HomeCharacterRiddler နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

Riddler နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Riddler ဟာ ၁၉၄၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Detective Comics #140 ဆိုတဲ့ comic မှာစတင်ပြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ Bat Man ရဲ့အကြီးမားဆုံးရန်သူဖြစ်တဲ့ Joker လောက်နီးနီးကို နာမည်ကြီးပြီးတော့ ပရိသတ်တွေအများအပြား ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဘာစွမ်းအားမှ မရှိပေမယ့်လည်း ဉာဏ်အရမ်းကောင်းလွန်းတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် အစီအစဉ်ဆွဲတဲ့နေရာတွေမှာ ဆရာကျသူလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မသိသေးတဲ့သူတွေ သိရအောင်လို့ သူ့ရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့နာမည်အရင်းဟာ Edward Nigma မဟုတ်ပါဘူး။
photo via screenrant

သူဟာလည်း နာမည်အကြီးဆုံးဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ Joker နဲ့တူနေတဲ့အချက်တွေ တော်တော်များများရှိပါတယ်။ အဲ့ဒါတွေကတော့ သူဟာလည်း စိတ်ကျန်းမာရေးထိခိုက်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ IQ ဟာ ၁၅၀ နဲ့ ၁၆၀ ကြားမှာရှိပြီးတော့ Joker နဲ့သိပ်ပြီး မကွာပါဘူး။ Joker ဟာအချိန်တွေတော်တော်ကြာတဲ့အထိ သူဘယ်သူဆိုတာမသိခဲ့ကြသလိုမျိုး Riddler ရဲ့နာမည်အရင်းကိုလည်း အချိန်တော်တော်ကြာတဲ့အထိ မသိခဲ့ကြပါဘူး။

Bat Man ရုပ်ရှင်တွေနဲ့ Gotham တို့လိုဇာတ်လမ်းတွဲတွေမှာတော့ Edward Nigma လို့သုံးထားပေမယ့် တကယ်တော့ အဲ့ဒါက သူ့ရဲ့နာမည်အရင်းမဟုတ်ပါဘူး။ သူဟာ Edward Nashton ဆိုတဲ့နာမည်နဲ့ မွေးဖွားခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ သူ့ကိုယ်ကို E.Nigma လို့ခေါ်ပါတော့တယ်။ သူဟာ ပဟေဋိတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး အခုလိုနာမည်ပြောင်းလိုက်တာကလည်း သူ့ရဲ့ပဟေဋိတွေနဲ့ သက်ဆိုင်နေမှာလားဆိုတာကတော့ ဘယ်သူကမှ မသိကြပါဘူး။

Edward ရဲ့ငယ်ဘဝ
photo via screenrant

Edward ဟာဉာဏ်ကောင်းပြီးထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီးတော့ ကမ္ဘာကြီးအကြောင်းကို အမြဲတမ်းမေးခွန်းထုတ်နေတတ်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူဟာ အန္တရာယ်တွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိတဲ့ အားနည်းနေတဲ့ကလေးတစ်ယောက်လည်း ဖြစ်နေခဲ့တာကြောင့် သူဟာ အနိုင်ကျင့်မှုတွေခံခဲ့ရပြီး သူ့ရဲ့အဖေဟာလည်း မကြာခဏနှိပ်စက်လေ့ရှိပါတယ်။ အဲ့လိုအချိန်တွေဆိုရင် သူဟာ စွမ်းအားမဲ့သလိုခံစားနေခဲ့ရပြီး သူအားသာတဲ့အချက်ဖြစ်တဲ့ ဉာဏ်ရည်ကို ပိုပြီးကောင်းလာအောင် ဗဟုသုတတွေအများကြီးတိုးလာအောင်နဲ့ ဉာဏ်ရည်ကိုပိုပြီးကောင်းလာအောင် လေ့ကျင့်ခဲ့ပါတယ်။ အဲ့လိုနဲ့ သူဟာမူလကျောင်းတက်နေတဲ့တစ်ရက်မှာတော့ သူ့ရဲ့ဆရာက ပဟေဋိတစ်ခုကိုအဖြေရှာခိုင်းပြီးတော့ အမြန်ဆုံးအဖြေရှာနိုင်တဲ့သူကို ဆုချမယ်ဆိုပြီးကြေငြာခဲ့ပါတယ်။

သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ အရှုံးသမားတစ်ယောက်လိုနေထိုင်ခဲ့ရတာဖြစ်ပြီးတော့ ဒီပြိုင်ပွဲမှာသာ သူနိုင်သွားရင် နာမည်ကြီးသွားပြီး လူချစ်လူခင်လည်း ပေါများသွားမယ်လို့ထင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီညမှာ ကျောင်းကိုခိုးဝင်ခဲ့ပြီးတော့ အဲ့ဒီပဟေဋိကို မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်လောက်တဲ့အထိ လေ့ကျင့်ခဲ့ပါတယ်။ နောက်ရက်ပြိုင်ပွဲကို ပြုလုပ်တဲ့အချိန်မှာတော့ သူဟာ လွယ်လွယ်ကူကူနဲ့ပဲအနိုင်ရသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူထင်ထားခဲ့သလို သူ့ရဲ့အောင်မြင်မှုကို အသိအမှတ်မပြုခဲ့ကြတဲ့အပြင် အနိုင်ကျင့်မှုတွေက ပိုပြီးတော့တောင်မှ ဆိုးရွားလာခဲ့ပါတယ်။ သူ့ရဲ့တစ်ဘဝလုံးမှာ ဘယ်သူကမှ သူ့ရဲ့အောင်မြင်မှုတွေကို အသိအမှတ်မပြုခဲ့ကြဘဲ ငကြောင်တစ်ယောက်လိုသာဆက်ဆံလာခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ သူ့ရဲ့ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့်ပဲ စိတ်ကျန်းမာရေးထိခိုက်ခဲ့ရပြီးတော့ Riddler ဖြစ်လာခဲ့ပါတယ်။

သူဟာ ကင်ဆာဖြစ်ခဲ့ဖူးပါသေးတယ်။
photo via screenrant

Bat Man ရဲ့ဗီလိန်တွေတော်တော်များများဟာ Bat Man နဲ့လက်ရုံးရည်ချင်းယှဉ်ပြီး တိုက်ခိုက်ကြပေမယ့် သူကတော့ ဉာဏ်ရည်ကိုအသုံးပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုတားဆီးဖို့အတွက် ခက်ခဲနေရတာကလည်း သူ့ရဲ့ဉာဏ်ကောင်းမှုတွေနဲ့ အစီအစဉ်ချတတ်တဲ့စွမ်းရည်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူဟာ သာမန်လူတစ်ယောက်ဖြစ်ပြီး ဘာစွမ်းအားမှလည်း မရှိသလို အားနည်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ရောဂါတစ်ခုခု ဖြစ်ရုံနဲ့ သေသွားနိုင်ပါတယ်။

တစ်ရက်မှာတော့ သူရဲ့အားအကိုးရဆုံးအရာတစ်ခုဖြစ်တဲ့ သူ့ရဲ့ဉီးနှောက်မှာတော့ ကင်ဆာဖြစ်နေခဲ့ပါတယ်။ သူဟာအဲ့လိုအခြေအနေမှာတော့ ဘာဆေးကုသမှုမှ မခံယူဘဲ Ra’s al Ghul ကိုနှစ်ပေါင်းများစွာကြာအောင် အသက်ဆက်လက်ရှင်စေခဲ့တဲ့ Lazarus ရေကန်ကို လိုက်ရှာခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ သူဟာရှာတွေ့သွားပြီးတော့ အဲ့ဒီထဲကရေကိုသောက်လိုက်တာကြောင့် သူ့ရဲ့ဉီးနှောက်ကင်ဆာဟာ ပျောက်ကင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ,ခိုးဝင်ပြီးတော့ Lazarus ရေကန်ထဲကရေကို သောက်သွားတယ်ဆိုတာကို Ra’s al Ghul ဟာ လုံးဝကို သတိမထားမိခဲ့ပါဘူး။

သူဟာ Bat Man ဘယ်သူလည်းဆိုတာကို သိတဲ့လူနည်းစုတွေထဲက တစ်ယောက်ပါ။
photo via screenrant

ပရိသတ်တွေအနေနဲ့ကြည့်ရင်တော့ Bruce ဟာ Bat Man ဆိုတာကို အစထဲကသိနေပြီးတဲ့အတွက် သိပ်တော့ ထူးဆန်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဂေါ့သမ်မြို့ရဲ့မြို့သားတွေအနေနဲ့ကြည့်ရင်တော့ ဒီကိစ္စဟာ တော်ရုံနဲ့ သိဖို့မလွယ်တဲ့ ကိစ္စတစ်ခုပါ။ အကြောင်းကတော့ Bruce ဟာ လိုချင်တာမှန်သမျှ ရနိုင်တဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် ဘဝကိုပေါ့ပေါ့လေး ဖြတ်သန်းနေတဲ့ ဘီလျံနာတစ်ယောက် ဖြစ်ပြီးတော့ ဒီလိုလူဟာ ညဘက်တွေမှာ လင်းနို့ဝတ်စုံကြီးဝတ်ပြီး ရာဇဝတ်သားတွေကို လိုက်တိုက်ခိုက်နေမယ်လို့တော့ ဘယ်သူကမှ တွေးမိမှာမဟုတ်ပါဘူး။

ဒါပေမဲ့လည်း Edward ဟာ Lazarus ရေကန်ထဲကရေကိုသောက်ပြီး ကင်ဆာပျောက်သွားပြီးတဲ့အချိန်မှာတော့ Bruce Wayne ဟာ Bat Man ဆိုတာကို သိသွားခဲ့ပါတယ်။ ပရဟိတပွဲတစ်ခုကို တက်ရောက်တဲ့အချိန်မှာ သူဟာ သဲလွန်စတွေကို အသုံးပြုပြီးတော့ Bruce ဟာ Bat Man ဆိုတာကို သိသွားရုံတင်မကဘဲ Joker သတ်တာခံလိုက်ရတဲ့ ဒုတိယ Robin ဟာလည်း Jason Todd ဆိုတာကို သိသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူဟာ အဲ့ဒီအချက်အလက်တွေကို အသုံးပြုပြီးတော့ Bat Man ကိုဒုက္ခပေးဖို့အတွက် အသွင်ပြောင်းနိုင်တဲ့ Clayface ကိုငှားခဲ့ပြီးတော့ Jason Todd အဖြစ် သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။

လူတစ်ကိုယ် စိတ်နှစ်မျိုးဖြစ်နေတဲ့ စိတ်ရောဂါကို ခံစားနေရပါတယ်။
photo via screenrant

သူဟာ ဉီးနှောက်ကင်ဆာဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း နောက်ထပ်တစ်ကြိမ် သူ့ရဲ့ဉီးနှောက်ဟာ ထိခိုက်သွားခဲ့ပါတယ်။ အဲ့ဒီထိခိုက်မှုကြောင့်ပဲ သူဟာ တစ်နှစ်လောက် ကိုမာဝင်သွားခဲ့ပြီးတော့ ကိုမာကနေ ပြန်ပြီးနိူးထလာတဲ့အချိန်မှာတော့ သူဟာ နောက်ထပ်လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ Riddler မဟုတ်တော့ဘဲ သာမန်လူတစ်ယောက်ဖြစ်သွားပြီး ပဟေဋိတွေကို စွဲလမ်းနေတဲ့စိတ်ဟာလည်း ပျောက်သွားသလို သူ့ရဲ့နာမည်ကိုတောင်မှ သိပ်ပြီးမမှတ်မိတော့တဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် အရင်လိုမျိုး ထက်မြက်တဲ့ဉာဏ်ရည်ဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့လိုဖြစ်သွားတာကြောင့် Bat Man ဘယ်သူဆိုတာကိုလည်း မေ့သွားခဲ့ပြီး သာမန်လူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကို ပြန်ရရှိလာပြီးတော့ ဂေါ့သမ်ရဲဌာနနဲ့ Bat Man တို့နဲ့ပူးပေါင်းခဲ့ပြီးတော့ မှုခင်းတွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ Bat Man ဟာအစပိုင်းမှာတော့ သံသယဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Edward ရဲ့ကူညီမှုတွေကို လက်ခံခဲ့ပြီးတော့ အလုပ်အတူတွဲလုပ်ခဲ့ကြပါတယ်။ အဲ့လိုနဲ့အချိန်တွေကြာသွားတဲ့အချိန်မှာတော့ သူဟာ Riddler ပြန်ဖြစ်သွားပြီး ရာဇဝတ်ကောင်တစ်ယောက် ပြန်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ဉာဏ်ကောင်းပြီး အားနည်းတဲ့ Edward Nigma ဆိုတဲ့သာမန်လူတစ်ယောက်နဲ့ ထက်မြက်တဲ့ဉာဏ်ရည်ကို အသုံးချပြီးတော့ ဒုစရိုက်မှုတွေကို ကျူးလွန်နေတဲ့ Riddler ဆိုတဲ့ လူတစ်ယောက်အဖြစ်နဲ့ လူတစ်ကိုယ်စိတ်နှစ်မျိုးဖြစ်နေတဲ့ စိတ်ရောဂါကို ခံစားနေခဲ့ရပါတယ်။

သူဟာ Dark Knight Rises မှာ အဓိကဗီလိန်အဖြစ်နဲ့ ပါဝင်ဖို့အတွက် စီစဉ်ခဲ့ဖူးပါတယ်။
photo via cbr

Christian Bale သရုပ်ဆောင်ခဲ့တဲ့ Bat Man trilogy ဟာ တော်တော်လေးကို အောင်မြင်ခဲ့ပြီးတော့ သုံးကားမြောက်မှာတော့ မိန်းဗီလိန်အဖြစ်နဲ့ Bane ကိုထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒုတိယမြောက်ကားဖြစ်တဲ့ The Dark Knight ကားထွက်ပြီးတဲ့နောက်မှာတော့ တော်တော်လေးကို အောင်မြင်ခဲ့ပြီး တတိယမြောက်ကားအတွက် မိန်းဗီလိန်ကို Riddler အဖြစ်နဲ့ ထည့်သွင်းဖို့အတွက် စီစဉ်ခဲ့ပါတယ်။

WB ကလည်း အဲ့ဒီအစီအစဉ်ကို သဘောတူပြီးတော့ ဒါရိုက်တာဖြစ်သူ Nolan ဟာလည်း အဲ့ဒီအစီအစဉ်ကို သဘောကျခဲ့ပြီးတော့ Riddler နေရာမှာ Leonardo DiCaprio ကိုသရုပ်ဆောင်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအစီအစဉ်ဟာ ပျက်စီးသွားခဲ့ပြီး Bane ကိုမိန်းဗီလိန်အဖြစ်နဲ့ ထည့်သွင်းခဲ့ပါတယ်။ အကယ်၍သာ အဲ့ဒီအစီအစဉ်ဟာ လုပ်ဖြစ်ခဲ့တယ်ဆိုရင်တော့ Leonardo DiCaprio ရဲ့ Riddler အဖြစ်သရုပ်ဆောင်တာကို မြင်တွေ့ခဲ့ရဖို့အတွက် တော်တော်လေးကို ရာခိုင်နှုန်းများခဲ့ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Riddler ဟာ ၁၉၄၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Detective Comics #140 ဆိုတဲ့ comic မွာစတင္ၿပီး ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ Bat Man ရဲ႕အႀကီးမားဆုံးရန္သူျဖစ္တဲ့ Joker ေလာက္နီးနီးကို နာမည္ႀကီးၿပီးေတာ့ ပရိသတ္ေတြအမ်ားအျပား ပိုင္ဆိုင္ထားသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ဘာစြမ္းအားမွ မရွိေပမယ့္လည္း ဉာဏ္အရမ္းေကာင္းလြန္းတဲ့ သူတစ္ေယာက္ ျဖစ္တာေၾကာင့္ အစီအစဥ္ဆြဲတဲ့ေနရာေတြမွာ ဆရာက်သူလည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ မသိေသးတဲ့သူေတြ သိရေအာင္လို႔ သူ႔ရဲ႕အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕နာမည္အရင္းဟာ Edward Nigma မဟုတ္ပါဘူး။
photo via screenrant

သူဟာလည္း နာမည္အႀကီးဆုံးဗီလိန္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ Joker နဲ႔တူေနတဲ့အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ အဲ့ဒါေတြကေတာ့ သူဟာလည္း စိတ္က်န္းမာေရးထိခိုက္ထားတဲ့သူတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕ IQ ဟာ ၁၅၀ နဲ႔ ၁၆၀ ၾကားမွာရွိၿပီးေတာ့ Joker နဲ႔သိပ္ၿပီး မကြာပါဘူး။ Joker ဟာအခ်ိန္ေတြေတာ္ေတာ္ၾကာတဲ့အထိ သူဘယ္သူဆိုတာမသိခဲ့ၾကသလိုမ်ိဳး Riddler ရဲ႕နာမည္အရင္းကိုလည္း အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ မသိခဲ့ၾကပါဘူး။

Bat Man ႐ုပ္ရွင္ေတြနဲ႔ Gotham တို႔လိုဇာတ္လမ္းတြဲေတြမွာေတာ့ Edward Nigma လို႔သုံးထားေပမယ့္ တကယ္ေတာ့ အဲ့ဒါက သူ႔ရဲ႕နာမည္အရင္းမဟုတ္ပါဘူး။ သူဟာ Edward Nashton ဆိုတဲ့နာမည္နဲ႔ ေမြးဖြားခဲ့တာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူ႔ကိုယ္ကို E.Nigma လို႔ေခၚပါေတာ့တယ္။ သူဟာ ပေဟဋိေတြကို ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး အခုလိုနာမည္ေျပာင္းလိုက္တာကလည္း သူ႔ရဲ႕ပေဟဋိေတြနဲ႔ သက္ဆိုင္ေနမွာလားဆိုတာကေတာ့ ဘယ္သူကမွ မသိၾကပါဘူး။

Edward ရဲ႕ငယ္ဘဝ
photo via screenrant

Edward ဟာဉာဏ္ေကာင္းၿပီးထက္ျမက္တဲ့ ကေလးတစ္ေယာက္ျဖစ္ၿပီးေတာ့ ကမာၻႀကီးအေၾကာင္းကို အၿမဲတမ္းေမးခြန္းထုတ္ေနတတ္တဲ့ကေလးတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူဟာ အႏၲရာယ္ေတြကေန ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္စြမ္းမရွိတဲ့ အားနည္းေနတဲ့ကေလးတစ္ေယာက္လည္း ျဖစ္ေနခဲ့တာေၾကာင့္ သူဟာ အႏိုင္က်င့္မႈေတြခံခဲ့ရၿပီး သူ႔ရဲ႕အေဖဟာလည္း မၾကာခဏႏွိပ္စက္ေလ့ရွိပါတယ္။ အဲ့လိုအခ်ိန္ေတြဆိုရင္ သူဟာ စြမ္းအားမဲ့သလိုခံစားေနခဲ့ရၿပီး သူအားသာတဲ့အခ်က္ျဖစ္တဲ့ ဉာဏ္ရည္ကို ပိုၿပီးေကာင္းလာေအာင္ ဗဟုသုတေတြအမ်ားႀကီးတိုးလာေအာင္နဲ႔ ဉာဏ္ရည္ကိုပိုၿပီးေကာင္းလာေအာင္ ေလ့က်င့္ခဲ့ပါတယ္။ အဲ့လိုနဲ႔ သူဟာမူလေက်ာင္းတက္ေနတဲ့တစ္ရက္မွာေတာ့ သူ႔ရဲ႕ဆရာက ပေဟဋိတစ္ခုကိုအေျဖရွာခိုင္းၿပီးေတာ့ အျမန္ဆုံးအေျဖရွာႏိုင္တဲ့သူကို ဆုခ်မယ္ဆိုၿပီးေၾကျငာခဲ့ပါတယ္။

သူ႔ရဲ႕ဘဝတစ္ေလွ်ာက္လုံးမွာ အရႈံးသမားတစ္ေယာက္လိုေနထိုင္ခဲ့ရတာျဖစ္ၿပီးေတာ့ ဒီၿပိဳင္ပြဲမွာသာ သူႏိုင္သြားရင္ နာမည္ႀကီးသြားၿပီး လူခ်စ္လူခင္လည္း ေပါမ်ားသြားမယ္လို႔ထင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီညမွာ ေက်ာင္းကိုခိုးဝင္ခဲ့ၿပီးေတာ့ အဲ့ဒီပေဟဋိကို မိနစ္ပိုင္းအတြင္း ေျဖရွင္းႏိုင္ေလာက္တဲ့အထိ ေလ့က်င့္ခဲ့ပါတယ္။ ေနာက္ရက္ၿပိဳင္ပြဲကို ျပဳလုပ္တဲ့အခ်ိန္မွာေတာ့ သူဟာ လြယ္လြယ္ကူကူနဲ႔ပဲအႏိုင္ရသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း သူထင္ထားခဲ့သလို သူ႔ရဲ႕ေအာင္ျမင္မႈကို အသိအမွတ္မျပဳခဲ့ၾကတဲ့အျပင္ အႏိုင္က်င့္မႈေတြက ပိုၿပီးေတာ့ေတာင္မွ ဆိုး႐ြားလာခဲ့ပါတယ္။ သူ႔ရဲ႕တစ္ဘဝလုံးမွာ ဘယ္သူကမွ သူ႔ရဲ႕ေအာင္ျမင္မႈေတြကို အသိအမွတ္မျပဳခဲ့ၾကဘဲ ငေၾကာင္တစ္ေယာက္လိုသာဆက္ဆံလာခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ငယ္ဘဝက စိတ္ဒဏ္ရာေတြေၾကာင့္ပဲ စိတ္က်န္းမာေရးထိခိုက္ခဲ့ရၿပီးေတာ့ Riddler ျဖစ္လာခဲ့ပါတယ္။

သူဟာ ကင္ဆာျဖစ္ခဲ့ဖူးပါေသးတယ္။
photo via screenrant

Bat Man ရဲ႕ဗီလိန္ေတြေတာ္ေတာ္မ်ားမ်ားဟာ Bat Man နဲ႔လက္႐ုံးရည္ခ်င္းယွဥ္ၿပီး တိုက္ခိုက္ၾကေပမယ့္ သူကေတာ့ ဉာဏ္ရည္ကိုအသုံးၿပီးေတာ့ တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကိုတားဆီးဖို႔အတြက္ ခက္ခဲေနရတာကလည္း သူ႔ရဲ႕ဉာဏ္ေကာင္းမႈေတြနဲ႔ အစီအစဥ္ခ်တတ္တဲ့စြမ္းရည္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း သူဟာ သာမန္လူတစ္ေယာက္ျဖစ္ၿပီး ဘာစြမ္းအားမွလည္း မရွိသလို အားနည္းတဲ့လူတစ္ေယာက္ျဖစ္တာေၾကာင့္ ေရာဂါတစ္ခုခု ျဖစ္႐ုံနဲ႔ ေသသြားႏိုင္ပါတယ္။

တစ္ရက္မွာေတာ့ သူရဲ႕အားအကိုးရဆုံးအရာတစ္ခုျဖစ္တဲ့ သူ႔ရဲ႕ဉီးေႏွာက္မွာေတာ့ ကင္ဆာျဖစ္ေနခဲ့ပါတယ္။ သူဟာအဲ့လိုအေျခအေနမွာေတာ့ ဘာေဆးကုသမႈမွ မခံယူဘဲ Ra’s al Ghul ကိုႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အသက္ဆက္လက္ရွင္ေစခဲ့တဲ့ Lazarus ေရကန္ကို လိုက္ရွာခဲ့ပါတယ္။ သိပ္မၾကာခင္မွာေတာ့ သူဟာရွာေတြ႕သြားၿပီးေတာ့ အဲ့ဒီထဲကေရကိုေသာက္လိုက္တာေၾကာင့္ သူ႔ရဲ႕ဉီးေႏွာက္ကင္ဆာဟာ ေပ်ာက္ကင္းသြားခဲ့ပါတယ္။ ဒါေပမဲ့ သူ,ခိုးဝင္ၿပီးေတာ့ Lazarus ေရကန္ထဲကေရကို ေသာက္သြားတယ္ဆိုတာကို Ra’s al Ghul ဟာ လုံးဝကို သတိမထားမိခဲ့ပါဘူး။

သူဟာ Bat Man ဘယ္သူလည္းဆိုတာကို သိတဲ့လူနည္းစုေတြထဲက တစ္ေယာက္ပါ။
photo via screenrant

ပရိသတ္ေတြအေနနဲ႔ၾကည့္ရင္ေတာ့ Bruce ဟာ Bat Man ဆိုတာကို အစထဲကသိေနၿပီးတဲ့အတြက္ သိပ္ေတာ့ ထူးဆန္းမွာ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ေဂါ့သမ္ၿမိဳ႕ရဲ႕ၿမိဳ႕သားေတြအေနနဲ႔ၾကည့္ရင္ေတာ့ ဒီကိစၥဟာ ေတာ္႐ုံနဲ႔ သိဖို႔မလြယ္တဲ့ ကိစၥတစ္ခုပါ။ အေၾကာင္းကေတာ့ Bruce ဟာ လိုခ်င္တာမွန္သမွ် ရႏိုင္တဲ့ ဘဝကိုပိုင္ဆိုင္ထားတဲ့လူတစ္ေယာက္ျဖစ္တဲ့အျပင္ ဘဝကိုေပါ့ေပါ့ေလး ျဖတ္သန္းေနတဲ့ ဘီလ်ံနာတစ္ေယာက္ ျဖစ္ၿပီးေတာ့ ဒီလိုလူဟာ ညဘက္ေတြမွာ လင္းႏို႔ဝတ္စုံႀကီးဝတ္ၿပီး ရာဇဝတ္သားေတြကို လိုက္တိုက္ခိုက္ေနမယ္လို႔ေတာ့ ဘယ္သူကမွ ေတြးမိမွာမဟုတ္ပါဘူး။

ဒါေပမဲ့လည္း Edward ဟာ Lazarus ေရကန္ထဲကေရကိုေသာက္ၿပီး ကင္ဆာေပ်ာက္သြားၿပီးတဲ့အခ်ိန္မွာေတာ့ Bruce Wayne ဟာ Bat Man ဆိုတာကို သိသြားခဲ့ပါတယ္။ ပရဟိတပြဲတစ္ခုကို တက္ေရာက္တဲ့အခ်ိန္မွာ သူဟာ သဲလြန္စေတြကို အသုံးျပဳၿပီးေတာ့ Bruce ဟာ Bat Man ဆိုတာကို သိသြား႐ုံတင္မကဘဲ Joker သတ္တာခံလိုက္ရတဲ့ ဒုတိယ Robin ဟာလည္း Jason Todd ဆိုတာကို သိသြားခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ သူဟာ အဲ့ဒီအခ်က္အလက္ေတြကို အသုံးျပဳၿပီးေတာ့ Bat Man ကိုဒုကၡေပးဖို႔အတြက္ အသြင္ေျပာင္းႏိုင္တဲ့ Clayface ကိုငွားခဲ့ၿပီးေတာ့ Jason Todd အျဖစ္ သ႐ုပ္ေဆာင္ခိုင္းခဲ့ပါတယ္။

လူတစ္ကိုယ္ စိတ္ႏွစ္မ်ိဳးျဖစ္ေနတဲ့ စိတ္ေရာဂါကို ခံစားေနရပါတယ္။
photo via screenrant

သူဟာ ဉီးေႏွာက္ကင္ဆာျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာလည္း ေနာက္ထပ္တစ္ႀကိမ္ သူ႔ရဲ႕ဉီးေႏွာက္ဟာ ထိခိုက္သြားခဲ့ပါတယ္။ အဲ့ဒီထိခိုက္မႈေၾကာင့္ပဲ သူဟာ တစ္ႏွစ္ေလာက္ ကိုမာဝင္သြားခဲ့ၿပီးေတာ့ ကိုမာကေန ျပန္ၿပီးႏိူးထလာတဲ့အခ်ိန္မွာေတာ့ သူဟာ ေနာက္ထပ္လူတစ္ေယာက္ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ Riddler မဟုတ္ေတာ့ဘဲ သာမန္လူတစ္ေယာက္ျဖစ္သြားၿပီး ပေဟဋိေတြကို စြဲလမ္းေနတဲ့စိတ္ဟာလည္း ေပ်ာက္သြားသလို သူ႔ရဲ႕နာမည္ကိုေတာင္မွ သိပ္ၿပီးမမွတ္မိေတာ့တဲ့အေျခအေနျဖစ္သြားခဲ့ပါတယ္။ ဒါ့အျပင္ အရင္လိုမ်ိဳး ထက္ျမက္တဲ့ဉာဏ္ရည္ဟာလည္း ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ အဲ့လိုျဖစ္သြားတာေၾကာင့္ Bat Man ဘယ္သူဆိုတာကိုလည္း ေမ့သြားခဲ့ၿပီး သာမန္လူတစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ထက္ျမက္တဲ့ဉာဏ္ရည္ကို ျပန္ရရွိလာၿပီးေတာ့ ေဂါ့သမ္ရဲဌာနနဲ႔ Bat Man တို႔နဲ႔ပူးေပါင္းခဲ့ၿပီးေတာ့ မႈခင္းေတြကို လိုက္လံစုံစမ္းခဲ့ပါတယ္။ Bat Man ဟာအစပိုင္းမွာေတာ့ သံသယျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ Edward ရဲ႕ကူညီမႈေတြကို လက္ခံခဲ့ၿပီးေတာ့ အလုပ္အတူတြဲလုပ္ခဲ့ၾကပါတယ္။ အဲ့လိုနဲ႔အခ်ိန္ေတြၾကာသြားတဲ့အခ်ိန္မွာေတာ့ သူဟာ Riddler ျပန္ျဖစ္သြားၿပီး ရာဇဝတ္ေကာင္တစ္ေယာက္ ျပန္ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ဉာဏ္ေကာင္းၿပီး အားနည္းတဲ့ Edward Nigma ဆိုတဲ့သာမန္လူတစ္ေယာက္နဲ႔ ထက္ျမက္တဲ့ဉာဏ္ရည္ကို အသုံးခ်ၿပီးေတာ့ ဒုစ႐ိုက္မႈေတြကို က်ဴးလြန္ေနတဲ့ Riddler ဆိုတဲ့ လူတစ္ေယာက္အျဖစ္နဲ႔ လူတစ္ကိုယ္စိတ္ႏွစ္မ်ိဳးျဖစ္ေနတဲ့ စိတ္ေရာဂါကို ခံစားေနခဲ့ရပါတယ္။

သူဟာ Dark Knight Rises မွာ အဓိကဗီလိန္အျဖစ္နဲ႔ ပါဝင္ဖို႔အတြက္ စီစဥ္ခဲ့ဖူးပါတယ္။
photo via cbr

Christian Bale သ႐ုပ္ေဆာင္ခဲ့တဲ့ Bat Man trilogy ဟာ ေတာ္ေတာ္ေလးကို ေအာင္ျမင္ခဲ့ၿပီးေတာ့ သုံးကားေျမာက္မွာေတာ့ မိန္းဗီလိန္အျဖစ္နဲ႔ Bane ကိုထည့္သြင္းခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒုတိယေျမာက္ကားျဖစ္တဲ့ The Dark Knight ကားထြက္ၿပီးတဲ့ေနာက္မွာေတာ့ ေတာ္ေတာ္ေလးကို ေအာင္ျမင္ခဲ့ၿပီး တတိယေျမာက္ကားအတြက္ မိန္းဗီလိန္ကို Riddler အျဖစ္နဲ႔ ထည့္သြင္းဖို႔အတြက္ စီစဥ္ခဲ့ပါတယ္။

WB ကလည္း အဲ့ဒီအစီအစဥ္ကို သေဘာတူၿပီးေတာ့ ဒါ႐ိုက္တာျဖစ္သူ Nolan ဟာလည္း အဲ့ဒီအစီအစဥ္ကို သေဘာက်ခဲ့ၿပီးေတာ့ Riddler ေနရာမွာ Leonardo DiCaprio ကိုသ႐ုပ္ေဆာင္ေစခ်င္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဲ့ဒီအစီအစဥ္ဟာ ပ်က္စီးသြားခဲ့ၿပီး Bane ကိုမိန္းဗီလိန္အျဖစ္နဲ႔ ထည့္သြင္းခဲ့ပါတယ္။ အကယ္၍သာ အဲ့ဒီအစီအစဥ္ဟာ လုပ္ျဖစ္ခဲ့တယ္ဆိုရင္ေတာ့ Leonardo DiCaprio ရဲ႕ Riddler အျဖစ္သ႐ုပ္ေဆာင္တာကို ျမင္ေတြ႕ခဲ့ရဖို႔အတြက္ ေတာ္ေတာ္ေလးကို ရာခိုင္ႏႈန္းမ်ားခဲ့ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular