HomeCelebs Update NewsInternationalဖောက်ထွင်းဝင်ရောက်မှုနဲ့ တရားစွဲခံထားရပြန်တဲ့ Ezra Miller

ဖောက်ထွင်းဝင်ရောက်မှုနဲ့ တရားစွဲခံထားရပြန်တဲ့ Ezra Miller

DCEU ထဲမှာ The Flash အနေနဲ့ သရုပ်ဆောင်ထားတဲ့ Ezra Miller ကတော့ ယခုတစ်ခါမှာလည်း ဖောက်ထွင်းမှုနဲ့ တရားစွဲခံထားရပြန်ပါတယ်။ သရုပ်ဆောင် Ezra Miller ဟာ မတ်လတည်းက လူတွေကြားမှာ အငြင်းပွားစရာ ဖြစ်စေမယ့် ကိစ္စတွေကို တောက်လျှောက်ပြုလုပ်ခဲ့ပြီး မကြာခဏလည်း တရားစွဲခံခဲ့ရသူ ဖြစ်ပါတယ်။ The Flash ရုပ်ရှင်ရဲ့ ရိုက်ကူးရေးကတော့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ ပြီးဆုံးသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ Ezra Miller ကတော့ အမှုတွေတစ်ခုပြီး တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ မတ်လတည်းက Ezra Miller ဟာ ဟာဝိုင်ယီမှာ နှစ်ကြိမ်အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာလည်း တခြားအမှုတွေများစွာနဲ့ စွပ်စွဲခံရခဲ့ပြီး သတင်းခေါင်းကြီးပိုင်းမှာ အကြိမ်ကြိမ် ပါဝင်ခဲ့ပါတယ်။ Miller ကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာတွေကို ဖျက်ပစ်ခဲ့ပြီး ပြီးခဲ့တဲ့လတွေမှာတော့ ထွက်ပြေးနေခဲ့တာကြောင့် အာဏာပိုင်တွေကလည်း သူ့ကို လိုက်လံရှာဖွေနေပါတယ်။ ဒီလိုသတင်းတွေ ဖြစ်နေတာတောင် WB ဟာ The Flash နေရာမှာ သူ့ကိုအစားထိုးဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ လအနည်းငယ် ထွက်ပြေးတိမ်းရှောင်နေပြီး နောက်မှာတော့ Miller ဟာ နောက်ထပ်အမှုတစ်ခုနဲ့ ထပ်မံတရားစွဲခံထားရတယ်လို့ သိရပါတယ်။ ဩဂုတ်လ (၇)ရက်နေ့မှာတော့ Miller ဟာ ဖောက်ထွင်းမှုတစ်ခုကြောင့် Vermont ရဲစခန်းကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖြစ်အပျက်ကတော့ မေလ (၁)ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး Stamford မြို့ထဲမှာ ဖောက်ထွင်းမှုတစ်ခု ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းရရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန်မှာတော့ အဲဒီဖောက်ထွင်းမှုကို Miller က ပြုလုပ်ခဲ့တာဖြစ်ပြီး အရက်ပုလင်းပေါင်းများစွာကို ခိုးယူခဲ့တယ်ဆိုတဲ့ ဗွီဒီယိုမှတ်တမ်းတွေပါ ရှာတွေ့ခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလ (၂၆)ရက်နေ့မှာတော့ Vermont တရားရုံးချုပ်ရဲ့ Bennington Criminal Division မှာ ကြားနာဖို့ စီစဉ်ထားပါတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ The Flash ရုပ်ရှင်ရဲ့ ရိုက်ကူးရေးဟာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် WB ဟာ တခြားသရုပ်ဆောင်တစ်ယောက်နဲ့ ဒီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးသွားဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားပါတယ်။ အကြောင်းကတော့ ကုန်ကျစရိတ် အလွန်များပြားသွားမှာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း WB ကတော့ ဒီရုပ်ရှင်အပြီးမှာ Miller နဲ့အတူ ထပ်မံအလုပ်လုပ်ဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular