်း အကြောင်းအမျိုးမျိုးနဲ့ မရိုက်ကူးဖြစ်ခဲ့ပါဘူး။

အသက်(၄၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Evangeline Lilly ဟာ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Happy Sad Confused podcast ကို လာလည်တုန်းက ပြောပြသွားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက Wonder Woman ဇာတ်ရုပ်ကို ငြင်းခဲ့ရတဲ့အကြောင်းကတော့ လုပ်ချင်စိတ်မရှိတာကြောင့်ပါလို့ Lilly က ဆိုပါတယ်။

Photo: evangelinelillyofficial/ Instagram

“အဲဒီရုပ်ရှင်ကို ရိုက်ချင်စိတ်ကို မရှိခဲ့တာလေ။ သူ(Joss Whedon)လည်း အဲဒါကို သိခဲ့ပါတယ်။ ကျွန်မက အဲဒီတုန်းက ငယ်လည်းငယ်သေးတော့ လူယဉ်ကျေးနည်းနဲ့လည်း မငြင်းတတ်ခဲ့ပါဘူး …” လို့ Lilly က ပြောပါတယ်။

အဲဒီ ၂၀၀၆ ခုနှစ်က Wonder Woman ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဟာလည်း ဒါရိုက်တာ Patty Jenkins ရဲ့ Wonder Woman ရုံတင်ပြသချိန် ၂၀၁၇ ခုနှစ်မှာပဲ အွန်လိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။ ဒီအခါမှာတော့ Joss Whedon ရဲ့ အဲဒီမရိုက်ကူးဖြစ်လိုက်တဲ့ Wonder Woman ဇာတ်ညွှန်းဟာ အမျိုးသမီးတွေကို နှိမ်ထားတယ်လို့ ပရိသတ်တွေကြားမှာ ဝေဖန်ခံခဲ့ရပါသေးတယ်။

Photo: evangelinelillyofficial/ Instagram

“အဲဒီဇာတ်ညွှန်းက ဆွဲဆောင်မှုမရှိပါဘူး။ ပြီးတော့ ကျွန်မကိုလည်း ဟတ်ထိသွားအောင်၊ ဒါမှမဟုတ် ဪ ငါတော့ ဒီရုပ်ရှင်ကို ရိုက်မှပဲဆိုတဲ့ စိတ်မျိုးဖြစ်အောင် မဆွဲဆောင်နိုင်ခဲ့ပါဘူး။ ပြောရရင် ဘာမှထိမိတာမျိုးလည်း မရှိသလို ဘာမှရေရေရာရာ ကောင်းတာမျိုးလည်း မရှိပါဘူး …”

“ကျွန်မက ကိုယ့်အတွက်ပဲကိုယ် ကြည့်တယ်ဆိုရင်တောင် စစ်မှန်တာမျိုးပဲ ကြိုက်တာလေ။ ပြောရရင် အဲဒီဇာတ်ညွှန်းကြီးက မကောင်းဘူးကွာ။ အဲဒီတော့ ကျွန်မကို အထင်ကြီးအောင် မလုပ်နိုင်ဘူးဆိုရင် ရှင်တို့လည်း အဲဒါကိုသိရမှာပဲ။ ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ ရှင်တို့ မသိသင့်တာတွေလည်း ရှိတာပေါ့။ ပြီးတော့ ကျွန်မထင်တာ သူတို့ကို နည်းနည်းတောင် စော်ကားမိသလို ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်ထင်တယ် …”

Photo Credit: Clay Enos/ Warner Bros.

“ဒါပေမယ့် ကျွန်မအတွက်တော့ အဆင်ပြေတယ်။ ကျွန်မက အဲဒီလိုပဲ ကိုယ့်တက်လမ်းတွေကိုယ် ဖျက်ဆီးပစ်နေကျပဲ။ ဟောလိဝုဒ်မှာ ကျွန်မနဲ့တွဲပြီး အလုပ်လုပ်ချင်တဲ့သူတွေ တန်းစီမနေရင်လည်း ကိစ္စမရှိဘူးကွာ။ အဲဒီလိုမျိုးပေါ့ “လို့ Joss Whedon ရဲ့ Wonder Woman ဇာတ်ကားကို ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး Lilly က ပြောပြသွားပါတယ်။

တကယ်တော့ အဲဒီဇာတ်ကားဟာ ဇာတ်ဆောင်မင်းသမီး ရွေးချယ်ရာမှာလည်း အဆင်မပြေခဲ့သလို ဇာတ်ညွှန်းပိုင်းမှာလည်း ဝေဖန်မှုများစွာ ခံခဲ့ရတဲ့အတွက် မရိုက်ကူးဖြစ်ခဲ့တာဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း နောက်ပိုင်းမှာတော့ အမျိုးသမီးဒါရိုက်တာ Patty Jenkins က Wonder Woman ကို ရိုက်ကူးဖြစ်ခဲ့တာ ဖြစ်ပြီး မင်းသမီး Gal Gadot ဟာလည်း Wonder Woman အဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေအသည်းစွဲ ဖြစ်ခဲ့ရပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular