HomeUncategorizedအချောသတ် ပြီးစီးတော့မယ့် Fast & Furious 9 ရုပ်ရှင်ဇာတ်ကား

အချောသတ် ပြီးစီးတော့မယ့် Fast & Furious 9 ရုပ်ရှင်ဇာတ်ကား

 ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fast & Furious 9 အတွက် ရိုက်ကူးရေး ပြီးစီးသွားပြီ ဖြစ်ပြီး ရုပ်ရှင်အဖြစ် ထွက်ရှိလာဖို့ နီးစပ်နေပြီဆိုတဲ့အကြောင်းကို ဒါရိုက်တာ Justin Lin က အတည်ပြုလိုက်ပါတယ်။

Fast & Furious 9 ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ရုံတင်မယ့် နေ့ရက်ဟာ ၂၀၂၁ခုနှစ် မေလကို ပြောင်းရွှေ့သွား‌ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် F9 ထွက်ပြီးသွားရင်လည်း အနည်းဆုံး နောက်ထပ် နှစ်ကားလောက်တော့ ထပ်ပြီးထွက်လာဖို့ ရှိပါသေးတယ်။

photo via screenrant

Fate of the Furious နဲ့ Hobbs & Shaw တို့ဟာ ယခင်က F&F နဲ့ ဇာတ်ကားတွေနဲ့ ပုံစံသိပ်မတူဘဲ ကွဲထွက်နေတာကြောင့် ပရိသတ်တွေဟာ F9 ကိုတော့ အရင်လိုပုံစံမျိူး ပြန်ပြီး မြင်တွေ့ချင်နေကြပါတယ်။ Justin Lin ကတော့ အဲ့ဒီမျှော်လင့်ချက်အတွက် အဓိကအချက်ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Justin Lin ဟာ Fast & Furious 6 မှာ ရိုက်ကူးပြီးတော့ ဒီ franchise ကနေ ထွက်ခွာသွားတာကြောင့် ဖြစ်ပါတယ်။ အခုချိန်မှာတော့ Justin Lin ဟာ F9 ကိုရိုက်ကူးပေးထားပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကောင် Han ဟာလည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဒါရိုက်တာ Lin က Twitter ပေါ်မှာ ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ post-production အဖွဲ့သားတွေဟာ ဒီရုပ်ရှင်အတွက် အသံပိုင်းဆိုင်ရာ တည်းဖြတ်မှုတွေ ပြီးသွားတာကြောင့် အောင်ပွဲခံနေတဲ့ပုံကို တင်ထားတာ တွေ့ရပါတယ်။ ၂၀၂၀ခုနှစ်မှာ အခုလိုမျိူး ရုပ်ရှင်ထုတ်လုပ်ရေးကို ပြုလုပ်ရတာဟာ အန္တရာယ်များပေမယ့်လည်း နောက်ဆုံးမှာတော့ ရုပ်ရှင်အဖွဲ့သားတွေ အားလုံးဟာ ဒီရုပ်ရှင်ကို ဘေးမသီရန်မခဘဲ ပြီးစီးအောင် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

©Universal Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Lin က ရိုက်ကူးသွားမှာ ဖြစ်တာကြောင့် အရင်ကလို F&F ပုံစံမျိူး ပြန်လည်မြင်ရနိုင်ချေလည်း ရှိသလို Han ကလည်း ပြန်လည်ပါဝင်လာတာကြောင့် အင်မတန် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ဒါ့အပြင် F9 ထဲမှာတော့ သူတို့အဖွဲ့သားတွေဟာ အာကာသထဲကို သွားမယ်လို့တောင် ကောလာဟလတွေ ထွက်နေပါသေးတယ်။ F9 ကိုတော့ ၂၀၂၁ခုနှစ် မေလ (၂၈)ရက်နေ့မှာ ပြသသွားမယ်လို့ သိရပြီး ဘယ်လိုမျိူးတွေ မြင်ရမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Fast & Furious 9 အတြက္ ႐ိုက္ကူးေရး ၿပီးစီးသြားၿပီ ျဖစ္ၿပီး ႐ုပ္ရွင္အျဖစ္ ထြက္ရွိလာဖို႔ နီးစပ္ေနၿပီဆိုတဲ့အေၾကာင္းကို ဒါ႐ိုက္တာ Justin Lin က အတည္ျပဳလိုက္ပါတယ္။

Fast & Furious 9 ဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ႐ုံတင္မယ့္ ေန႔ရက္ဟာ ၂၀၂၁ခုႏွစ္ ေမလကို ေျပာင္းေ႐ႊ႕သြား‌ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ F9 ထြက္ၿပီးသြားရင္လည္း အနည္းဆုံး ေနာက္ထပ္ ႏွစ္ကားေလာက္ေတာ့ ထပ္ၿပီးထြက္လာဖို႔ ရွိပါေသးတယ္။

photo via screenrant

Fate of the Furious နဲ႔ Hobbs & Shaw တို႔ဟာ ယခင္က F&F နဲ႔ ဇာတ္ကားေတြနဲ႔ ပုံစံသိပ္မတူဘဲ ကြဲထြက္ေနတာေၾကာင့္ ပရိသတ္ေတြဟာ F9 ကိုေတာ့ အရင္လိုပုံစံမ်ိဴး ျပန္ၿပီး ျမင္ေတြ႕ခ်င္ေနၾကပါတယ္။ Justin Lin ကေတာ့ အဲ့ဒီေမွ်ာ္လင့္ခ်က္အတြက္ အဓိကအခ်က္ပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Justin Lin ဟာ Fast & Furious 6 မွာ ႐ိုက္ကူးၿပီးေတာ့ ဒီ franchise ကေန ထြက္ခြာသြားတာေၾကာင့္ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Justin Lin ဟာ F9 ကို႐ိုက္ကူးေပးထားၿပီး ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ ဇာတ္ေကာင္ Han ဟာလည္း ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

ဒီအေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ဒါ႐ိုက္တာ Lin က Twitter ေပၚမွာ ေဝမွ်ေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါပို႔စ္မွာေတာ့ post-production အဖြဲ႕သားေတြဟာ ဒီ႐ုပ္ရွင္အတြက္ အသံပိုင္းဆိုင္ရာ တည္းျဖတ္မႈေတြ ၿပီးသြားတာေၾကာင့္ ေအာင္ပြဲခံေနတဲ့ပုံကို တင္ထားတာ ေတြ႕ရပါတယ္။ ၂၀၂၀ခုႏွစ္မွာ အခုလိုမ်ိဴး ႐ုပ္ရွင္ထုတ္လုပ္ေရးကို ျပဳလုပ္ရတာဟာ အႏၲရာယ္မ်ားေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ႐ုပ္ရွင္အဖြဲ႕သားေတြ အားလုံးဟာ ဒီ႐ုပ္ရွင္ကို ေဘးမသီရန္မခဘဲ ၿပီးစီးေအာင္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

©Universal Pictures

ဒီ႐ုပ္ရွင္ကေတာ့ ဒါ႐ိုက္တာ Lin က ႐ိုက္ကူးသြားမွာ ျဖစ္တာေၾကာင့္ အရင္ကလို F&F ပုံစံမ်ိဴး ျပန္လည္ျမင္ရႏိုင္ေခ်လည္း ရွိသလို Han ကလည္း ျပန္လည္ပါဝင္လာတာေၾကာင့္ အင္မတန္ စိတ္ဝင္စားဖို႔ ေကာင္းေနပါၿပီ။ ဒါ့အျပင္ F9 ထဲမွာေတာ့ သူတို႔အဖြဲ႕သားေတြဟာ အာကာသထဲကို သြားမယ္လို႔ေတာင္ ေကာလာဟလေတြ ထြက္ေနပါေသးတယ္။ F9 ကိုေတာ့ ၂၀၂၁ခုႏွစ္ ေမလ (၂၈)ရက္ေန႔မွာ ျပသသြားမယ္လို႔ သိရၿပီး ဘယ္လိုမ်ိဴးေတြ ျမင္ရမလည္း ဆိုတာကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular