HomeCharacterThe Falcon & The Winter Soldier ထဲက Joaquin Torres အကြောင်း စိတ်ဝင်စားစရာများ

The Falcon & The Winter Soldier ထဲက Joaquin Torres အကြောင်း စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်က Disney+ မှာ ပြသသွားတဲ့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာတော့ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Joaquin Torres ကို စတင်မိတ်ဆက်သွားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Sam Wilson ဟာ Captain America ဖြစ်သွားပြီး Falcon နေရာကတော့ လစ်လပ်နေပါတယ်။ ကောမစ်ထဲမှာတော့ Joaquin Torres ဟာ Falcon ဖြစ်လာပြီး ဒီဇာတ်လမ်းတွဲထဲမှာလည်း သူဟာ Falcon နေရာကို ဆက်ခံသွားနိုင်ချေ ရှိပါတယ်။ ဒါကြောင့်ပဲ သူနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) သူဟာ ရွှေ့ပြောင်းနေထိုင်သူတစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

Torres ဟာ တကယ်တော့ ငယ်ဘဝတည်းက အမေရိကန်နိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မက္ကစီကိုနိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက်(၆)နှစ်အရွယ်မှာ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့တစ်ဘဝလုံးနီးပါးကို အမေရိကန်နိုင်ငံမှာ နေထိုင်ခဲ့ပေမယ့်လည်း မက္ကစီကိုရဲ့ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်လာရင် ဂုဏ်ယူလေ့ရှိပြီး မက္ကစီကိုနိုင်ငံသားတွေကိုလည်း မေ့ထားခြင်း မရှိပါဘူး။ ဒါကြောင့်ပဲ သူဟာ မက္ကစီကိုကနေ အမေရိကန်ကို လာရောက်နေထိုင်ဖို့ ကြိုးစားနေကြသူတွေကို အမြဲကူညီပေးလေ့ ရှိပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ The Sons of The Serpent ဆိုတဲ့ ဗီလိန်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

(2) Falcon ဟာ Torres ကို ကယ်တင်ခဲ့သူ ဖြစ်ပါတယ်။
photo via screenrant

The Falcon and the Winter Soldier ထဲမှာတော့ Torres ကို စစ်သားတစ်ယောက်အနေနဲ့ စတင်မိတ်ဆက်ထားပြီး ဇာတ်လမ်းရဲ့အစမှာတည်းက Falcon နဲ့အတူ မစ်ရှင်တွေ လုပ်ဆောင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကောမစ်ထဲမှာတော့ Torres က The Sons of The Serpent အဖွဲ့အစည်းရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့အချိန်မှာ Falcon က ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှသာ သူတို့နှစ်ယောက် စတင်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဖမ်းခံထားရတဲ့ အချိန်မှာ Karl Malus ဟာ Torres ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

(3) အဲ့ဒီစမ်းသပ်မှုကြောင့်ပဲ Torres ဟာ လူတစ်ပိုင်း ငှက်တစ်ပိုင်း ဖြစ်လာပါတယ်။
photo via screenrant

The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာ Falcon ရဲ့ ဒရုန်းဖြစ်တဲ့ Redwing ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ နောက်ပိုင်းကျရင် အဲ့ဒီ Redwing ကို A.I ပါ တပ်ဆင်သွားမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါသေးတယ်။

ကောမစ်ထဲမှာတော့ Falcon ရဲ့ Redwing ဟာ ဒရုန်းတစ်ခု မဟုတ်ဘဲ တကယ့် ငှက်တစ်ကောင် ဖြစ်ပါတယ်။ Karl Malus ဟာ Redwing ရဲ့ DNA နဲ့ Torres ရဲ့ DNA တို့ကို ရောစပ်ပြီး Torres ကို စမ်းသပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Torres ဟာ ဗီဇပြောင်းလဲသွားပြီး လူတစ်ပိုင်း ငှက်တစ်ပိုင်း ဖြစ်လာပါတယ်။ ဒီအဖြစ်အပျက်ကပဲ Torres ကို စွမ်းအားတွေ ရလာစေတယ်လို့ ပြောရင်လည်း မမှားပါဘူး။

(4) စိတ်ချင်းဆက်သွယ်မှုတွေပါ ပြုလုပ်နိုင်ပါတယ်။
photo via screenrant

ကောမစ်ထဲက Falcon ဟာ Redwing နဲ့ စိတ်ချင်း ဆက်သွယ်မှုတွေပါ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Karl Malus ရဲ့ စမ်းသပ်မှုကြောင့် Torres ဟာလည်း Redwing နဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတွေ ပြုလုပ်နိုင်သွားပါတယ်။ ဒါကြောင့်ပဲ Torres ဟာ Redwing ကို အခြေခံပြီး Sam Wilson အန္တရာယ်ကျရောက်နေလားဆိုတာ သိနိုင်တာကြောင့် အချိန်မရွေး လာရောက်ကူညီနိုင်ပါတယ်။ ဒီအချက်တစ်ခုတည်းကပဲ Torres ဟာ Sam Wilson အတွက် အရေးပါတဲ့ မဟာမိတ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(5) Falcon အသစ် ဖြစ်လာပါတယ်။
photo via screenrant

The Falcon and the Winter Soldier ထဲမှာတော့ Sam ဟာ Captain America ဖြစ်သွားပြီး သူ့ရဲ့ဝတ်စုံအဟောင်းကိုတော့ Torres ကို ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ Torres ဟာ MCU ထဲမှာလည်း Falcon အသစ် ဖြစ်လာဖို့ အလားအလာရှိသူတစ်ယောက် ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Sam က Captain America ဖြစ်သွားတဲ့အချိန်မှာ Torres ကလည်း Falcon ဖြစ်လာပါတယ်။ Torres ဟာ ပုံမှာ ပြထားသလို အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး Falcon ဆိုတဲ့ နာမည်ကို မခံယူခင်မှာ Whirling Birdy ၊ Squawkman နဲ့ Furious Feather ဆိုတဲ့ နာမည်တွေကို အသုံးပြုဖို့ စဉ်းစားခဲ့ပါသေးတယ်။

(6) အဖမ်းလည်း ခံခဲ့ရပါသေးတယ်။
photo via screenrant

စီးရီးထဲမှာ Torres ဟာ စစ်သားတစ်ယောက် ဖြစ်နေပေမယ့်လည်း ကောမစ်ထဲမှာတော့ သူဟာ စမ်းသပ်မှုတစ်ခုကြောင့် စွမ်းအားတွေ ရရှိလာတဲ့ သာမန်လူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Torres ဟာ သူ့ရဲ့စွမ်းအားတွေကို လေ့ကျင့်ဖို့နဲ့ အတွေ့အကြုံရစေဖို့အတွက် မြို့ထဲမှာ နေ့တိုင်းပျံသန်းပါတော့တယ်။ Torres ဟာ သူ့ရဲ့စွမ်းအားတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ဖို့ပဲ ရည်ရွယ်ပေမယ့် ကံမကောင်းစွာနဲ့ပဲ မြို့နေပြည်သူတွေအတွက်ကတော့ သူ့ကြောင့် အရာအားလုံးဟာ ဖရိုဖရဲတွေ ဖြစ်ကုန်ပါတော့တယ်။ အဲ့ဒီအချက်ကြောင့်ပဲ သူဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

(7) Torres ရဲ့ ပထမဆုံး တိုက်ပွဲ
photo via screenrant

Torres ဟာ Falcon အနေနဲ့ ပထမဆုံး တိုက်ခိုက်ခဲ့ရတာကတော့ Serpent Society ဆိုတဲ့ အဖွဲ့အစည်းနဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ကောမစ်ထဲမှာတော့ Captain America (Sam) ရဲ့ အန္တရာယ်အများဆုံး ဗီလိန်တွေ စုစည်းထားတဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ Captain America (Sam) ဟာ ဒီအဖွဲ့အစည်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး Torres ကတော့ Redwing ကနေတစ်ဆင့် ဒီသတင်းကို သိရှိသွားပါတယ်။ ဒါကြောင့်ပဲ Torres ဟာ Sam ကို ကူညီဖို့အတွက် သွားရောက်တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ထိုက်တန်မှုကို ပြသနိုင်ခဲ့ပါတယ်။ နောက်ထပ်အသစ် ထွက်ရှိလာမယ့် Disney+ ဇာတ်လမ်းတွဲတွေထဲမှာလည်း Serpent Society အဖွဲ့အစည်း ပါဝင်လာနိုင်ပါတယ်။

(8) The Champions အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ခဲ့ပါသေးတယ်။
photo via screenrant

The Champions အဖွဲ့ကတော့ Marvel ရဲ့ အသက်အငယ်ဆုံး ဟီးရိုးတွေ စုစည်းထားပြီး မတရားမှုတွေကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ Torres ကတော့ ဒီအဖွဲ့ရဲ့ အရေးပါတဲ့ နေရာက ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီအဖွဲ့ကို Live Action အနေနဲ့ မြင်ရဖို့ ဖြစ်နိုင်ချေ ရှိပါတယ်။ The Champions အဖွဲ့ထဲမှာတော့ Miles Morales ၊ Kamala Khan နဲ့ Ironheart တို့တောင် ပါဝင်ခဲ့ပါတယ်။

(9) Torres ရဲ့ အဓိကစွမ်းအား
photo via screenrant

Torres ရဲ့ အဓိကစွမ်းအားဟာ လေပေါ်ပျံနိုင်တာ မဟုတ်ဘဲ တကယ်တော့ ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ အနည်းငယ် ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း Torres ဟာ စွမ်းအားတွေ ရရှိလာတဲ့အချိန်မှာ ပြန်လည်ကုသနိုင်တဲ့ စွမ်းအားပါ ရှိနေတာကို သိလိုက်ရတာ ဖြစ်ပါတယ်။ တကယ်တော့ Redwing ဟာလည်း သာမန်ငှက် မဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆန်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စမ်းသပ်မှု ပြီးဆုံးသွားတဲ့ အချိန်မှာတော့ Torres ဟာ လူတစ်ပိုင်း ငှက်တစ်ပိုင်း ဖြစ်သွားရုံတင် မဟုတ်ဘဲ ပြန်လည်ကုသနိုင်စွမ်းကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

မၾကာေသးခင္က Disney+ မွာ ျပသသြားတဲ့ The Falcon and the Winter Soldier ဇာတ္လမ္းတြဲထဲမွာေတာ့ ဇာတ္ေကာင္အသစ္ျဖစ္တဲ့ Joaquin Torres ကို စတင္မိတ္ဆက္သြားပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Sam Wilson ဟာ Captain America ျဖစ္သြားၿပီး Falcon ေနရာကေတာ့ လစ္လပ္ေနပါတယ္။ ေကာမစ္ထဲမွာေတာ့ Joaquin Torres ဟာ Falcon ျဖစ္လာၿပီး ဒီဇာတ္လမ္းတြဲထဲမွာလည္း သူဟာ Falcon ေနရာကို ဆက္ခံသြားႏိုင္ေခ် ရွိပါတယ္။ ဒါေၾကာင့္ပဲ သူနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) သူဟာ ေ႐ႊ႕ေျပာင္းေနထိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

Torres ဟာ တကယ္ေတာ့ ငယ္ဘဝတည္းက အေမရိကန္ႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ မကၠစီကိုႏိုင္ငံမွာ ေမြးဖြားခဲ့ၿပီး အသက္(၆)ႏွစ္အ႐ြယ္မွာ အေမရိကန္ႏိုင္ငံကို ေ႐ႊ႕ေျပာင္းလာခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕တစ္ဘဝလုံးနီးပါးကို အေမရိကန္ႏိုင္ငံမွာ ေနထိုင္ခဲ့ေပမယ့္လည္း မကၠစီကိုရဲ႕ ယဥ္ေက်းမႈေတြနဲ႔ ပတ္သက္လာရင္ ဂုဏ္ယူေလ့ရွိၿပီး မကၠစီကိုႏိုင္ငံသားေတြကိုလည္း ေမ့ထားျခင္း မရွိပါဘူး။ ဒါေၾကာင့္ပဲ သူဟာ မကၠစီကိုကေန အေမရိကန္ကို လာေရာက္ေနထိုင္ဖို႔ ႀကိဳးစားေနၾကသူေတြကို အၿမဲကူညီေပးေလ့ ရွိပါတယ္။ ဒါ့ေၾကာင့္ပဲ သူဟာ The Sons of The Serpent ဆိုတဲ့ ဗီလိန္အဖြဲ႕အစည္းတစ္ခုက ဖမ္းဆီးတာကို ခံခဲ့ရပါတယ္။

(2) Falcon ဟာ Torres ကို ကယ္တင္ခဲ့သူ ျဖစ္ပါတယ္။
photo via screenrant

The Falcon and the Winter Soldier ထဲမွာေတာ့ Torres ကို စစ္သားတစ္ေယာက္အေနနဲ႔ စတင္မိတ္ဆက္ထားၿပီး ဇာတ္လမ္းရဲ႕အစမွာတည္းက Falcon နဲ႔အတူ မစ္ရွင္ေတြ လုပ္ေဆာင္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ Torres က The Sons of The Serpent အဖြဲ႕အစည္းရဲ႕ ဖမ္းဆီးျခင္းကို ခံထားရတဲ့အခ်ိန္မွာ Falcon က ကယ္တင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွသာ သူတို႔ႏွစ္ေယာက္ စတင္ေတြ႕ဆုံခဲ့တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အဖမ္းခံထားရတဲ့ အခ်ိန္မွာ Karl Malus ဟာ Torres ကို စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

(3) အဲ့ဒီစမ္းသပ္မႈေၾကာင့္ပဲ Torres ဟာ လူတစ္ပိုင္း ငွက္တစ္ပိုင္း ျဖစ္လာပါတယ္။
photo via screenrant

The Falcon and the Winter Soldier ဇာတ္လမ္းတြဲထဲမွာ Falcon ရဲ႕ ဒ႐ုန္းျဖစ္တဲ့ Redwing ကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ေနာက္ပိုင္းက်ရင္ အဲ့ဒီ Redwing ကို A.I ပါ တပ္ဆင္သြားမယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေနပါေသးတယ္။

ေကာမစ္ထဲမွာေတာ့ Falcon ရဲ႕ Redwing ဟာ ဒ႐ုန္းတစ္ခု မဟုတ္ဘဲ တကယ့္ ငွက္တစ္ေကာင္ ျဖစ္ပါတယ္။ Karl Malus ဟာ Redwing ရဲ႕ DNA နဲ႔ Torres ရဲ႕ DNA တို႔ကို ေရာစပ္ၿပီး Torres ကို စမ္းသပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Torres ဟာ ဗီဇေျပာင္းလဲသြားၿပီး လူတစ္ပိုင္း ငွက္တစ္ပိုင္း ျဖစ္လာပါတယ္။ ဒီအျဖစ္အပ်က္ကပဲ Torres ကို စြမ္းအားေတြ ရလာေစတယ္လို႔ ေျပာရင္လည္း မမွားပါဘူး။

(4) စိတ္ခ်င္းဆက္သြယ္မႈေတြပါ ျပဳလုပ္ႏိုင္ပါတယ္။
photo via screenrant

ေကာမစ္ထဲက Falcon ဟာ Redwing နဲ႔ စိတ္ခ်င္း ဆက္သြယ္မႈေတြပါ ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ Karl Malus ရဲ႕ စမ္းသပ္မႈေၾကာင့္ Torres ဟာလည္း Redwing နဲ႔ စိတ္ပိုင္းဆိုင္ရာ ဆက္သြယ္မႈေတြ ျပဳလုပ္ႏိုင္သြားပါတယ္။ ဒါေၾကာင့္ပဲ Torres ဟာ Redwing ကို အေျခခံၿပီး Sam Wilson အႏၲရာယ္က်ေရာက္ေနလားဆိုတာ သိႏိုင္တာေၾကာင့္ အခ်ိန္မေ႐ြး လာေရာက္ကူညီႏိုင္ပါတယ္။ ဒီအခ်က္တစ္ခုတည္းကပဲ Torres ဟာ Sam Wilson အတြက္ အေရးပါတဲ့ မဟာမိတ္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(5) Falcon အသစ္ ျဖစ္လာပါတယ္။
photo via screenrant

The Falcon and the Winter Soldier ထဲမွာေတာ့ Sam ဟာ Captain America ျဖစ္သြားၿပီး သူ႔ရဲ႕ဝတ္စုံအေဟာင္းကိုေတာ့ Torres ကို ေပးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Torres ဟာ MCU ထဲမွာလည္း Falcon အသစ္ ျဖစ္လာဖို႔ အလားအလာရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Sam က Captain America ျဖစ္သြားတဲ့အခ်ိန္မွာ Torres ကလည္း Falcon ျဖစ္လာပါတယ္။ Torres ဟာ ပုံမွာ ျပထားသလို အစိမ္းေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး Falcon ဆိုတဲ့ နာမည္ကို မခံယူခင္မွာ Whirling Birdy ၊ Squawkman နဲ႔ Furious Feather ဆိုတဲ့ နာမည္ေတြကို အသုံးျပဳဖို႔ စဥ္းစားခဲ့ပါေသးတယ္။

(6) အဖမ္းလည္း ခံခဲ့ရပါေသးတယ္။
photo via screenrant

စီးရီးထဲမွာ Torres ဟာ စစ္သားတစ္ေယာက္ ျဖစ္ေနေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ သူဟာ စမ္းသပ္မႈတစ္ခုေၾကာင့္ စြမ္းအားေတြ ရရွိလာတဲ့ သာမန္လူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Torres ဟာ သူ႔ရဲ႕စြမ္းအားေတြကို ေလ့က်င့္ဖို႔နဲ႔ အေတြ႕အႀကဳံရေစဖို႔အတြက္ ၿမိဳ႕ထဲမွာ ေန႔တိုင္းပ်ံသန္းပါေတာ့တယ္။ Torres ဟာ သူ႔ရဲ႕စြမ္းအားေတြကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးခ်ႏိုင္ဖို႔ပဲ ရည္႐ြယ္ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ၿမိဳ႕ေနျပည္သူေတြအတြက္ကေတာ့ သူ႔ေၾကာင့္ အရာအားလုံးဟာ ဖ႐ိုဖရဲေတြ ျဖစ္ကုန္ပါေတာ့တယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

(7) Torres ရဲ႕ ပထမဆုံး တိုက္ပြဲ
photo via screenrant

Torres ဟာ Falcon အေနနဲ႔ ပထမဆုံး တိုက္ခိုက္ခဲ့ရတာကေတာ့ Serpent Society ဆိုတဲ့ အဖြဲ႕အစည္းနဲ႔ ျဖစ္ပါတယ္။ ဒီအဖြဲ႕အစည္းဟာ ေကာမစ္ထဲမွာေတာ့ Captain America (Sam) ရဲ႕ အႏၲရာယ္အမ်ားဆုံး ဗီလိန္ေတြ စုစည္းထားတဲ့ အဖြဲ႕တစ္ခုပဲ ျဖစ္ပါတယ္။ Captain America (Sam) ဟာ ဒီအဖြဲ႕အစည္းရဲ႕ ဖမ္းဆီးျခင္းကို ခံလိုက္ရၿပီး Torres ကေတာ့ Redwing ကေနတစ္ဆင့္ ဒီသတင္းကို သိရွိသြားပါတယ္။ ဒါေၾကာင့္ပဲ Torres ဟာ Sam ကို ကူညီဖို႔အတြက္ သြားေရာက္တိုက္ခိုက္ခဲ့ၿပီး သူ႔ရဲ႕ထိုက္တန္မႈကို ျပသႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္အသစ္ ထြက္ရွိလာမယ့္ Disney+ ဇာတ္လမ္းတြဲေတြထဲမွာလည္း Serpent Society အဖြဲ႕အစည္း ပါဝင္လာႏိုင္ပါတယ္။

(8) The Champions အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ခဲ့ပါေသးတယ္။
photo via screenrant

The Champions အဖြဲ႕ကေတာ့ Marvel ရဲ႕ အသက္အငယ္ဆုံး ဟီး႐ိုးေတြ စုစည္းထားၿပီး မတရားမႈေတြကို တိုက္ခိုက္ဖို႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕တစ္ခု ျဖစ္ပါတယ္။ Torres ကေတာ့ ဒီအဖြဲ႕ရဲ႕ အေရးပါတဲ့ ေနရာက ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဒီအဖြဲ႕ကို Live Action အေနနဲ႔ ျမင္ရဖို႔ ျဖစ္ႏိုင္ေခ် ရွိပါတယ္။ The Champions အဖြဲ႕ထဲမွာေတာ့ Miles Morales ၊ Kamala Khan နဲ႔ Ironheart တို႔ေတာင္ ပါဝင္ခဲ့ပါတယ္။

(9) Torres ရဲ႕ အဓိကစြမ္းအား
photo via screenrant

Torres ရဲ႕ အဓိကစြမ္းအားဟာ ေလေပၚပ်ံႏိုင္တာ မဟုတ္ဘဲ တကယ္ေတာ့ ျပန္လည္ကုသႏိုင္တဲ့ စြမ္းရည္ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ အနည္းငယ္ ထူးဆန္းတယ္လို႔ ထင္ရေပမယ့္လည္း Torres ဟာ စြမ္းအားေတြ ရရွိလာတဲ့အခ်ိန္မွာ ျပန္လည္ကုသႏိုင္တဲ့ စြမ္းအားပါ ရွိေနတာကို သိလိုက္ရတာ ျဖစ္ပါတယ္။ တကယ္ေတာ့ Redwing ဟာလည္း သာမန္ငွက္ မဟုတ္ဘဲ ေသြးစုပ္ဖုတ္ေကာင္ဆန္တဲ့ စြမ္းအားေတြကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ စမ္းသပ္မႈ ၿပီးဆုံးသြားတဲ့ အခ်ိန္မွာေတာ့ Torres ဟာ လူတစ္ပိုင္း ငွက္တစ္ပိုင္း ျဖစ္သြား႐ုံတင္ မဟုတ္ဘဲ ျပန္လည္ကုသႏိုင္စြမ္းကိုပါ ရရွိခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular