HomeEntertainmentFilmအမျိုးသမီးဇာတ်ကောင်တွေ အဓိကပါဝင်တဲ့ animated ဇာတ်ကားကောင်းများ

အမျိုးသမီးဇာတ်ကောင်တွေ အဓိကပါဝင်တဲ့ animated ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အရင်အချိန်တွေတုန်းကဆိုရင် ဇာတ်လမ်းအများစုမှာ အမျိူးသားတွေကပဲ အဓိကဇာတ်ဆောင်နေရာက ပါဝင်လေ့ရှိပြီး အမျိူးသမီးဇာတ်ကောင်တွေကတော့ ဇာတ်ပို့ဇာတ်ရန်လောက်ပဲ ပါဝင်ရလေ့ ရှိပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာတော့ ဒီအစဉ်အလာကို ချိူးဖျက်ပြီး အမျိူးသမီးဇာတ်ကောင်တွေကို အဓိကဇာတ်ကောင်အနေနဲ့ ဖန်တီးလာကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အဓိကဇာတ်ကောင်နေရာမှာ အမျိူးသမီးဇာတ်လိုက်တွေပါဝင်တဲ့ animated movie တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Brave – မင်းသမီး Merida
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Merida ဆိုတဲ့ မင်းသမီးလေးဟာ ရှေးအစဉ်အလာတစ်ခုကို လက်ခံဖို့အတွက် ငြင်းပယ်ရာကနေ သူမရဲ့နိုင်ငံဟာ ကံဆိုးမိုးမှောင်မှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ စုန်းမကြီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး ကျိန်စာဖြေပေးဖို့အတွက် စွန့်စားခန်းခရီး ထွက်ခဲ့ရပါတော့တယ်။ ဒါ့အပြင် ဒီဇာတ်ကားလေးဟာ အော်စကာဆုတစ်ခု ရရှိခဲ့ပါသေးတယ်။

(6) Mulan – Mulan
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၈ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့အဖေကို စစ်ပွဲထဲမှာ မသေစေချင်တာကြောင့် ယောက်ျားလေး အယောင်ဆောင်ပြီး ဖခင်ဖြစ်သူကိုယ်စား စစ်ထဲကို လိုက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စွန့်စားခန်းတွေနဲ့ ကြုံတွေ့ပြီး သူမဟာ တရုတ်နိုင်ငံရဲ့ အကြီးမြတ်ဆုံး သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာလည်း အော်စကာဆုတစ်ခုအတွက် စံကာတင်စာရင်းဝင်ခဲ့ပြီး သိပ်မကြာခင်တုန်းကလည်း Live Action ထွက်ထားပါသေးတယ်။

(5) The Breadwinner – Parvana
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Parvana ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်မှာ နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ သူမရဲ့အဖေဟာ အဖမ်းခံလိုက်ရတာကြောင့် မိသားစုကို‌ ထောက်ပံ့ဖို့အတွက် Parvana ဟာ ယောက်ျားလေးပုံစံနဲ့ အလုပ်လုပ်ရပါတော့တယ်။ ဒီဇာတ်လမ်းကလည်း အော်စကာဆုတစ်ခုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။

(4) Kiki’s Delivery Service – စုန်းမလေး Kiki
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၈၉ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Kiki ဆိုတဲ့ စုန်းမလေးဟာ သူတို့ရွာရဲ့ စုန်းလေ့ကျင့်ရေး အလေ့အထကြောင့် ပင်လယ်ကမ်းခြေမြို့လေးမှာ တစ်ယောက်တည်း နေထိုင်ဖို့အတွက် ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေပြေနေနိုင်ဖို့ ကြိုးစားရင်းနဲ့ လေပေါ်ပျံသန်းကာ delivery အလုပ်ကို လုပ်နေခဲ့ပါတယ်။

(3) Inside Out – Joy
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ (၁၁)နှစ်အရွယ် ကောင်မလေး Riley ဟာ သူမရဲ့မိသားစုနဲ့အတူ San Francisco ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမနဲ့ သူမရဲ့ စိတ်ခံစားချက်တွေဟာ ပတ်ဝန်းကျင်အသစ်မှာ ဘဝအသစ်စဖို့အတွက် ရုန်းကန်ရပါတော့တယ်။ အဲ့ဒီစိတ်ခံစားချက်တွေထဲမှာ Joy ကတော့ အဓိက ဇာတ်ကောင်တစ်ယောက် ဖြစ်သလို တစ်ခြားစိတ်ခံစားချက်တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒီ animated movie လေးကလည်း အော်စကာဆုတစ်ဆု ရရှိထားပါသေးတယ်။

(2) Princess Mononoke – Princess Mononoke
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၇ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ (၁၄)ရာစုနှစ် ဂျပန်ပြည်မှာ အခြေခံထားပါတယ်။ အာရှီတာကာလို့ အမည်ရတဲ့ အီမီရှီလူမျိုးစုတွေရဲ့ မင်းသားလေးဟာ မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ရင်း ကျိန်စာနဲ့တူတဲ့ ဒဏ်ရာတစ်ခုကို ရသွားပါတယ်။ ဒီဒဏ်ရာကို ကုသပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ ရှီရှီဂါမီလို့ခေါ်တဲ့ တောနက်ထဲမှာ နေထိုင်တဲ့ သမင်ဘုရင်ကြီးပဲ ဖြစ်ပါတယ်။ ဒဏ်ရာကို အချိန်မီကုသဖို့ သမင်ဘုရင်ကြီးရှိရာ တောအုပ်ကြီးဆီ သွားရင်းကနေ လူသားတွေနဲ့ တောနေ နတ်ဘုရားတွေရဲ့ စစ်ပွဲကြားထဲကို ရောက်သွားတဲ့အခါမှာတော့…။

(1) Ghost in the Shell: Stand Alone Complex – Major Motoko Kusanagi
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နည်းပညာတွေ အလွန်အဆင့်မြင့်နေတဲ့ အနာဂတ်ကာလတစ်ခုမှာ အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဗိုလ်မှူး Motoko Kusanagi နဲ့ Section 9 တို့ဟာ ရဲတွေအတွက် ဖြေရှင်းဖို့ ခက်ခဲနေတဲ့ အမှုတွေကို လိုက်လံစုံစမ်းကြပြီး အဲ့ဒီအမှုတွေကို ဖြေရှင်းကြပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကူးယဉ်သိပ္ပံနဲ့ မှုခင်းကို ရောထားတာဖြစ်လို့ လုံးဝကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်မှာ သေချာပါတယ်။

ဒါကတော့ အမျိုးသမီးဇာတ်ကောင်တွေကို အဓိကဇာတ်လိုက်အဖြစ် ဖန်တီးထားတဲ့ animate ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော အလားတူဇာတ်ကားများ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အရင္အခ်ိန္ေတြတုန္းကဆိုရင္ ဇာတ္လမ္းအမ်ားစုမွာ အမ်ိဴးသားေတြကပဲ အဓိကဇာတ္ေဆာင္ေနရာက ပါဝင္ေလ့ရွိၿပီး အမ်ိဴးသမီးဇာတ္ေကာင္ေတြကေတာ့ ဇာတ္ပို႔ဇာတ္ရန္ေလာက္ပဲ ပါဝင္ရေလ့ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ေနာက္ပိုင္းမွာေတာ့ ဒီအစဥ္အလာကို ခ်ိဴးဖ်က္ၿပီး အမ်ိဴးသမီးဇာတ္ေကာင္ေတြကို အဓိကဇာတ္ေကာင္အေနနဲ႔ ဖန္တီးလာၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ အဓိကဇာတ္ေကာင္ေနရာမွာ အမ်ိဴးသမီးဇာတ္လိုက္ေတြပါဝင္တဲ့ animated movie ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Brave – မင္းသမီး Merida
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Merida ဆိုတဲ့ မင္းသမီးေလးဟာ ေရွးအစဥ္အလာတစ္ခုကို လက္ခံဖို႔အတြက္ ျငင္းပယ္ရာကေန သူမရဲ႕ႏိုင္ငံဟာ ကံဆိုးမိုးေမွာင္မႈေတြ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ စုန္းမႀကီးတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ၿပီး က်ိန္စာေျဖေပးဖို႔အတြက္ စြန႔္စားခန္းခရီး ထြက္ခဲ့ရပါေတာ့တယ္။ ဒါ့အျပင္ ဒီဇာတ္ကားေလးဟာ ေအာ္စကာဆုတစ္ခု ရရွိခဲ့ပါေသးတယ္။

(6) Mulan – Mulan
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၈ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီးေတာ့ IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕အေဖကို စစ္ပြဲထဲမွာ မေသေစခ်င္တာေၾကာင့္ ေယာက္်ားေလး အေယာင္ေဆာင္ၿပီး ဖခင္ျဖစ္သူကိုယ္စား စစ္ထဲကို လိုက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ စြန႔္စားခန္းေတြနဲ႔ ႀကဳံေတြ႕ၿပီး သူမဟာ တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးျမတ္ဆုံး သူရဲေကာင္းတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒီဇာတ္လမ္းဟာလည္း ေအာ္စကာဆုတစ္ခုအတြက္ စံကာတင္စာရင္းဝင္ခဲ့ၿပီး သိပ္မၾကာခင္တုန္းကလည္း Live Action ထြက္ထားပါေသးတယ္။

(5) The Breadwinner – Parvana
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Parvana ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ တာလီဘန္ေတြ ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္နစၥတန္မွာ ေနထိုင္ေနပါတယ္။ တစ္ရက္မွာေတာ့ သူမရဲ႕အေဖဟာ အဖမ္းခံလိုက္ရတာေၾကာင့္ မိသားစုကို‌ ေထာက္ပံ့ဖို႔အတြက္ Parvana ဟာ ေယာက္်ားေလးပုံစံနဲ႔ အလုပ္လုပ္ရပါေတာ့တယ္။ ဒီဇာတ္လမ္းကလည္း ေအာ္စကာဆုတစ္ခုအတြက္ စံကာတင္စာရင္းဝင္ခဲ့ပါေသးတယ္။

(4) Kiki’s Delivery Service – စုန္းမေလး Kiki
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၈၉ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Kiki ဆိုတဲ့ စုန္းမေလးဟာ သူတို႔႐ြာရဲ႕ စုန္းေလ့က်င့္ေရး အေလ့အထေၾကာင့္ ပင္လယ္ကမ္းေျခၿမိဳ႕ေလးမွာ တစ္ေယာက္တည္း ေနထိုင္ဖို႔အတြက္ ထြက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ ပတ္ဝန္းက်င္အသစ္မွာ အဆင္ေျပေျပေနႏိုင္ဖို႔ ႀကိဳးစားရင္းနဲ႔ ေလေပၚပ်ံသန္းကာ delivery အလုပ္ကို လုပ္ေနခဲ့ပါတယ္။

(3) Inside Out – Joy
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ (၁၁)ႏွစ္အ႐ြယ္ ေကာင္မေလး Riley ဟာ သူမရဲ႕မိသားစုနဲ႔အတူ San Francisco ကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမနဲ႔ သူမရဲ႕ စိတ္ခံစားခ်က္ေတြဟာ ပတ္ဝန္းက်င္အသစ္မွာ ဘဝအသစ္စဖို႔အတြက္ ႐ုန္းကန္ရပါေတာ့တယ္။ အဲ့ဒီစိတ္ခံစားခ်က္ေတြထဲမွာ Joy ကေတာ့ အဓိက ဇာတ္ေကာင္တစ္ေယာက္ ျဖစ္သလို တစ္ျခားစိတ္ခံစားခ်က္ေတြရဲ႕ ေခါင္းေဆာင္လည္း ျဖစ္ပါတယ္။ ဒီ animated movie ေလးကလည္း ေအာ္စကာဆုတစ္ဆု ရရွိထားပါေသးတယ္။

(2) Princess Mononoke – Princess Mononoke
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၇ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ (၁၄)ရာစုႏွစ္ ဂ်ပန္ျပည္မွာ အေျခခံထားပါတယ္။ အာရွီတာကာလို႔ အမည္ရတဲ့ အီမီရွီလူမ်ိဳးစုေတြရဲ႕ မင္းသားေလးဟာ မိစာၦတစ္ေကာင္နဲ႔ တိုက္ခိုက္ရင္း က်ိန္စာနဲ႔တူတဲ့ ဒဏ္ရာတစ္ခုကို ရသြားပါတယ္။ ဒီဒဏ္ရာကို ကုသေပးႏိုင္တဲ့ တစ္ဦးတည္းေသာသူကေတာ့ ရွီရွီဂါမီလို႔ေခၚတဲ့ ေတာနက္ထဲမွာ ေနထိုင္တဲ့ သမင္ဘုရင္ႀကီးပဲ ျဖစ္ပါတယ္။ ဒဏ္ရာကို အခ်ိန္မီကုသဖို႔ သမင္ဘုရင္ႀကီးရွိရာ ေတာအုပ္ႀကီးဆီ သြားရင္းကေန လူသားေတြနဲ႔ ေတာေန နတ္ဘုရားေတြရဲ႕ စစ္ပြဲၾကားထဲကို ေရာက္သြားတဲ့အခါမွာေတာ့…။

(1) Ghost in the Shell: Stand Alone Complex – Major Motoko Kusanagi
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ နည္းပညာေတြ အလြန္အဆင့္ျမင့္ေနတဲ့ အနာဂတ္ကာလတစ္ခုမွာ အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဗိုလ္မႉး Motoko Kusanagi နဲ႔ Section 9 တို႔ဟာ ရဲေတြအတြက္ ေျဖရွင္းဖို႔ ခက္ခဲေနတဲ့ အမႈေတြကို လိုက္လံစုံစမ္းၾကၿပီး အဲ့ဒီအမႈေတြကို ေျဖရွင္းၾကပုံကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ စိတ္ကူးယဥ္သိပၸံနဲ႔ မႈခင္းကို ေရာထားတာျဖစ္လို႔ လုံးဝကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဇာတ္လမ္းတစ္ခု ျဖစ္မွာ ေသခ်ာပါတယ္။

ဒါကေတာ့ အမ်ိဳးသမီးဇာတ္ေကာင္ေတြကို အဓိကဇာတ္လိုက္အျဖစ္ ဖန္တီးထားတဲ့ animate ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားေသာ အလားတူဇာတ္ကားမ်ား ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular