HomeCelebs Update NewsInternationalEzra Miller ရဲ့ ဖမ်းဆီးခံရမှုအပေါ် ဘာတုန့်ပြန်မှုမှ မပြုလုပ်သေးတဲ့ Warner Bros. စတူဒီယို

Ezra Miller ရဲ့ ဖမ်းဆီးခံရမှုအပေါ် ဘာတုန့်ပြန်မှုမှ မပြုလုပ်သေးတဲ့ Warner Bros. စတူဒီယို

လောလောဆယ်မှာတော့ Ezra Miller ဟာ အသစ်ထွက်ရှိလာမယ့် Fantastic Beasts ရုပ်ရှင်တွေထဲမှာ ပါဝင်လာဖို့ မရှိသေးဘဲ DCEU ထဲမှာလည်း The Flash အပြီးမှာ သူ့ရဲ့အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။ အကြောင်းကတော့ Ezra Miller ဟာ မကြာသေးခင်ကပဲ Hawaii မှာ စုံတွဲတစ်တွဲကို အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ယခုလည်း နောက်ထပ် အကြမ်းဖက်မှု‌တစ်ခုကို ထပ်မံကျူးလွန်ခဲ့တာကြောင့် နောက်ထပ်တစ်ခါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြန်ပါတယ်။

photo via screenrant

Miller ဟာ စုံတွဲတစ်တွဲရဲ့ တိုက်ခန်းထဲကို ဖောက်ဝင်ပြီး အသက်ကို ခြိမ်းခြောက်ကာ ပိုက်ဆံအိတ်၊ ပါ့တ်စပို့အစရှိတဲ့ ပစ္စည်းတွေကိုလည်း ခိုးယူသွားပါတယ်။ ဒါကြောင့်ပဲ သူဟာ ပြီးခဲ့တဲ့ မတ်လ (၂၇)ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ခံဝန်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ (၁၂)ရက်နေ့မှာတော့ အဆိုပါစုံတွဲက အမှုပိတ်ပေးလိုက်တာကြောင့် သက်သာရာရခဲ့ပါတယ်။ သို့သော်လည်း ရက်သတ္တပတ် အနည်းငယ်သာ ခြားပြီး Miller ဟာ နောက်ထပ် ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်ပြန်ပါတယ်။ အဲဒါကတော့ အသက်(၂၆)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ခုံတစ်လုံးနဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီမိန်းကလေးကတော့ နဖူးမှာ လက်မဝက်ခန့် ကွဲသွားတယ်လို့ သိရပါတယ်။

Warner Bros. ကတော့ ယခုအချိန်ထိ Miller ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာမှပြောဆိုခြင်း မရှိသေးသလို သူ့ရဲ့ Fantastic Beasts Franchise နဲ့ DCEU ထဲက အနာဂတ်တွေကိုလည်း ဘာမှထပ်ပြီး ကြေညာခြင်း မရှိသေးပါဘူး။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Fantastic Beasts Franchise ထဲမှာ Miller ကို ထပ်မံထည့်သွင်းဖို့ စီစဉ်ထားတာ မရှိဘူးလို့လည်း သိရပါတယ်။

photo via screenrant

Warner Bros. စတူဒီယိုဟာ Miller ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် ဘာမှတ်ချက်မှ မပေးထားသလို Miller ရဲ့ ကိုယ်စားလှယ်တွေကလည်း ဘာထုတ်ပြန်ချက်မှ မထုတ်ပြန်သေးပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကတော့ Miller ပထမအကြိမ် အဖမ်းခံလိုက်ရအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး Warner Bros. နဲ့ DC Film တို့က အရေးပေါ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီသတင်းဟာ အမှန်မဟုတ်ကြောင်းကို Warner Bros. က ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

ပရိသတ်အများစုကတော့ ယခုလို လူမှုရေးပြစ်မှုတွေနဲ့ ဝန်းရံနေတဲ့ Ezra Miller အစား ဇာတ်လမ်းတွဲသရုပ်ဆောင် Grant Gustin ကို The Flash ရုပ်ရှင်ထဲမှာ ထည့်သွင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular