HomeEntertainmentFilmFantastic Four ရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Ryan Gosling

Fantastic Four ရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Ryan Gosling

နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Ryan Gosling ဟာ အသစ်ထွက်ရှိလာမယ့် Fantastic Four ရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။ MCU Phase 5 ကတော့ ရှေ့လထဲမှာ ထွက်ရှိလာမယ့် Ant-Man and the Wasp: Quantumania နဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ MCU ဟာ ရှိပြီးသား Franchise တွေရဲ့ Sequel တွေကို ဆက်လက်ဖန်တီးနေသလို Marvel ကောမစ်ရဲ့ ပထမဆုံးမိသားစုဖြစ်တဲ့ Fantastic Four ကိုလည်း Reboot ပြန်လည်ဖန်တီးနေပါသေးတယ်။

Fantastic Four ရုပ်ရှင်ရဲ့ ရိုက်ကူးရေးဟာ မစတင်သေးပေမယ့်လည်း လောလောဆယ်မှာတော့ ပရိသတ်တွေဟာ ဒီဇာတ်ကောင်တွေနေရာမှာ ဘယ်သူတွေ သရုပ်ဆောင်သွားမလည်းဆိုတာ ခန့်မှန်းနေကြပါပြီ။ မူလကတော့ သရုပ်ဆောင်တွေကို ၂၀၂၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ D23 ပွဲမှာ ကြေညာသွားမယ်လို့ ထင်ခဲ့ကြပေမယ့် Marvel စတူဒီယိုကတော့ ယခုအချိန်ထိ Fantastic Four ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘာကိုမှ တရားဝင်ကြေညာချက် မထုတ်ပြန်သေးပါဘူး။

photo via screenrant

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ The Hot Mic Podcast ထဲမှာတော့ Ryan Gosling ဟာ Fantastic Four ဇာတ်ကောင်တစ်ခုခုမှာ ပါဝင်လာမယ်လို့ ကြားထားကြောင်း Jeff Sneider က ပြောထားပါတယ်။

“Ryan Gosling က MCU ထဲမှာ Sentry အဖြစ် သရုပ်ဆောင်သွားမယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်ပေါ့နော်။ အဲဒီ Sentry က Superman လို ဇာတ်ကောင်ပဲလို့ လူတွေကတော့ ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုတွေ မကြားပါဘူး။ Gosling က Fantastic Four ထဲမှာ ပါသွားမယ် ဆိုတာတော့ ကြားထားပါတယ် …”

photo via screenrant

ဒါပေမယ့်လည်း ယခုအချိန်အထိ Ryan Gosling နဲ့ Marvel စတူဒီယိုတို့ဟာ တရားဝင်ကြေညာချက် တစုံတရာ မထုတ်ပြန်သေးတာကြောင့် လောလောဆယ်မှာတော့ ကောလာဟလအနေနဲ့ပဲ ယူဆထားသင့်ပါတယ်။ Fantastic Four ရုပ်ရှင်ကို WandaVision ရဲ့ ဒါရိုက်တာ Matt Shakman က ဖန်တီးသွားမှာ ဖြစ်ပြီး Jeff Kaplan နဲ့ Ian Springer တို့ကတော့ ဇာတ်ညွှန်းရေးဆရာအနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် MCU က ဖန်တီးသွားမယ့် Fantastic Four ရုပ်ရှင်ကတော့ Origin Story မဟုတ်ဘူးလို့လည်း ပြောထားပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular