HomeCelebs Update NewsInternationalAmber Heard ကို Aquaman 2 က ထုတ်ပယ်ပေးဖို့ သိန်းနဲ့ချီတဲ့ ပရိသတ်များ တောင်းဆိုနေ

Amber Heard ကို Aquaman 2 က ထုတ်ပယ်ပေးဖို့ သိန်းနဲ့ချီတဲ့ ပရိသတ်များ တောင်းဆိုနေ

 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Warner Bros. ဟာ Johnny Depp ကို Fantastic Beasts 3 ကနေ ထုတ်ပယ်ခဲ့တာကြောင့် Amber Heard ကိုလည်း Aquaman 2 ကနေ ထုတ်ပယ်ပေးဖို့အတွက် ပရိသတ်ပေါင်း ကိုးသိန်းကျော်ခန့်က လက်မှတ်ထိုးပြီး တောင်းဆိုနေကြပါတယ်။

Amber Heard ဟာ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Justice League ထဲမှာ Mera အဖြစ် ပထမဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက် ၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Aquaman ထဲမှာတော့ သူမဟာ အဓိကသရုပ်ဆောင်‌နေရာမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၂ခုနှစ်မှာ ထွက်ရှိလာမယ့် Aquaman 2 ထဲမှာလည်း သူမဟာ Mera အဖြစ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒါကြောင့် ပရိသတ်အချို့ဟာ မကျေမနပ် ဖြစ်နေကြပြီး Amber Heard ကိုလည်း Aquaman 2 ကနေ ထုတ်ပယ်ပေးဖို့အတွက် အွန်လိုင်းပေါ်မှာ တောင်းဆိုမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အကြောင်းကတော့ Amber Heard ဟာလည်း Johnny Depp နဲ့ တူညီတဲ့ အကျိူးဆက်ကို ခံစားရမယ်လို့ ယူဆနေကြလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Change.org ဝက်ဘ်ဆိုဒ်မှာ Remove Amber Heard From Aquaman 2 ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်မှတ်ထိုးပြီး တောင်းဆိုနေကြသူတွေဟာ ကိုးသိန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Photo via IMDb

လက်ရှိအချိန်အထိ လက်မှတ်ထိုးပြီး တောင်းဆိုနေသူတွေဟာ တဖြည်းဖြည်းနဲ့ အရေအတွက် များပြားလာပြီး ဆယ်သိန်းတောင် ပြည့်လုနီးပါး ဖြစ်နေပါပြီ။ ဒါကြောင့် Johnny Depp ကို အားပေးပြီးတော့ Amber Heard ကိုလည်း တူညီတဲ့ အဖြစ်အပျက်မျိူး ကြုံတွေ့စေချင်ကြသူတွေဟာ ပမာဏအနေနဲ့ အတော်လေး များနေတယ်ဆိုတာ သိသာစေပါတယ်။ Amber Heard ကလည်း မကြာသေးခင်ကပဲ Snyder Cut အတွက် ရိုက်ကူးရေး ပြန်လုပ်ခဲ့ပြီး Warner Bros ကတော့ ဘယ်လိုဆုံးဖြတ်ချက်မျိူး ချမလည်းဆိုတာ မသိရသေးပါဘူး။

Legos

Source : Screenrant

(Zawgyi Version)

Warner Bros. ဟာ Johnny Depp ကို Fantastic Beasts 3 ကေန ထုတ္ပယ္ခဲ့တာေၾကာင့္ Amber Heard ကိုလည္း Aquaman 2 ကေန ထုတ္ပယ္ေပးဖို႔အတြက္ ပရိသတ္ေပါင္း ကိုးသိန္းေက်ာ္ခန႔္က လက္မွတ္ထိုးၿပီး ေတာင္းဆိုေနၾကပါတယ္။

Amber Heard ဟာ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Justice League ထဲမွာ Mera အျဖစ္ ပထမဆုံး ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Aquaman ထဲမွာေတာ့ သူမဟာ အဓိကသ႐ုပ္ေဆာင္‌ေနရာမွာ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၂၂ခုႏွစ္မွာ ထြက္ရွိလာမယ့္ Aquaman 2 ထဲမွာလည္း သူမဟာ Mera အျဖစ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ ပရိသတ္အခ်ိဳ႕ဟာ မေက်မနပ္ ျဖစ္ေနၾကၿပီး Amber Heard ကိုလည္း Aquaman 2 ကေန ထုတ္ပယ္ေပးဖို႔အတြက္ အြန္လိုင္းေပၚမွာ ေတာင္းဆိုမႈေတြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Amber Heard ဟာလည္း Johnny Depp နဲ႔ တူညီတဲ့ အက်ိဴးဆက္ကို ခံစားရမယ္လို႔ ယူဆေနၾကလို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Change.org ဝက္ဘ္ဆိုဒ္မွာ Remove Amber Heard From Aquaman 2 ဆိုတဲ့ ေခါင္းစဥ္နဲ႔ လက္မွတ္ထိုးၿပီး ေတာင္းဆိုေနၾကသူေတြဟာ ကိုးသိန္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

Photo via IMDb

လက္ရွိအခ်ိန္အထိ လက္မွတ္ထိုးၿပီး ေတာင္းဆိုေနသူေတြဟာ တျဖည္းျဖည္းနဲ႔ အေရအတြက္ မ်ားျပားလာၿပီး ဆယ္သိန္းေတာင္ ျပည့္လုနီးပါး ျဖစ္ေနပါၿပီ။ ဒါေၾကာင့္ Johnny Depp ကို အားေပးၿပီးေတာ့ Amber Heard ကိုလည္း တူညီတဲ့ အျဖစ္အပ်က္မ်ိဴး ႀကဳံေတြ႕ေစခ်င္ၾကသူေတြဟာ ပမာဏအေနနဲ႔ အေတာ္ေလး မ်ားေနတယ္ဆိုတာ သိသာေစပါတယ္။ Amber Heard ကလည္း မၾကာေသးခင္ကပဲ Snyder Cut အတြက္ ႐ိုက္ကူးေရး ျပန္လုပ္ခဲ့ၿပီး Warner Bros ကေတာ့ ဘယ္လိုဆုံးျဖတ္ခ်က္မ်ိဴး ခ်မလည္းဆိုတာ မသိရေသးပါဘူး။

Legos

Source : Screenrant

RELATED ARTICLES

Most Popular