HomeEntertainmentFilmStranger Things Season 4 နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

Stranger Things Season 4 နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ရဲ့ နာမည်ကြီး sci-fi ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Stranger Things ဟာ Season 4 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Season 4 ထဲမှာတော့ အရင်ကဇာတ်လမ်းတွေလို Hawkins မြို့တစ်ခုတည်းမှာ ဇာတ်အိမ်တည်တော့မှာ မဟုတ်ဘဲ ရုရှားနိုင်ငံပါ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Matt နဲ့ Ross Duffer တို့က ဖန်တီးခဲ့ပြီး ဇာတ်ကောင်တွေဟာ Upside Down ထဲက သတ္တဝါတွေနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမ season သုံးခုနဲ့တောင် ဒီဇာတ်လမ်းတွဲဟာ Netflix ရဲ့ ကြည့်ရှုသူအများဆုံး စံချိန်ကို ချိူးဖျက်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေလည်း ရရှိထားပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Stranger Things season 4 နဲ့ ပတ်သက်ပြီး အခုချိန်ထိ သိထားသမျှကို ဖော်ပြပေးချင်ပါတယ်။

ပြန်လည်ပါဝင်လာမယ့် ဇာတ်ကောင်များ

Season 3 ရဲ့ အဆုံးမှာ Hawkins မြို့ကို ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကို အနစ်နာခံသွားတဲ့ Jim Hopper လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Netflix ဟာ ဖေဖော်ဝါရီလတုန်းက From Russia with Love ဆိုတဲ့ ခေါင်းစဉ်နဲ့ teaser ထွက်လာခဲ့ပါတယ်။ အဲ့ဒီ teaser ထဲမှာတော့ ရထားလမ်းတစ်ခု ဆောက်လုပ်နေကြတဲ့ အလုပ်သမားတွေကို တွေ့ခဲ့ရပြီး အဲ့ဒီထဲကတစ်ယောက်က Jim Hopper ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

Season 4 အတွက် ပြန်လည်ပါဝင်လာမယ့် ဇာတ်ကောင်တွေကတော့ Winona Ryder (Joyce Byers) ၊ Gaten Matarazzo (Dustin Henderson) ၊ Finn Wolfhard (Mike Wheeler) ၊ Millie Bobby Brown (Eleven) ၊ Noah Schnapp (Will Byers) ၊ Caleb McLaughlin (Lucas Sinclair) ၊ Natalia Dyer (Nancy Wheeler) ၊ Charlie Heaton (Jonathan Byers) ၊ Maya Hawke (Robin Buckley) ၊ Sadie Sink (Max Mayfield) ၊ Joe Keery (Steve Harrington) ၊ Priah Ferguson (Erica Sinclair) နဲ့ Cara Buono (Karen Wheeler) တို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း season 3 မှာ Eleven ကို Mind Flayer လက်ထဲက ကယ်တင်ဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံသွားတဲ့ Billy Hargrove ကတော့ ပြန်လည်ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

အသစ်ပါဝင်လာမယ့် ဇာတ်ကောင်များ
photo via bowerjamie/dumbuardo/instagram/imdb

Season 4 ထဲမှာတော့ ဇာတ်ကောင်အသစ်တွေ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Jamie Campbell Bower ၊ Eduardo Franco နဲ့ Joseph Quinn တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Bower ကတော့ စိတ်ရောဂါကုဆေးရုံမှာ အလုပ်လုပ်တဲ့ Peter Ballard နေရာမှာ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Franco ကိုတော့ Surfer Boy Pizza အတွက် ပီဇာပို့ပေးတဲ့ ဆေးသမားတစ်ယောက်ဖြစ်သူ Argyle နေရာမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Quinn ကိုတော့ Hawkins အထက်တန်းကျောင်းရဲ့ တရားဝင် Dungeons and Dragon ကလပ်ကို ဦးဆောင်သူ Eddie Munson အနေနဲ့ မြင်ရမှာပါ။

Sherman Augustus ကတော့ ဒုဗိုလ် Sullivan အဖြစ် ပါဝင်လာမှာ ဖြစ်ပြီး၊ Mason Dye ကလည်း Hawkins အထက်တန်းကျောင်းရဲ့ ရေပန်းစားသူ Jason Carver ဖြစ် ပါဝင်လာမှာပါ။ Robert Englund ကတော့ လူသတ်မှုကြောင့် ၁၉၅၀ကျော်လောက်မှာ စိတ်ရောဂါကုဆေးရုံ ရောက်နေတဲ့ Victor Creel အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားဇာတ်ကောင် နှစ်ယောက်လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Nikola Djuricko ကတော့ ရုရှားမှောင်ခိုသမား Yuri အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပြီး Tom Wlaschiha ကတော့ Hopper နဲ့ ခင်မင်နေတဲ့ ထောင်စောင့်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။

Season 4 မှာ ဘာတွေမြင်ရမှာလဲ?
photo via screenrant

အခုချိန်ထိတော့ season 4 မှာ ဘယ်လိုဇာတ်လမ်းတွေ မြင်ရမလည်းဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Jim Hopper နေရာမှာ သရုပ်ဆောင်ထားတဲ့ David Harbour ကတော့ မကြာသေးခင်က PEOPLE သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အနည်းငယ်ကို ပြောပြသွားပါတယ်။

“Season 4 ထဲမှာတော့ ပရိသတ်တွေ ကြိုက်ကြတဲ့ ဇာတ်ကောင်အများစုကို သူတို့ရဲ့ပုံစံအတိုင်းပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လှည့်ကွက်တွေနဲ့ အရင်ကမမြင်ခဲ့ဖူးတဲ့ ပုံစံမျိူးတွေနဲ့လည်း သူတို့ကို မြင်ရဦးမှာပါ … ” လို့ David Harbour က ပြောပြထားပါတယ်။

ဒါ့အပြင် ဒီ season ထဲမှာတော့ Hopper ကို အရင်က လုံးဝမမြင်ဖူးခဲ့တဲ့ ပုံစံမျိူးနဲ့ မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ Harbour ကတော့ “Hopper က ဘယ်လိုလူလည်းဆိုတာကို ဒီ season ထဲမှာတော့ သေချာသိရတော့မှာ ဖြစ်သလို ဒီ season ကို အကြိုက်ဆုံးပါပဲ … ” လို့လည်း ပြောထားပါတယ်။

ဘယ်အချိန်မှာ ကြည့်ရှုရမှာလဲ?
photo via screenrant

Stranger Things season 4 ထွက်လာမယ့် ရက်ကိုတော့ အတိအကျ မကြေညာသေးပေမယ့်လည်း  ၂၀၂၁ ခုနှစ်အတွင်းမှာပဲ Netflix မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ အချိန်ကတော့ မတ်လဖြစ်ပြီး အဲ့ဒီအချိန်မှာ ဒီဇာတ်လမ်းတွဲဟာ ရိုက်ကူးဖို့ အသင့်ဖြစ်နေခဲ့တာပါ။ သို့ပေမယ့် အားလုံးသိကြတဲ့အတိုင်း ရိုက်ကူးရေးတွေ ရပ်နားခဲ့ရပြီး အောက်တိုဘာလမှာတော့ Netflix ဟာ ဒီဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေး ပြန်လည်စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။

Season 4 ဟာ အဆုံးသတ် မဟုတ်သေးပါဘူး။
photo via screenrant

ဒီဇာတ်လမ်းတွဲကို ဖန်တီးသူ Ross ကိုယ်တိုင်က ဒီဇာတ်လမ်းတွဲဟာ season 4 နဲ့ ဇာတ်မသိမ်းသေးဘူးလို့ အတည်ပြုထားပါတယ်။ The Hollywood Reporter သတင်းဌာနရဲ့ အင်တာဗျူးမှာတော့ “ကျွန်တော်တို့က ဇာတ်သိမ်းက ဘာလည်းဆိုတာကို သိသလို ဘယ်တော့ ဇာတ်သိမ်းမလည်း ဆိုတာကိုလည်း သိပါတယ် … ” လို့ပြောထားပါတယ်။

ဆက်လက်ပြီး ” အခုချိန်မှာတော့ ကိုဗစ်ကြောင့် အချိန်တွေ ပိုရနေတာကြောင့် ဒီဇာတ်လမ်းအတွက် ဘယ်လိုအရာက အကောင်းဆုံးဖြစ်မလည်း ဆိုတာနဲ့ ဒီဇာတ်လမ်းတွဲကို ဘယ်လောက်ကြာကြာ ရိုက်ကူးရမလည်းဆိုတာကို သေချာစဉ်းစားချိန် ရနေပါတယ်။ ပြီးတော့ ဇာတ်ညွှန်းရေးဖို့အတွက်လည်း အချိန်တွေ အများကြီး ပိုရခဲ့ပါတယ်။ ပထမဦးဆုံး အကြိမ်အနေနဲ့ ကျွန်တော်တို့ဟာ ဇာတ်ညွှန်းတွေ အကုန်ရေးပြီးခဲ့ပြီး ပြင်ဆင်တာတွေကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ် … ” လို့ ပြောထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Netflix ရဲ႕ နာမည္ႀကီး sci-fi ဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ Stranger Things ဟာ Season 4 ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ Season 4 ထဲမွာေတာ့ အရင္ကဇာတ္လမ္းေတြလို Hawkins ၿမိဳ႕တစ္ခုတည္းမွာ ဇာတ္အိမ္တည္ေတာ့မွာ မဟုတ္ဘဲ ႐ုရွားႏိုင္ငံပါ ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ Matt နဲ႔ Ross Duffer တို႔က ဖန္တီးခဲ့ၿပီး ဇာတ္ေကာင္ေတြဟာ Upside Down ထဲက သတၱဝါေတြနဲ႔ ရင္ဆိုင္ရတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ပထမ season သုံးခုနဲ႔ေတာင္ ဒီဇာတ္လမ္းတြဲဟာ Netflix ရဲ႕ ၾကည့္ရႈသူအမ်ားဆုံး စံခ်ိန္ကို ခ်ိဴးဖ်က္ႏိုင္ခဲ့ၿပီး ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြလည္း ရရွိထားပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Stranger Things season 4 နဲ႔ ပတ္သက္ၿပီး အခုခ်ိန္ထိ သိထားသမွ်ကို ေဖာ္ျပေပးခ်င္ပါတယ္။

ျပန္လည္ပါဝင္လာမယ့္ ဇာတ္ေကာင္မ်ား

Season 3 ရဲ႕ အဆုံးမွာ Hawkins ၿမိဳ႕ကို ကယ္တင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို အနစ္နာခံသြားတဲ့ Jim Hopper လည္း ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ Netflix ဟာ ေဖေဖာ္ဝါရီလတုန္းက From Russia with Love ဆိုတဲ့ ေခါင္းစဥ္နဲ႔ teaser ထြက္လာခဲ့ပါတယ္။ အဲ့ဒီ teaser ထဲမွာေတာ့ ရထားလမ္းတစ္ခု ေဆာက္လုပ္ေနၾကတဲ့ အလုပ္သမားေတြကို ေတြ႕ခဲ့ရၿပီး အဲ့ဒီထဲကတစ္ေယာက္က Jim Hopper ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။

Season 4 အတြက္ ျပန္လည္ပါဝင္လာမယ့္ ဇာတ္ေကာင္ေတြကေတာ့ Winona Ryder (Joyce Byers) ၊ Gaten Matarazzo (Dustin Henderson) ၊ Finn Wolfhard (Mike Wheeler) ၊ Millie Bobby Brown (Eleven) ၊ Noah Schnapp (Will Byers) ၊ Caleb McLaughlin (Lucas Sinclair) ၊ Natalia Dyer (Nancy Wheeler) ၊ Charlie Heaton (Jonathan Byers) ၊ Maya Hawke (Robin Buckley) ၊ Sadie Sink (Max Mayfield) ၊ Joe Keery (Steve Harrington) ၊ Priah Ferguson (Erica Sinclair) နဲ႔ Cara Buono (Karen Wheeler) တို႔ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း season 3 မွာ Eleven ကို Mind Flayer လက္ထဲက ကယ္တင္ဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံသြားတဲ့ Billy Hargrove ကေတာ့ ျပန္လည္ပါဝင္လာေတာ့မွာ မဟုတ္ပါဘူး။

အသစ္ပါဝင္လာမယ့္ ဇာတ္ေကာင္မ်ား
photo via bowerjamie/dumbuardo/instagram/imdb

Season 4 ထဲမွာေတာ့ ဇာတ္ေကာင္အသစ္ေတြ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ Jamie Campbell Bower ၊ Eduardo Franco နဲ႔ Joseph Quinn တို႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ Bower ကေတာ့ စိတ္ေရာဂါကုေဆး႐ုံမွာ အလုပ္လုပ္တဲ့ Peter Ballard ေနရာမွာ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Franco ကိုေတာ့ Surfer Boy Pizza အတြက္ ပီဇာပို႔ေပးတဲ့ ေဆးသမားတစ္ေယာက္ျဖစ္သူ Argyle ေနရာမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Quinn ကိုေတာ့ Hawkins အထက္တန္းေက်ာင္းရဲ႕ တရားဝင္ Dungeons and Dragon ကလပ္ကို ဦးေဆာင္သူ Eddie Munson အေနနဲ႔ ျမင္ရမွာပါ။

Sherman Augustus ကေတာ့ ဒုဗိုလ္ Sullivan အျဖစ္ ပါဝင္လာမွာ ျဖစ္ၿပီး၊ Mason Dye ကလည္း Hawkins အထက္တန္းေက်ာင္းရဲ႕ ေရပန္းစားသူ Jason Carver ျဖစ္ ပါဝင္လာမွာပါ။ Robert Englund ကေတာ့ လူသတ္မႈေၾကာင့္ ၁၉၅၀ေက်ာ္ေလာက္မွာ စိတ္ေရာဂါကုေဆး႐ုံ ေရာက္ေနတဲ့ Victor Creel အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုရွားဇာတ္ေကာင္ ႏွစ္ေယာက္လည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ Nikola Djuricko ကေတာ့ ႐ုရွားေမွာင္ခိုသမား Yuri အေနနဲ႔ ပါဝင္သြားမွာ ျဖစ္ၿပီး Tom Wlaschiha ကေတာ့ Hopper နဲ႔ ခင္မင္ေနတဲ့ ေထာင္ေစာင့္ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။

Season 4 မွာ ဘာေတြျမင္ရမွာလဲ?
photo via screenrant

အခုခ်ိန္ထိေတာ့ season 4 မွာ ဘယ္လိုဇာတ္လမ္းေတြ ျမင္ရမလည္းဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္လည္း Jim Hopper ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ David Harbour ကေတာ့ မၾကာေသးခင္က PEOPLE သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ အနည္းငယ္ကို ေျပာျပသြားပါတယ္။

“Season 4 ထဲမွာေတာ့ ပရိသတ္ေတြ ႀကိဳက္ၾကတဲ့ ဇာတ္ေကာင္အမ်ားစုကို သူတို႔ရဲ႕ပုံစံအတိုင္းပဲ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ လွည့္ကြက္ေတြနဲ႔ အရင္ကမျမင္ခဲ့ဖူးတဲ့ ပုံစံမ်ိဴးေတြနဲ႔လည္း သူတို႔ကို ျမင္ရဦးမွာပါ … ” လို႔ David Harbour က ေျပာျပထားပါတယ္။

ဒါ့အျပင္ ဒီ season ထဲမွာေတာ့ Hopper ကို အရင္က လုံးဝမျမင္ဖူးခဲ့တဲ့ ပုံစံမ်ိဴးနဲ႔ ျမင္ေတြ႕ရမယ္လို႔လည္း သိရပါတယ္။ Harbour ကေတာ့ “Hopper က ဘယ္လိုလူလည္းဆိုတာကို ဒီ season ထဲမွာေတာ့ ေသခ်ာသိရေတာ့မွာ ျဖစ္သလို ဒီ season ကို အႀကိဳက္ဆုံးပါပဲ … ” လို႔လည္း ေျပာထားပါတယ္။

ဘယ္အခ်ိန္မွာ ၾကည့္ရႈရမွာလဲ?
photo via screenrant

Stranger Things season 4 ထြက္လာမယ့္ ရက္ကိုေတာ့ အတိအက် မေၾကညာေသးေပမယ့္လည္း  ၂၀၂၁ ခုႏွစ္အတြင္းမွာပဲ Netflix မွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ စတင္ျဖစ္ပြားတဲ့ အခ်ိန္ကေတာ့ မတ္လျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာ ဒီဇာတ္လမ္းတြဲဟာ ႐ိုက္ကူးဖို႔ အသင့္ျဖစ္ေနခဲ့တာပါ။ သို႔ေပမယ့္ အားလုံးသိၾကတဲ့အတိုင္း ႐ိုက္ကူးေရးေတြ ရပ္နားခဲ့ရၿပီး ေအာက္တိုဘာလမွာေတာ့ Netflix ဟာ ဒီဇာတ္လမ္းတြဲအတြက္ ႐ိုက္ကူးေရး ျပန္လည္စတင္ေနၿပီလို႔ ေၾကညာခဲ့ပါတယ္။

Season 4 ဟာ အဆုံးသတ္ မဟုတ္ေသးပါဘူး။
photo via screenrant

ဒီဇာတ္လမ္းတြဲကို ဖန္တီးသူ Ross ကိုယ္တိုင္က ဒီဇာတ္လမ္းတြဲဟာ season 4 နဲ႔ ဇာတ္မသိမ္းေသးဘူးလို႔ အတည္ျပဳထားပါတယ္။ The Hollywood Reporter သတင္းဌာနရဲ႕ အင္တာဗ်ဴးမွာေတာ့ “ကြၽန္ေတာ္တို႔က ဇာတ္သိမ္းက ဘာလည္းဆိုတာကို သိသလို ဘယ္ေတာ့ ဇာတ္သိမ္းမလည္း ဆိုတာကိုလည္း သိပါတယ္ … ” လို႔ေျပာထားပါတယ္။

ဆက္လက္ၿပီး ” အခုခ်ိန္မွာေတာ့ ကိုဗစ္ေၾကာင့္ အခ်ိန္ေတြ ပိုရေနတာေၾကာင့္ ဒီဇာတ္လမ္းအတြက္ ဘယ္လိုအရာက အေကာင္းဆုံးျဖစ္မလည္း ဆိုတာနဲ႔ ဒီဇာတ္လမ္းတြဲကို ဘယ္ေလာက္ၾကာၾကာ ႐ိုက္ကူးရမလည္းဆိုတာကို ေသခ်ာစဥ္းစားခ်ိန္ ရေနပါတယ္။ ၿပီးေတာ့ ဇာတ္ၫႊန္းေရးဖို႔အတြက္လည္း အခ်ိန္ေတြ အမ်ားႀကီး ပိုရခဲ့ပါတယ္။ ပထမဦးဆုံး အႀကိမ္အေနနဲ႔ ကြၽန္ေတာ္တို႔ဟာ ဇာတ္ၫႊန္းေတြ အကုန္ေရးၿပီးခဲ့ၿပီး ျပင္ဆင္တာေတြကိုလည္း ျပဳလုပ္ႏိုင္ခဲ့ပါတယ္ … ” လို႔ ေျပာထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular