HomeEntertainmentFilmEdward Scissorhands ဇာတ်ကားအကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

Edward Scissorhands ဇာတ်ကားအကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Edward Scissorhands ဟာ ၁၉၉၀ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပြီးတော့ Johnny Depp အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Johnny Depp ဟာ လက်ချောင်းတွေနေရာမှာ ကတ်ကြေးတွေရှိနေတဲ့ ထူးဆန်းတဲ့ လူတစ်ယောက်နေရာက သရုပ်ဆောင်ထားကာ အရမ်းလည်း အောင်မြင်ခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ဒီဇာတ်ကားရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Tom Cruise ဟာ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် နီးစပ်ခဲ့ပါတယ်။
photo via screenrant

Tom Cruise ဟာ ၁၉၈၀နှောင်းပိုင်းလောက်က စတင်ပြီး ဟောလိဝုဒ်မှာ အရှိန်အဝါရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါပြီ။ ဒါကြောင့်လည်း ဒီဇာတ်ကားကို ရိုက်ဖို့စီစဉ်ကြတဲ့အချိန်မှာ စတားပါဝါအရ အားကောင်းနေတဲ့ Tom Cruise ကို 20th Century Fox က လိုချင်ခဲ့ပါတယ်။ Edward Scissorhands ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် Tom Cruise နဲ့ Johnny Depp တို့နှစ်ယောက်လုံးကို လျာထားခဲ့ပေမယ့်လည်း စတူဒီယိုဘက်ကတော့ Tom Cruise ဘက်ကို ပိုပြီးတော့ အလေးသာခဲ့ပါတယ်။

ဒါပေမယ့် ဒါရိုက်တာ Tim Burton ကတော့ ဒီဇာတ်ကောင်ဟာ Johnny Depp နဲ့ ပိုပြီးလိုက်ဖက်မယ်လို့ အတိအကျ ယုံကြည်ပြီး Depp နဲ့ပဲ ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာရဲ့ မျှော်လင့်ချက်အတိုင်းပဲ Depp ဟာ ဒီဇာတ်ကောင်နဲ့ အံဝင်ခွင်ကျ တစ်သားတည်း ဖြစ်ခဲ့ပါတယ်။ ပရိသတ်အားပေးမှု တခဲနက် ရရှိခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဒီဇာတ်ကားဟာ Johnny Depp ရဲ့ သရုပ်ဆောင်ဘဝကို အချိုးအကွေ့တစ်ခု ဖြစ်စေခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Depp ကိုယ်တိုင်ကလည်း ဒီဇာတ်ကောင်နေရာကို သရုပ်ဆောင်ချင်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Depp ဟာ ဒီဇာတ်ကားကို မရိုက်ခင်အချိန်တုန်းက ထိပ်တန်း သရုပ်ဆောင်တစ်ယောက် မဟုတ်သေးဘဲ ထိပ်ဆုံးနေရာကို ရောက်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီဇာတ်ကောင်ရဲ့အကြောင်း ဇာတ်ညွှန်းဖတ်ပြီးတဲ့နောက်မှာတော့ Depp ဟာ Edward ဆိုတဲ့ ဇာတ်ကောင်ကို သိပ်နှစ်သက်သွားခဲ့ပါတယ်။ သူကိုယ်တိုင်က ကြိုက်ပြီး စိတ်နှစ်ကာ သရုပ်ဆောင်ခဲ့တဲ့ ဒီဇာတ်ကောင်ကြောင့်ပဲ ကမ္ဘာကျော်တဲ့ သရုပ်ဆောင်ဘဝကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက 20th Century Fox က Depp အပေါ်မှာ ဇာတ်လမ်းကို ပုံအပ်ချင်စိတ် မရှိခဲ့ပေမယ့်လည်း ရရှိလာတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချပြီးတော့ Depp ဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းထဲက မြို့က တကယ့်အစစ် ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းထဲက မြို့ဟာ ဆက်တင်နဲ့ ရိုက်ခဲ့တာမဟုတ်ဘဲ အပြင်မှာ တကယ်ရှိတဲ့ မြို့မှာ ဇာတ်လမ်းတည် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မထင်မရှား နေထိုင်ရတဲ့ လူတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါဟာ ဒါရိုက်တာ Tim Burton ရဲ့ငယ်ဘဝက ကြီးပြင်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမြို့ရဲ့ပုံစံက အတုကြီးလို့ ထင်ရပေမယ့်လည်း တကယ်တော့ ဒီမြို့ဟာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Carpenters Run ဆိုတဲ့ ရပ်ကွက်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Depp ရဲ့ ပြင်ဆင်မှုများ
photo via screenrant

Johnny Depp ဟာ သူ သရုပ်ဆောင်တဲ့ ဇာတ်ကောင်တွေအပေါ်မှာ အရမ်းကို ပီပြင်မှုရှိပြီးတော့ အဲ့လိုမျိူး ပီပြင်ဖို့အတွက်လည်း တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ Edward Scissorhands ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တုန်းကလည်း အဲ့ဒီဇာတ်ကောင်ရဲ့ စိတ်ထဲကအတိုင်း တစ်ထပ်တည်း ဝင်ခံစားပြီး သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် သူဝတ်ရမယ့် ဝတ်စုံနဲ့ အဆင်ပြေဖို့အတွက် (၂၅)ပေါင် ဝိတ်ချခဲ့ရပါတယ်။ ကျပ်ထုပ်လွန်းတဲ့ အဲ့ဒီဝတ်စုံကို ဝတ်ထားတဲ့အချိန်မှာဆိုရင် ခဏလောက် ဖြေလျှော့ပြီး လေရှူ၊ အအေးခံဖို့ကိုတောင် ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံဝတ်ထားလို့ သူ့ကိုယ်သူ ဘယ်လောက်ပဲ ဒဏ်ရာရရ၊ အပူရှိန်တွေ များပြီးတော့ သတိလစ်သွားတာတောင်မှ အအေးခံဖို့ကို ငြင်းဆိုခဲ့ပြီး အဲ့ဒီဇာတ်ကောင်နဲ့ သူနဲ့ တစ်သားတည်းဖြစ်သွားအောင် ပြုလုပ်ခဲ့ပါတယ်။

Edward ပုံသွင်းခဲ့တဲ့ အပင်များ
photo via screenrant

ဒီဇာတ်လမ်းထဲမှာ Edward ပုံသွင်းခဲ့တဲ့ အပင်တွေကတော့ တကယ့်အပင်အစစ်တွေ မဟုတ်ဘဲ သံစကာကွက်အပျော့စားနဲ့ ပုံသွင်းပြုလုပ်ထားတဲ့ အပင်တွေ ဖြစ်ပါတယ်။ ရိုက်ကူးရေးတွေ ပြီးသွားတဲ့အချိန်မှာတော့ အဲ့ဒီလှပတဲ့ အပင်တွေထဲက အနည်းငယ်ကို နယူးယော့ခ်မြို့မှာရှိတဲ့ Tavern On the Green ဆိုတဲ့ စားသောက်ဆိုင်တစ်ခုက ဝယ်ယူခဲ့ပါတယ်။ ဘယ်လောက်နဲ့ ရောင်းခဲ့တယ်ဆိုတာတော့ မသိခဲ့ရဘဲ အဲ့ဒီစားသောက်ဆိုင်ကတော့ နယူးယော့ခ်မြို့မှာ နာမည်ကြီးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Edward Scissorhands ဟာ ၁၉၉၀ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ ဇာတ္ကားတစ္ကား ျဖစ္ၿပီးေတာ့ Johnny Depp အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Johnny Depp ဟာ လက္ေခ်ာင္းေတြေနရာမွာ ကတ္ေၾကးေတြရွိေနတဲ့ ထူးဆန္းတဲ့ လူတစ္ေယာက္ေနရာက သ႐ုပ္ေဆာင္ထားကာ အရမ္းလည္း ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကား ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ဒီဇာတ္ကားရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Tom Cruise ဟာ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ နီးစပ္ခဲ့ပါတယ္။
photo via screenrant

Tom Cruise ဟာ ၁၉၈၀ေႏွာင္းပိုင္းေလာက္က စတင္ၿပီး ေဟာလိဝုဒ္မွာ အရွိန္အဝါရွိတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနပါၿပီ။ ဒါေၾကာင့္လည္း ဒီဇာတ္ကားကို ႐ိုက္ဖို႔စီစဥ္ၾကတဲ့အခ်ိန္မွာ စတားပါဝါအရ အားေကာင္းေနတဲ့ Tom Cruise ကို 20th Century Fox က လိုခ်င္ခဲ့ပါတယ္။ Edward Scissorhands ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Tom Cruise နဲ႔ Johnny Depp တို႔ႏွစ္ေယာက္လုံးကို လ်ာထားခဲ့ေပမယ့္လည္း စတူဒီယိုဘက္ကေတာ့ Tom Cruise ဘက္ကို ပိုၿပီးေတာ့ အေလးသာခဲ့ပါတယ္။

ဒါေပမယ့္ ဒါ႐ိုက္တာ Tim Burton ကေတာ့ ဒီဇာတ္ေကာင္ဟာ Johnny Depp နဲ႔ ပိုၿပီးလိုက္ဖက္မယ္လို႔ အတိအက် ယုံၾကည္ၿပီး Depp နဲ႔ပဲ ႐ိုက္ကူးခဲ့ပါတယ္။ ဒါ႐ိုက္တာရဲ႕ ေမွ်ာ္လင့္ခ်က္အတိုင္းပဲ Depp ဟာ ဒီဇာတ္ေကာင္နဲ႔ အံဝင္ခြင္က် တစ္သားတည္း ျဖစ္ခဲ့ပါတယ္။ ပရိသတ္အားေပးမႈ တခဲနက္ ရရွိခဲ့ၿပီး ေအာင္ျမင္မႈမ်ားစြာ ရရွိခဲ့တဲ့ ဒီဇာတ္ကားဟာ Johnny Depp ရဲ႕ သ႐ုပ္ေဆာင္ဘဝကို အခ်ိဳးအေကြ႕တစ္ခု ျဖစ္ေစခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

Depp ကိုယ္တိုင္ကလည္း ဒီဇာတ္ေကာင္ေနရာကို သ႐ုပ္ေဆာင္ခ်င္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Depp ဟာ ဒီဇာတ္ကားကို မ႐ိုက္ခင္အခ်ိန္တုန္းက ထိပ္တန္း သ႐ုပ္ေဆာင္တစ္ေယာက္ မဟုတ္ေသးဘဲ ထိပ္ဆုံးေနရာကို ေရာက္ဖို႔ ႀကိဳးစားေနရဆဲ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ဒီဇာတ္ေကာင္ရဲ႕အေၾကာင္း ဇာတ္ၫႊန္းဖတ္ၿပီးတဲ့ေနာက္မွာေတာ့ Depp ဟာ Edward ဆိုတဲ့ ဇာတ္ေကာင္ကို သိပ္ႏွစ္သက္သြားခဲ့ပါတယ္။ သူကိုယ္တိုင္က ႀကိဳက္ၿပီး စိတ္ႏွစ္ကာ သ႐ုပ္ေဆာင္ခဲ့တဲ့ ဒီဇာတ္ေကာင္ေၾကာင့္ပဲ ကမာၻေက်ာ္တဲ့ သ႐ုပ္ေဆာင္ဘဝကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက 20th Century Fox က Depp အေပၚမွာ ဇာတ္လမ္းကို ပုံအပ္ခ်င္စိတ္ မရွိခဲ့ေပမယ့္လည္း ရရွိလာတဲ့အခြင့္အေရးကို ေကာင္းေကာင္းအသုံးခ်ၿပီးေတာ့ Depp ဟာ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဒီဇာတ္လမ္းထဲက ၿမိဳ႕က တကယ့္အစစ္ ျဖစ္ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းထဲက ၿမိဳ႕ဟာ ဆက္တင္နဲ႔ ႐ိုက္ခဲ့တာမဟုတ္ဘဲ အျပင္မွာ တကယ္ရွိတဲ့ ၿမိဳ႕မွာ ဇာတ္လမ္းတည္ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ထဲမွာေတာ့ ဆင္ေျခဖုံးရပ္ကြက္တစ္ခုမွာ မထင္မရွား ေနထိုင္ရတဲ့ လူတစ္ေယာက္အေၾကာင္းကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါဟာ ဒါ႐ိုက္တာ Tim Burton ရဲ႕ငယ္ဘဝက ႀကီးျပင္းခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို အေျခခံထားတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီၿမိဳ႕ရဲ႕ပုံစံက အတုႀကီးလို႔ ထင္ရေပမယ့္လည္း တကယ္ေတာ့ ဒီၿမိဳ႕ဟာ ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ Carpenters Run ဆိုတဲ့ ရပ္ကြက္မွာ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

Depp ရဲ႕ ျပင္ဆင္မႈမ်ား
photo via screenrant

Johnny Depp ဟာ သူ သ႐ုပ္ေဆာင္တဲ့ ဇာတ္ေကာင္ေတြအေပၚမွာ အရမ္းကို ပီျပင္မႈရွိၿပီးေတာ့ အဲ့လိုမ်ိဴး ပီျပင္ဖို႔အတြက္လည္း ေတာ္ေတာ္ေလး ႀကိဳးစားခဲ့ရပါတယ္။ Edward Scissorhands ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ခဲ့တုန္းကလည္း အဲ့ဒီဇာတ္ေကာင္ရဲ႕ စိတ္ထဲကအတိုင္း တစ္ထပ္တည္း ဝင္ခံစားၿပီး သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

ဒါ့အျပင္ သူဝတ္ရမယ့္ ဝတ္စုံနဲ႔ အဆင္ေျပဖို႔အတြက္ (၂၅)ေပါင္ ဝိတ္ခ်ခဲ့ရပါတယ္။ က်ပ္ထုပ္လြန္းတဲ့ အဲ့ဒီဝတ္စုံကို ဝတ္ထားတဲ့အခ်ိန္မွာဆိုရင္ ခဏေလာက္ ေျဖေလွ်ာ့ၿပီး ေလရႉ၊ အေအးခံဖို႔ကိုေတာင္ ျငင္းဆန္ခဲ့သူ ျဖစ္ပါတယ္။ အဲ့ဒီဝတ္စုံဝတ္ထားလို႔ သူ႔ကိုယ္သူ ဘယ္ေလာက္ပဲ ဒဏ္ရာရရ၊ အပူရွိန္ေတြ မ်ားၿပီးေတာ့ သတိလစ္သြားတာေတာင္မွ အေအးခံဖို႔ကို ျငင္းဆိုခဲ့ၿပီး အဲ့ဒီဇာတ္ေကာင္နဲ႔ သူနဲ႔ တစ္သားတည္းျဖစ္သြားေအာင္ ျပဳလုပ္ခဲ့ပါတယ္။

Edward ပုံသြင္းခဲ့တဲ့ အပင္မ်ား
photo via screenrant

ဒီဇာတ္လမ္းထဲမွာ Edward ပုံသြင္းခဲ့တဲ့ အပင္ေတြကေတာ့ တကယ့္အပင္အစစ္ေတြ မဟုတ္ဘဲ သံစကာကြက္အေပ်ာ့စားနဲ႔ ပုံသြင္းျပဳလုပ္ထားတဲ့ အပင္ေတြ ျဖစ္ပါတယ္။ ႐ိုက္ကူးေရးေတြ ၿပီးသြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီလွပတဲ့ အပင္ေတြထဲက အနည္းငယ္ကို နယူးေယာ့ခ္ၿမိဳ႕မွာရွိတဲ့ Tavern On the Green ဆိုတဲ့ စားေသာက္ဆိုင္တစ္ခုက ဝယ္ယူခဲ့ပါတယ္။ ဘယ္ေလာက္နဲ႔ ေရာင္းခဲ့တယ္ဆိုတာေတာ့ မသိခဲ့ရဘဲ အဲ့ဒီစားေသာက္ဆိုင္ကေတာ့ နယူးေယာ့ခ္ၿမိဳ႕မွာ နာမည္ႀကီးတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular