HomeEntertainmentFilmFast & Furious 10 ရိုက်ကူးရေးကို ဆန္ဒပြဖို့ ပြင်ဆင်နေကြတဲ့ LA မြို့ခံများ

Fast & Furious 10 ရိုက်ကူးရေးကို ဆန္ဒပြဖို့ ပြင်ဆင်နေကြတဲ့ LA မြို့ခံများ

Los Angeles မြို့ရဲ့ မြို့ခံပြည်သူတွေကတော့ Fast & Furious 10 ရိုက်ကူးရေးကို ဆန္ဒပြဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ Fast & Furious Franchise ကတော့ ၂၀၀၀ ခုနှစ်ကျော် ကာလတည်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ ပိုမိုရရှိလာတာကြောင့် ယခုအချိန်မှာတော့ ဆယ်ကားမြောက် ရုပ်ရှင်ကိုတောင် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ သဘောတရားအရ လမ်းမတွေပေါ်မှာ ကားတွေကို အမြန်မောင်းနှင်တာတာတွေနဲ့ ပျက်စီးပေါက်ကွဲမှုတွေ ပါဝင်နေတာကြောင့် ရိုက်ကူးရေး ပြုလုပ်တဲ့မြို့က မြို့ခံပြည်သူတွေအတွက်တော့ အနှောင့်အယှက်တစ်ခု ဖြစ်နေပါတယ်။

photo via screenrant

Fast X ကိုတော့ ဘတ်ဂျက် ဒေါ်လာသန်း(၃၀၀)တောင် အသုံးပြုထားပြီး ဘတ်ဂျက်အများဆုံး သုံးထားတဲ့ ရုပ်ရှင်တွေထဲက နံပါတ်(၅)နေရာမှာ ရှိနေပါတယ်။ Fast 9 မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်များစွာကလည်း ဒီရုပ်ရှင်ထဲမှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ Fast 9 ထဲမှာတော့ အာကာသထဲအထိတောင် သွားခဲ့ကြပြီး Fast X ထဲမှာတော့ အဲဒါထက်တောင် ပိုပြီးကြီးမားတာတွေ ဖန်တီးသွားမယ်လို့လည်း သိရပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးဟာ မြို့တွင်းနေထိုင်သူတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြို့ခံတစ်ယောက်က Variety သတင်းဌာနကို Email ပေးပို့ထားတယ်လို့လည်း သိရပါတယ်။ အဲဒါကတော့ Los Angeles မြို့စွန်ပိုင်းမှာ တည်ရှိတဲ့ Angelino Heights ရပ်ကွက်က ပြည်သူတွေက ဒီရိုက်ကူးရေးကို ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

photo via screenrant

“Angelino Heights မှာ ဒီရိုက်ကူးရေးကို ဆက်ပြီး ရိုက်ကူးခွင့် ရနေဦးမယ်ဆိုရင် ဆန္ဒပြပွဲအကြီးကြီး လုပ်ပြီး ကျွန်တော်တို့တွေ ဆန္ဒပြနေတာကို ရိုက်ကူးဖို့ သတင်းထောက်တွေနဲ့ ကင်မရာသမားတွေကိုပါ ဖိတ်ခေါ်ပါမယ်။ ဒီရိုက်ကူးရေးက တစ်နေ့လုံး တစ်ညလုံး ရိုက်နေကြတာလေ။ Los angeles မြို့တွင်းမှာ ပြိုင်ကားသမားတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ လူပေါင်း(၁၇၈)ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆန္ဒပြပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ် …”

Fast & Furious လို အက်ရှင်ဇာတ်ကားတွေဟာ ရိုက်ကူးရေး ပြုလုပ်တဲ့ အချိန်မှာတော့ ပေါက်ကွဲမှုတွေ ပါဝင်နေတာကြောင့် အဲဒီအသံတွေဟာ မြို့နေပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် Fast & Furious ဟာ ကားအမြန်မောင်းမှုတွေ အဓိက ပါဝင်နေပြီး ကိုဗစ်ကာလမှာတော့ LA မြို့မှာ ပြိုင်ကားသမားတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ ရှိခဲ့တာကြောင့် မြို့နေပြည်သူတွေဟာ ဒီရိုက်ကူးရေးကို မနှစ်မြို့ကြတာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular