HomeCelebs Update NewsInternationalအင္တာဗ်ဴးတစ္ခုေၾကာင့္ ကုိယ္၀န္ရိွေနတယ္လို႔ အထင္ခံေနရတဲ့ Rihanna

အင္တာဗ်ဴးတစ္ခုေၾကာင့္ ကုိယ္၀န္ရိွေနတယ္လို႔ အထင္ခံေနရတဲ့ Rihanna

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Rihanna က သူမရဲ႕ငါးႏွစ္ေျမာက္ Diamond Ball မွာ ေျဖသြားခဲ့တဲ့ အင္တာဗ်ဴးတစ္ခုေၾကာင့္ ပရိသတ္အမ်ားစုဟာ Ri Ri တစ္ေယာက္ ကိုယ္၀န္ရိွေနၿပီလို႔ ထင္ေနၾကပါတယ္။ ဒါဟာ ခုတေလာ ကိုယ္၀န္ရိွတယ္လို႔ အထင္ခံရတဲ့ ဆယ္လီေတြၾကားမွာ Ri Ri က ေနာက္ဆုံးတစ္ေယာက္ ျဖစ္ေနတာပါ။

Ri Ri ဟာ ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ သူမရဲ႕ Diamond Ball ပြဲကို စက္တင္ဘာလ(၁၂)ရက္ေန႔က က်င္းပခဲ့ၿပီး ေကာ္ေဇာနီေပၚမွာ အလွဆုံးရပ္ကာ သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို ေျဖၾကားခဲ့ပါတယ္။ Essence မီဒီယာကုမၸဏီနဲ႔ အင္တာဗ်ဴးလုပ္ခဲ့တဲ့ေနရာမွာေတာ့ “လူမည္းေကာင္မေလးတစ္ေယာက္ကို ကၽြန္မ ေမြးေတာ့မယ္” လို႔ ေျပာလိုက္ရာကေန ပရိသတ္ေတြက ထင္ေၾကးေတြ ေပးလာၾကေတာ့တာ ျဖစ္ပါတယ္။ ဒီဂယက္ဟာ Twitter ေပၚကို ေရာက္သြားခဲ့ၿပီး “Rihanna is pregnant.” ဆိုတဲ့ trend ကလည္း တအားကို ေရပန္းစားေနပါတယ္။

Copyright @badgalriri IG

တကယ္တမ္း Ri Ri ေျဖသြားတဲ့ အေျဖကေတာ့ လူမည္းအမ်ိဳးသမီးေတြရဲ႕ စြမ္းအားနဲ႔ အခန္းက႑ေတြအေၾကာင္းကို ဖြဲ႕ႏြဲ႕ေျပာသြားတာျဖစ္ၿပီး ကေလးေမြးမယ္ဆိုတာကေတာ့ အေျဖရဲ႕ တစ္စိတ္တစ္ပိုင္းသာ ျဖစ္ပါတယ္။ သူမ ေျပာသြားတာကေတာ့… “ကၽြန္မက လူမည္းအမ်ိဳးသမီးတစ္ေယာက္ပါ။ ကၽြန္မကို ေမြးေပးတဲ့အေမကလည္း လူမည္းျဖစ္ၿပီး အေမ့ကို ေမြးေပးတဲ့ အေမကလည္း လူမည္းပါ။ အေမ့ရဲ႕အေမကို ေမြးေပးတာကလည္း လူမည္းပါပဲ။ ကၽြန္မကလည္း လူမည္းေကာင္မေလးတစ္ေယာက္ကို ေမြးေပးေတာ့မွာပါ” လို႔ ျဖစ္ပါတယ္။

Copyright @badgalriri IG

ဒါ့အျပင္ “ဘ၀ရဲ႕အခက္အခဲေတြကို ေက်ာ္လႊားတဲ့ေနရာမွာ ကၽြန္မအေမက တကယ့္နမူနာေကာင္းပါ။ အေမ့ရဲ႕အေမကလည္း အေမ့ကိုဒီလိုမ်ိဳး ရပ္တည္ႏိုင္ေအာင္ သင္ၾကားေပးလိုက္တယ္ဆိုတာ ကၽြန္မ အေသအခ်ာ ေျပာႏိုင္ပါတယ္။ ကၽြန္မအေနနဲ႔လည္း ဒီလိုအေမမ်ိဳးပဲ ျဖစ္လာမွာပါ။ ကၽြန္မတို႔ဟာ အျပစ္တစ္စုံတစ္ရာ မရိွတဲ့လူေတြပါ။ ၿပီးေတာ့ တကယ့္ကို ထူးျခားတဲ့အမ်ိဳးသမီးေတြျဖစ္လို႔ ကမာၻႀကီးကလည္း ဒီအတိုင္းပဲ ကၽြန္မတို႔ကို လက္ခံရပါလိမ့္မယ္” လို႔ Essence မီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားတာ ျဖစ္ပါတယ္။

Copyright @badgalriri IG

Fenty Beauty ရဲ႕ တည္ေထာင္သူတစ္ေယာက္လည္းျဖစ္တဲ့ Rihanna အေနနဲ႔ အမွန္တကယ္ ကိုယ္၀န္ရိွေနတဲ့အေၾကာင္း အတည္ျပဳ ေျပာၾကားထားတာ တစ္စုံတစ္ရာေတာ့ မရိွေသးပါဘူး။ သို႔ေပမယ့္ ပရိသတ္ေတြကေတာ့ ျဖစ္ႏိုင္ေခ်ေတြကို ေတြးၿပီး အ့ံၾသထိတ္လန္႔ေနၾကပါတယ္။ တစ္ခ်ိဳ႕ေတြကလည္း Diamond Ball ပြဲမွာပဲ ရွမ္ပိန္တစ္ခြက္နဲ႔ ေပ်ာ္ျမဴးေနတဲ့ Ri Ri ကို ေတြ႕ထားရတာေၾကာင့္ ကိုယ္၀န္ရိွတယ္ဆိုတဲ့ ယူဆခ်က္ဟာ မမွန္ႏိုင္ဘူးလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။ တစ္ခ်ိဳ႕ေသာ ပရိသတ္ေတြရဲ႕ အယူအဆကေတာ့ အကယ္လို႔မ်ား Ri Ri ကိုယ္၀န္ရိွေနတာ မွန္ေနခဲ့ရင္ အယ္လ္ဘမ္အသစ္ ထြက္ဖို႔လမ္းစဟာ ပိုေ၀းသြားၿပီဆိုၿပီး စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ဒီယူဆခ်က္က တကယ္ျဖစ္လာ၊မလာဆိုတာကေတာ့ လအနည္းငယ္ေလာက္ ေစာင့္ၾကည့္လိုက္ရုံနဲ႔ အေျဖေပၚလာမွာပဲ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Rihanna က သူမရဲ့ငါးနှစ်မြောက် Diamond Ball မှာ ဖြေသွားခဲ့တဲ့ အင်တာဗျူးတစ်ခုကြောင့် ပရိသတ်အများစုဟာ Ri Ri တစ်ယောက် ကိုယ်ဝန်ရှိနေပြီလို့ ထင်နေကြပါတယ်။ ဒါဟာ ခုတလော ကိုယ်ဝန်ရှိတယ်လို့ အထင်ခံရတဲ့ ဆယ်လီတွေကြားမှာ Ri Ri က နောက်ဆုံးတစ်ယောက် ဖြစ်နေတာပါ။

Ri Ri ဟာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သူမရဲ့ Diamond Ball ပွဲကို စက်တင်ဘာလ(၁၂)ရက်နေ့က ကျင်းပခဲ့ပြီး ကော်ဇောနီပေါ်မှာ အလှဆုံးရပ်ကာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ Essence မီဒီယာကုမ္ပဏီနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့နေရာမှာတော့ “လူမည်းကောင်မလေးတစ်ယောက်ကို ကျွန်မ မွေးတော့မယ်” လို့ ပြောလိုက်ရာကနေ ပရိသတ်တွေက ထင်ကြေးတွေ ပေးလာကြတော့တာ ဖြစ်ပါတယ်။ ဒီဂယက်ဟာ Twitter ပေါ်ကို ရောက်သွားခဲ့ပြီး “Rihanna is pregnant.” ဆိုတဲ့ trend ကလည်း တအားကို ရေပန်းစားနေပါတယ်။

Copyright @badgalriri IG

တကယ်တမ်း Ri Ri ဖြေသွားတဲ့ အဖြေကတော့ လူမည်းအမျိုးသမီးတွေရဲ့ စွမ်းအားနဲ့ အခန်းကဏ္ဍတွေအကြောင်းကို ဖွဲ့နွဲ့ပြောသွားတာဖြစ်ပြီး ကလေးမွေးမယ်ဆိုတာကတော့ အဖြေရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ သူမ ပြောသွားတာကတော့… “ကျွန်မက လူမည်းအမျိုးသမီးတစ်ယောက်ပါ။ ကျွန်မကို မွေးပေးတဲ့အမေကလည်း လူမည်းဖြစ်ပြီး အမေ့ကို မွေးပေးတဲ့ အမေကလည်း လူမည်းပါ။ အမေ့ရဲ့အမေကို မွေးပေးတာကလည်း လူမည်းပါပဲ။ ကျွန်မကလည်း လူမည်းကောင်မလေးတစ်ယောက်ကို မွေးပေးတော့မှာပါ” လို့ ဖြစ်ပါတယ်။

Copyright @badgalriri IG

ဒါ့အပြင် “ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ကျွန်မအမေက တကယ့်နမူနာကောင်းပါ။ အမေ့ရဲ့အမေကလည်း အမေ့ကိုဒီလိုမျိုး ရပ်တည်နိုင်အောင် သင်ကြားပေးလိုက်တယ်ဆိုတာ ကျွန်မ အသေအချာ ပြောနိုင်ပါတယ်။ ကျွန်မအနေနဲ့လည်း ဒီလိုအမေမျိုးပဲ ဖြစ်လာမှာပါ။ ကျွန်မတို့ဟာ အပြစ်တစ်စုံတစ်ရာ မရှိတဲ့လူတွေပါ။ ပြီးတော့ တကယ့်ကို ထူးခြားတဲ့အမျိုးသမီးတွေဖြစ်လို့ ကမ္ဘာကြီးကလည်း ဒီအတိုင်းပဲ ကျွန်မတို့ကို လက်ခံရပါလိမ့်မယ်” လို့ Essence မီဒီယာနဲ့ အင်တာဗျူးမှာ ပြောသွားတာ ဖြစ်ပါတယ်။

Copyright @badgalriri IG

Fenty Beauty ရဲ့ တည်ထောင်သူတစ်ယောက်လည်းဖြစ်တဲ့ Rihanna အနေနဲ့ အမှန်တကယ် ကိုယ်ဝန်ရှိနေတဲ့အကြောင်း အတည်ပြု ပြောကြားထားတာ တစ်စုံတစ်ရာတော့ မရှိသေးပါဘူး။ သို့ပေမယ့် ပရိသတ်တွေကတော့ ဖြစ်နိုင်ချေတွေကို တွေးပြီး အံ့သြထိတ်လန့်နေကြပါတယ်။ တစ်ချို့တွေကလည်း Diamond Ball ပွဲမှာပဲ ရှမ်ပိန်တစ်ခွက်နဲ့ ပျော်မြူးနေတဲ့ Ri Ri ကို တွေ့ထားရတာကြောင့် ကိုယ်ဝန်ရှိတယ်ဆိုတဲ့ ယူဆချက်ဟာ မမှန်နိုင်ဘူးလို့ မှတ်ချက်ပေးနေကြပါတယ်။ တစ်ချို့သော ပရိသတ်တွေရဲ့ အယူအဆကတော့ အကယ်လို့များ Ri Ri ကိုယ်ဝန်ရှိနေတာ မှန်နေခဲ့ရင် အယ်လ်ဘမ်အသစ် ထွက်ဖို့လမ်းစဟာ ပိုဝေးသွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

ဒီယူဆချက်က တကယ်ဖြစ်လာ၊မလာဆိုတာကတော့ လအနည်းငယ်လောက် စောင့်ကြည့်လိုက်ရုံနဲ့ အဖြေပေါ်လာမှာပဲ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular