HomeEntertainmentFilm၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ရိုက်ကူးရေး စတင်သွားမယ့် Extraction 2

၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ ရိုက်ကူးရေး စတင်သွားမယ့် Extraction 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Chris Hemsworth ပါဝင်သရုပ်ဆောင်သွားမယ့် Extraction 2 ဟာ ဒီနှစ်ကုန်လောက်မှာ ရိုက်ကူးရေး စတင်သွားမယ်လို့ ဒါရိုက်တာ Sam Hargrave က ပြောပြခဲ့ပါတယ်။ Extraction ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Netflix original ရုပ်ရှင်ဖြစ်ပြီး လူကြည့်အများဆုံး original ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

Sam Grave က ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့ပြီး Russo Brothers ကတော့ ထုတ်လုပ်ခဲ့ပါတယ်။ Chris Hemsworth ကတော့ Tyler Rake ဆိုတဲ့ ကြေးစားစစ်သား နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ Bangladesh မှာရှိတဲ့ ရာဇဝတ်ခေါင်းဆောင် တစ်ယောက်ရဲ့သားကို သူ့ရဲ့ပြိုင်ဘက်တွေ ရန်က ကာကွယ်ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ထွက်ရှိလာပြီး သိပ်မကြာခင်မှာ ဝေဖန်ချက်တွေ မျိူးစုံ ရရှိခဲ့ပါတယ်။ Chris Hemsworth ရဲ့ သရုပ်ဆောင်ကောင်းမှုတွေအတွက် ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိခဲ့ပြီး ရုပ်ရှင်ရဲ့ သိပ်မခိုင်ခံ့တဲ့ ဇာတ်လမ်းအတွက်တော့ ဆိုးရွားတဲ့ ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဒီရုပ်ရှင်ထဲက ၁၂ မိနစ်စာ အက်ရှင်ခန်းတွေကြောင့် ပရိသတ်တွေကြားထဲမှာ အလွန်အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီအက်ရှင်ခန်းတွေကိုလည်း ဆက်တိုက်ရိုက်ကူးထားသလို ပုံစံမျိူး ဖန်တီးထားတာကြောင့် ပရိသတ်တွေအတွက် နှစ်သက်စရာ ရုပ်ရှင်တစ်ကား ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင် ထွက်ရှိလာပြီး မကြာခင်မှာပဲ sequel ထွက်လာမယ်လို့ ကြေညာခဲ့ပြီး Joe Russo က ဇာတ်ညွှန်းရေးသွားမယ်လို့ သိရပါတယ်။

Collider သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Sam Hargrave ဟာ Extraction 2 နဲ့ ပတ်သက်တဲ့ သတင်းကို ပြောပြခဲ့ပါတယ်။ Joe Russo ဟာ ဇာတ်ညွှန်းကို ရေးသားနေတုန်းပဲ ဖြစ်ပြီး ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ မဖြစ်ခဲ့ဘူးဆိုရင် ဒီနှစ်ကုန်ပိုင်းလောက်မှာ Extraction 2 ကို စတင်ရိုက်ကူးသွားမယ်လို့ ပြောခဲ့ပါတယ်။

photo via screenrant

Sam Hargrave ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” လောလောဆယ်မှာတော့ ကိုဗစ်အခြေအနေဟာ ဆိုးရွားနေတုန်း ဖြစ်တာကြောင့် လူတိုင်းက အရမ်းစဉ်းစားနေရပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ကိုတော့ ဒီနှစ်ကုန်လောက်မှာ ရိုက်ကူးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ Joe Russo ကတော့ ဇာတ်ညွှန်းကို လက်စသတ်နေတုန်း ဖြစ်ပြီး ကျွန်တော်တို့အကုန်လုံးလည်း အဲ့ဒီဇာတ်ညွှန်းကို ဖတ်ချင်နေကြပါပြီ ” လို့ ပြောခဲ့ပါတယ်။

Sam Hargrave ကတော့ Extraction ရုပ်ရှင်နဲ့ ဒါရိုက်တာဘဝကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူဟာ စတန့်သမား တစ်ယောက် ဖြစ်သလို MCU ရုပ်ရှင်တွေအများစုမှာလည်း စတန့်ဒါရိုက်တာအဖြစ် ပါဝင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ဇာတ်ညွှန်းတောင် မပြီးသေးတာကြောင့် Extraction 2 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Chris Hemsworth ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ Extraction 2 ဟာ ဒီႏွစ္ကုန္ေလာက္မွာ ႐ိုက္ကူးေရး စတင္သြားမယ္လို႔ ဒါ႐ိုက္တာ Sam Hargrave က ေျပာျပခဲ့ပါတယ္။ Extraction ကေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Netflix original ႐ုပ္ရွင္ျဖစ္ၿပီး လူၾကည့္အမ်ားဆုံး original ႐ုပ္ရွင္ ျဖစ္လာခဲ့ပါတယ္။

Sam Grave က ဒါ႐ိုက္တာအေနနဲ႔ ႐ိုက္ကူးခဲ့ၿပီး Russo Brothers ကေတာ့ ထုတ္လုပ္ခဲ့ပါတယ္။ Chris Hemsworth ကေတာ့ Tyler Rake ဆိုတဲ့ ေၾကးစားစစ္သား ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ သူကေတာ့ Bangladesh မွာရွိတဲ့ ရာဇဝတ္ေခါင္းေဆာင္ တစ္ေယာက္ရဲ႕သားကို သူ႔ရဲ႕ၿပိဳင္ဘက္ေတြ ရန္က ကာကြယ္ပုံကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ထြက္ရွိလာၿပီး သိပ္မၾကာခင္မွာ ေဝဖန္ခ်က္ေတြ မ်ိဴးစုံ ရရွိခဲ့ပါတယ္။ Chris Hemsworth ရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေတြအတြက္ ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြ ရရွိခဲ့ၿပီး ႐ုပ္ရွင္ရဲ႕ သိပ္မခိုင္ခံ့တဲ့ ဇာတ္လမ္းအတြက္ေတာ့ ဆိုး႐ြားတဲ့ ေဝဖန္မႈေတြ ရရွိခဲ့ပါတယ္။

အထူးသျဖင့္ ဒီ႐ုပ္ရွင္ထဲက ၁၂ မိနစ္စာ အက္ရွင္ခန္းေတြေၾကာင့္ ပရိသတ္ေတြၾကားထဲမွာ အလြန္ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီအက္ရွင္ခန္းေတြကိုလည္း ဆက္တိုက္႐ိုက္ကူးထားသလို ပုံစံမ်ိဴး ဖန္တီးထားတာေၾကာင့္ ပရိသတ္ေတြအတြက္ ႏွစ္သက္စရာ ႐ုပ္ရွင္တစ္ကား ျဖစ္လာခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ ထြက္ရွိလာၿပီး မၾကာခင္မွာပဲ sequel ထြက္လာမယ္လို႔ ေၾကညာခဲ့ၿပီး Joe Russo က ဇာတ္ၫႊန္းေရးသြားမယ္လို႔ သိရပါတယ္။

Collider သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ Sam Hargrave ဟာ Extraction 2 နဲ႔ ပတ္သက္တဲ့ သတင္းကို ေျပာျပခဲ့ပါတယ္။ Joe Russo ဟာ ဇာတ္ၫႊန္းကို ေရးသားေနတုန္းပဲ ျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ မျဖစ္ခဲ့ဘူးဆိုရင္ ဒီႏွစ္ကုန္ပိုင္းေလာက္မွာ Extraction 2 ကို စတင္႐ိုက္ကူးသြားမယ္လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

Sam Hargrave ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ေလာေလာဆယ္မွာေတာ့ ကိုဗစ္အေျခအေနဟာ ဆိုး႐ြားေနတုန္း ျဖစ္တာေၾကာင့္ လူတိုင္းက အရမ္းစဥ္းစားေနရပါတယ္။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ကိုေတာ့ ဒီႏွစ္ကုန္ေလာက္မွာ ႐ိုက္ကူးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားေနၾကပါတယ္။ Joe Russo ကေတာ့ ဇာတ္ၫႊန္းကို လက္စသတ္ေနတုန္း ျဖစ္ၿပီး ကြၽန္ေတာ္တို႔အကုန္လုံးလည္း အဲ့ဒီဇာတ္ၫႊန္းကို ဖတ္ခ်င္ေနၾကပါၿပီ ” လို႔ ေျပာခဲ့ပါတယ္။

Sam Hargrave ကေတာ့ Extraction ႐ုပ္ရွင္နဲ႔ ဒါ႐ိုက္တာဘဝကို စတင္ခဲ့တာ ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ သူဟာ စတန႔္သမား တစ္ေယာက္ ျဖစ္သလို MCU ႐ုပ္ရွင္ေတြအမ်ားစုမွာလည္း စတန႔္ဒါ႐ိုက္တာအျဖစ္ ပါဝင္ခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဇာတ္ၫႊန္းေတာင္ မၿပီးေသးတာေၾကာင့္ Extraction 2 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular