HomeEntertainmentFilmထွေလာ ထွက်ရှိလာပြီဖြစ်တဲ့ Fantastic Beasts: The Secrets of Dumbeldore

ထွေလာ ထွက်ရှိလာပြီဖြစ်တဲ့ Fantastic Beasts: The Secrets of Dumbeldore

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Warner Bros ဟာ မကြာသေးခင်ကပဲ Fantastic Beasts Franchise ရဲ့ သုံးကားမြောက်ရုပ်ရှင် ဖြစ်တဲ့ The Secrets of Dumbledore ရဲ့ ထွေလာကို ထုတ်ပေးခဲ့ပါတယ်။

Fantastic Beasts Franchise ဟာ Harry Potter ထဲကအဖြစ်အပျက်တွေ မတိုင်ခင် အချိန်ကာလကို ရိုက်ကူးထားတဲ့ Prequel ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Harry Potter ရုပ်ရှင်တွေအများစုကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates ကပဲ ပြန်လည် ရိုက်ကူးပေးထားပါတယ်။ ဒါ့အပြင် J.K. Rowling နဲ့ Steve Kloves တို့ကတော့ ဇာတ်ညွှန်းရေးတဲ့ နေရာမှာ ပါဝင်ထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ Wizard တွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ပါဝင်ခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Hogwarts ရဲ့ ပရော်ဖက်ဆာဖြစ်သူ Dumbeldore နဲ့ သူ့ရဲ့သူငယ်ချင်းတို့က မစ်ရှင်တစ်ခုကို ပြုလုပ်နေရင်း Dark Wizard ဖြစ်တဲ့ Gellert Grindelwald နဲ့ ရင်ဆိုင်မိကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Fantastic Beasts Franchise ရဲ့ အဓိကဇာတ်ကောင်နေရာမှာ ပါဝင်ထားတဲ့ Eddie Redmayne အပြင် Katherine Watarston ၊ Dan Fogler ၊ Alison Sudol ၊ Ezra Miller ၊ Callum Turner ၊ William Nadylam ၊ Poppy Corby-Tuech ၊ Jessica Williams နဲ့ Jude Law တို့လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Fanchise အတွက် အကြီးမားဆုံး ပြောင်းလဲမှုကတော့ Grindelwald နေရာမှာ Johnny Depp မဟုတ်တော့ဘဲ Mads Mikkelsen ကပြောင်းလဲ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာတော့ စိတ်ဝင်စားစရာ အချက်တွေ ပါဝင်နေပြီး Grindelwald ကလည်း သာမန်လူသားတွေအပေါ် စစ်ကြေညာလိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလကတည်းက ရိုက်ကူးရေး စတင်ခဲ့ပေမယ့်လည်း ၂၀၂၁ ဖေဖော်ဝါရီလကျမှသာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Warner Bros ဟာ မၾကာေသးခင္ကပဲ Fantastic Beasts Franchise ရဲ႕ သုံးကားေျမာက္႐ုပ္ရွင္ ျဖစ္တဲ့ The Secrets of Dumbledore ရဲ႕ ေထြလာကို ထုတ္ေပးခဲ့ပါတယ္။

Fantastic Beasts Franchise ဟာ Harry Potter ထဲကအျဖစ္အပ်က္ေတြ မတိုင္ခင္ အခ်ိန္ကာလကို ႐ိုက္ကူးထားတဲ့ Prequel ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ Harry Potter ႐ုပ္ရွင္ေတြအမ်ားစုကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ David Yates ကပဲ ျပန္လည္ ႐ိုက္ကူးေပးထားပါတယ္။ ဒါ့အျပင္ J.K. Rowling နဲ႔ Steve Kloves တို႔ကေတာ့ ဇာတ္ၫႊန္းေရးတဲ့ ေနရာမွာ ပါဝင္ထားပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကိုေတာ့ Wizard ေတြဟာ ဒုတိယကမာၻစစ္အတြင္းမွာ ပါဝင္ခဲ့ၿပီးေနာက္ ႏွစ္အနည္းငယ္အၾကာမွာ ဇာတ္အိမ္တည္ထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Hogwarts ရဲ႕ ပေရာ္ဖက္ဆာျဖစ္သူ Dumbeldore နဲ႔ သူ႔ရဲ႕သူငယ္ခ်င္းတို႔က မစ္ရွင္တစ္ခုကို ျပဳလုပ္ေနရင္း Dark Wizard ျဖစ္တဲ့ Gellert Grindelwald နဲ႔ ရင္ဆိုင္မိၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Fantastic Beasts Franchise ရဲ႕ အဓိကဇာတ္ေကာင္ေနရာမွာ ပါဝင္ထားတဲ့ Eddie Redmayne အျပင္ Katherine Watarston ၊ Dan Fogler ၊ Alison Sudol ၊ Ezra Miller ၊ Callum Turner ၊ William Nadylam ၊ Poppy Corby-Tuech ၊ Jessica Williams နဲ႔ Jude Law တို႔လည္း ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ Fanchise အတြက္ အႀကီးမားဆုံး ေျပာင္းလဲမႈကေတာ့ Grindelwald ေနရာမွာ Johnny Depp မဟုတ္ေတာ့ဘဲ Mads Mikkelsen ကေျပာင္းလဲ သ႐ုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။

ဒီေထြလာထဲမွာေတာ့ စိတ္ဝင္စားစရာ အခ်က္ေတြ ပါဝင္ေနၿပီး Grindelwald ကလည္း သာမန္လူသားေတြအေပၚ စစ္ေၾကညာလိုက္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္ဟာ ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ႀကဳံေတြ႕ခဲ့ရၿပီး ၂၀၂၀ ခုႏွစ္ စက္တင္ဘာလကတည္းက ႐ိုက္ကူးေရး စတင္ခဲ့ေပမယ့္လည္း ၂၀၂၁ ေဖေဖာ္ဝါရီလက်မွသာ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ ဧၿပီလ (၁၅)ရက္မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular