HomeCelebs Update NewsInternationalFast & Furious မတိုင်ခင်က Bond Girl အဖြစ် ပါဝင်ဖို့ လူရွေးပွဲ ဝင်ခဲ့တယ်ဆိုတဲ့ Gal Gadot

Fast & Furious မတိုင်ခင်က Bond Girl အဖြစ် ပါဝင်ဖို့ လူရွေးပွဲ ဝင်ခဲ့တယ်ဆိုတဲ့ Gal Gadot

Gal Gadot ဟာ Fast & Furious ထဲမှာ မပါဝင်ခင်တုန်းက ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Quantum of Solace ရုပ်ရှင်ထဲမှာ Bond Girl အဖြစ် ပါဝင်ဖို့ လူရွေးပွဲ ဝင်ပြိုင်ခဲ့သေးတယ်လို့ ပြောခဲ့ပါတယ်။ Quantum of Solace ရုပ်ရှင်ကတော့ Daniel Craig ရဲ့ ဒုတိယမြောက် James Bond ရုပ်ရှင်ပဲ ဖြစ်ပြီး အစတုန်းကတော့ Gal Gagot ဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်ချင်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Fast & Furious ရုပ်ရှင်ထဲမှာတော့ Gal Gadot ဟာ စတင်ပါဝင်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fast & Furious 6 ထဲမှာတော့ သူမရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Gisele Yashar ဟာ သေဆုံးသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Fast & Furious Franchise ဟာ သူမရဲ့ သရုပ်ဆောင်ဘဝကို ပိုမိုအောင်မြင်လာစေခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Wonder Woman အဖြစ် ပါဝင်ခွင့်ရလာပြီး အောင်မြင်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။

InStyle သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ သူမဟာ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာတဲ့ အချိန်တုန်းက အကြောင်းတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ သရုပ်ဆောင်ရွေးတဲ့ ဒါရိုက်တာ တစ်ယောက်က Bond Girl အသစ်ကို ရှာဖွေနေပြီး မော်ဒယ်အေဂျင်စီတစ်ခုမှာ သူမရဲ့ကတ်ကို မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ဟာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒီဇာတ်ကောင်ကို မရရှိခဲ့ပါဘူး။ Fast & Furious ထဲမှာ Gisele Yashar အတွက် သရုပ်ဆောင် လိုအပ်လာတဲ့အချိန်မှာတော့ အဲ့ဒီသရုပ်ဆောင်ရွေးတဲ့ ဒါရိုက်တာကပဲ သူမကို ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Quantum of Solace ရုပ်ရှင်ထဲမှာ Bond Girl နေရာကို ရရှိသွားသူကတော့ Olga Kurylenko ပဲ ဖြစ်ပါတယ်။ Gal Gadot ဟာ ဒီဇာတ်ကောင်ကို ဆုံးရှုံးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ Fast & Furious Franchise ထဲမှာ ပါဝင်ခွင့်ရခဲ့သလို တဖြည်းဖြည်းနဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြောရရင်တော့ ဒီဇာတ်ကောင်ကို မရခဲ့တဲ့အချက်ကနေ သင်ခန်းစာတွေ ယူနိုင်ခဲ့ပြီး အခုလို အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာတာဆိုလည်း မမှားပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular