HomeEntertainmentFilmEzra Miller ရဲ့ Flash နေရာမှာ အစားထိုးဖို့ ရေပန်းစားနေတဲ့ Elliot Page

Ezra Miller ရဲ့ Flash နေရာမှာ အစားထိုးဖို့ ရေပန်းစားနေတဲ့ Elliot Page

ယခုအချိန်မှာတော့ ပရိသတ်တွေဟာ Ezra Miller ရဲ့ Flash နေရာမှာ The Umbrella Academy ဇာတ်လမ်းတွဲ သရုပ်ဆောင်ဖြစ်တဲ့ Elliot Page ကို သရုပ်ဆောင်စေချင်နေကြပါတယ်။ DCEU ရဲ့ Flash ရုပ်ရှင်ကတော့ နှစ်ပေါင်းများစွာ ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ၂၀၁၄ ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Ezra Miller ကတော့ Batman vs. Superman: Dawn of Justice ထဲမှာ Flash အနေနဲ့ စတင်ပါဝင်ခဲ့ပြီး ယခုအချိန်မှာတော့ သူ့ရဲ့ဆိုလိုရုပ်ရှင်ဖြစ်တဲ့ The Flash ကတော့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Flash သရုပ်ဆောင်ဖြစ်တဲ့ Ezra Miller ကတော့ ဒီရုပ်ရှင်ကို ရိုက်ကူးအပြီးမှာပဲ လူတွေကြားမှာ အငြင်းပွားရမယ့်ကိစ္စတွေများစွာ တောက်လျှောက် ကျူးလွန်ခဲ့ပါတယ်။ ယခုနှစ် မတ်လနှောင်းပိုင်းမှာတော့ သူဟာ ဟာဝိုင်အီမှာ အဖမ်းခံခဲ့ရပါသေးတယ်။ အဲဒီနောက်မှာလည်း သူဟာ အမှုပေါင်းစုံနဲ့ တရားစွဲဆိုမှုတွေ ခံခဲ့ရပါတယ်။ ဒီအချက်တွေကြောင့်ပဲ ပရိသတ်တွေကတော့ Ezra Miller ကို Flash နေရာက ထုတ်ပယ်ပြီး လူစားထိုးဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။ အရင်တခေါက်ကလည်း ဒီဇာတ်ကောင်နေရာမှာ CW ရဲ့ Flash ဇာတ်လမ်းတွဲ သရုပ်ဆောင်ဖြစ်တဲ့ Grant Gustin ကို ထည့်သွင်းဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါသေးတယ်။

ယခုအချိန်မှာတော့ ပရိသတ်တွေဟာ Ezra Miller နေရာမှာ အစားထိုးဖို့အတွက် နောက်ထပ် သရုပ်ဆောင်တစ်ယောက်ကို ထည့်သွင်းစေချင်နေကြပါတယ်။ အဲဒါကတော့ The Umbrella Academy သရုပ်ဆောင်ဖြစ်တဲ့ Elliot Page ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေ အများအပြားဟာ တွစ်တာပေါ်မှာ Elliot Page ကို DCEU ရဲ့ Flash အသစ်အနေနဲ့ လူစားထိုးဖို့ တောင်းဆိုနေကြပါတယ်။

လောလောဆယ်မှာတော့ Warner Bros. စတူဒီယိုဟာ ဒီသတင်းတွေအားလုံးနဲ့ ပတ်သက်ပြီး ဘာမှပြောကြားထားခြင်း မရှိဘဲ Ezra Miller ကို လူစားထိုးဖို့လည်း ပြောကြားထားခြင်း မရှိပါဘူး။ ယခုဆိုရင်တော့ The Flash ရုပ်ရှင်ရဲ့ ရိုက်ကူးရေးဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး Warner Bros. စတူဒီယိုအနေနဲ့ ယခုအချိန်မှ သရုပ်ဆောင်အသစ်နဲ့ အစက ပြန်လည်ရိုက်ကူးရမယ် ဆိုရင်တော့ ကုန်ကျစရိတ် အလွန်များပြားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Warner Bros. စတူဒီယိုဟာ Ezra Miller နေရာမှာ လူစားထိုးမယ် ဆိုရင်တောင်မှ နောက်ပိုင်းထွက်ရှိလာမယ့် ရုပ်ရှင်အသစ်တွေမှာပဲ အစားထိုးသွားဖို့ များပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular