HomeEntertainmentFilmX-Men ကိုကျော်တက်ပြီး ငါးခုမြောက် ဝင်ငွေအများဆုံး Franchise ဖြစ်သွားတဲ့ Fast & Furious

X-Men ကိုကျော်တက်ပြီး ငါးခုမြောက် ဝင်ငွေအများဆုံး Franchise ဖြစ်သွားတဲ့ Fast & Furious

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fast & Furious franchise ရဲ့ ကိုးကားမြောက် ရုပ်ရှင်ဟာ ကိုဗစ်ကြောင့် အကြိမ်များစွာ နှောင့်နှေး ကြန့်ကြာခဲ့ပေမယ့်လည်း မကြာသေးခင်ကပဲ စတင်ပြီး နိုင်ငံအချို့မှာ ပြသခဲ့ပါတယ်။ F9 ဟာ ရုံတင်တာ သိပ်မကြာသေးပေမယ့်လည်း အခုချိန်ထိတော့ ရုံတင်ဝင်ငွေတွေများစွာ ရရှိထားပါတယ်။ ဒါကြောင့်ပဲ အခုချိန်မှာတော့ Fast & Furious ဟာ X-Men ကို ကျော်တက်ပြီး ငါးခုမြောက် ဝင်ငွေအများဆုံး franchise ဖြစ်လာခဲ့ပါပြီ။

photo via screenrant

ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ The Fast and the Furious ကတော့ ဘတ်ဂျက်အနေနဲ့ ဒေါ်လာ (၃၈)သန်း အသုံးပြုခဲ့ပြီး ဝင်ငွေကတော့ ဒေါ်လာ (၂၀၇)သန်း ပြန်လည်ရရှိခဲ့ပါတယ်။ 2 Fast 2 Furious ကတော့ ဘတ်ဂျက်ဒေါ်လာ (၇၆)သန်း အသုံးပြုခဲ့ပြီး ဒေါ်လာ (၂၃၆)သန်း ရရှိခဲ့ပါတယ်။ Tokyo Drift ကတော့ ဒေါ်လာ (၁၅၉)သန်း ရရှိခဲ့ပြီး Fast and Furious 4 ကတော့ ဒေါ်လာသန်း (၃၆၀) ရရှိခဲ့ပါတယ်။ Fast Five ကတော့ ဒေါ်လာ (၆၂၆)သန်း ရရှိခဲ့သလို Fast and Furious 6 ကတော့ ဒေါ်လာ (၇၈၈)သန်း ရရှိခဲ့ပါတယ်။ Fast and Furious 7 နဲ့ 8 ကတော့ ဒေါ်လာ (၁)ဘီလျံကျော်စီ ရရှိခဲ့ပြီး Hobbs & Shaw ကတော့ ဒေါ်လာ သန်း (၇၆၀) ဆိုပြီး အသီးသီး ဝင်ငွေ ရရှိခဲ့ပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ F9 ဟာ ရုံတင်ပြီး နှစ်ပတ်အကြာမှာ ဒေါ်လာသန်း (၄၀၀)ကျော် ရရှိနေပြီလို့ သိရပါတယ်။ အခုဆိုရင်တော့ Fast and Furious franchise ဟာ ထွက်ရှိပြီးသမျှ ရုပ်ရှင်ကားတွေ အားလုံးပေါင်းလိုက်ရင် ဒေါ်လာ (၆.၂)ဘီလျံကျော် ဝင်ငွေ ရရှိထားပြီး X-Men franchise ကို ကျော်တက်ကာ ငါးခုမြောက် ဝင်ငွေအများဆုံး franchise ဖြစ်လာပါတယ်။

photo via screenrant

X-Men franchise ကတော့ အားလုံးပေါင်း ရုပ်ရှင် (၁၃)ကား ထွက်ရှိခဲ့ပြီး ဒေါ်လာ (၅)ဘီလျံကျော် ရရှိထားပါတယ်။ ဝင်ငွေအများဆုံး franchise စာရင်းမှာတော့ James Bond ဟာ ဒေါ်လာ (၇)ဘီလျံကျော်နဲ့ နံပါတ် (၄)နေရာမှာ ရပ်တည်နေပြီး Harry Potter ကတော့ ဒေါ်လာ (၉)ဘီလျံကျော်နဲ့ နံပါတ် (၃)နေရာမှာ ရပ်တည်နေပါတယ်။ Star Wars ကတော့ ဒေါ်လာ (၁၀)ဘီလျံကျော်နဲ့ နံပါတ် (၂)နေရာမှာ ရှိနေပြီး နံပါတ်(၁)ကတော့ ဒေါ်လာ (၂၂)ဘီလျံနဲ့ MCU က ရပ်တည်နေပါတယ်။ MCU ကတော့ The Avengers ရုပ်ရှင်တွေချည်းပဲ ပေါင်းလိုက်ရင်တောင် ဒေါ်လာ (၇)ဘီလျံကျော် ဝင်ငွေ ရရှိထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ F9 ဟာ ဆက်လက် ရုံတင်သွားဦးမှာ ဖြစ်သလို F10 လည်း ထပ်မံထွက်ရှိလာဦးမှာ ဖြစ်တာကြောင့် James Bond ကို ကျော်တက်သွားနိုင်ဦးမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Fast & Furious franchise ရဲ႕ ကိုးကားေျမာက္ ႐ုပ္ရွင္ဟာ ကိုဗစ္ေၾကာင့္ အႀကိမ္မ်ားစြာ ေႏွာင့္ေႏွး ၾကန႔္ၾကာခဲ့ေပမယ့္လည္း မၾကာေသးခင္ကပဲ စတင္ၿပီး ႏိုင္ငံအခ်ိဳ႕မွာ ျပသခဲ့ပါတယ္။ F9 ဟာ ႐ုံတင္တာ သိပ္မၾကာေသးေပမယ့္လည္း အခုခ်ိန္ထိေတာ့ ႐ုံတင္ဝင္ေငြေတြမ်ားစြာ ရရွိထားပါတယ္။ ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ Fast & Furious ဟာ X-Men ကို ေက်ာ္တက္ၿပီး ငါးခုေျမာက္ ဝင္ေငြအမ်ားဆုံး franchise ျဖစ္လာခဲ့ပါၿပီ။

photo via screenrant

ပထမဆုံး႐ုပ္ရွင္ျဖစ္တဲ့ The Fast and the Furious ကေတာ့ ဘတ္ဂ်က္အေနနဲ႔ ေဒၚလာ (၃၈)သန္း အသုံးျပဳခဲ့ၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၂၀၇)သန္း ျပန္လည္ရရွိခဲ့ပါတယ္။ 2 Fast 2 Furious ကေတာ့ ဘတ္ဂ်က္ေဒၚလာ (၇၆)သန္း အသုံးျပဳခဲ့ၿပီး ေဒၚလာ (၂၃၆)သန္း ရရွိခဲ့ပါတယ္။ Tokyo Drift ကေတာ့ ေဒၚလာ (၁၅၉)သန္း ရရွိခဲ့ၿပီး Fast and Furious 4 ကေတာ့ ေဒၚလာသန္း (၃၆၀) ရရွိခဲ့ပါတယ္။ Fast Five ကေတာ့ ေဒၚလာ (၆၂၆)သန္း ရရွိခဲ့သလို Fast and Furious 6 ကေတာ့ ေဒၚလာ (၇၈၈)သန္း ရရွိခဲ့ပါတယ္။ Fast and Furious 7 နဲ႔ 8 ကေတာ့ ေဒၚလာ (၁)ဘီလ်ံေက်ာ္စီ ရရွိခဲ့ၿပီး Hobbs & Shaw ကေတာ့ ေဒၚလာ သန္း (၇၆၀) ဆိုၿပီး အသီးသီး ဝင္ေငြ ရရွိခဲ့ပါတယ္။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ F9 ဟာ ႐ုံတင္ၿပီး ႏွစ္ပတ္အၾကာမွာ ေဒၚလာသန္း (၄၀၀)ေက်ာ္ ရရွိေနၿပီလို႔ သိရပါတယ္။ အခုဆိုရင္ေတာ့ Fast and Furious franchise ဟာ ထြက္ရွိၿပီးသမွ် ႐ုပ္ရွင္ကားေတြ အားလုံးေပါင္းလိုက္ရင္ ေဒၚလာ (၆.၂)ဘီလ်ံေက်ာ္ ဝင္ေငြ ရရွိထားၿပီး X-Men franchise ကို ေက်ာ္တက္ကာ ငါးခုေျမာက္ ဝင္ေငြအမ်ားဆုံး franchise ျဖစ္လာပါတယ္။

photo via screenrantX-Men franchise ကေတာ့ အားလုံးေပါင္း ႐ုပ္ရွင္ (၁၃)ကား ထြက္ရွိခဲ့ၿပီး ေဒၚလာ (၅)ဘီလ်ံေက်ာ္ ရရွိထားပါတယ္။ ဝင္ေငြအမ်ားဆုံး franchise စာရင္းမွာေတာ့ James Bond ဟာ ေဒၚလာ (၇)ဘီလ်ံေက်ာ္နဲ႔ နံပါတ္ (၄)ေနရာမွာ ရပ္တည္ေနၿပီး Harry Potter ကေတာ့ ေဒၚလာ (၉)ဘီလ်ံေက်ာ္နဲ႔ နံပါတ္ (၃)ေနရာမွာ ရပ္တည္ေနပါတယ္။ Star Wars ကေတာ့ ေဒၚလာ (၁၀)ဘီလ်ံေက်ာ္နဲ႔ နံပါတ္ (၂)ေနရာမွာ ရွိေနၿပီး နံပါတ္(၁)ကေတာ့ ေဒၚလာ (၂၂)ဘီလ်ံနဲ႔ MCU က ရပ္တည္ေနပါတယ္။ MCU ကေတာ့ The Avengers ႐ုပ္ရွင္ေတြခ်ည္းပဲ ေပါင္းလိုက္ရင္ေတာင္ ေဒၚလာ (၇)ဘီလ်ံေက်ာ္ ဝင္ေငြ ရရွိထားတာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ F9 ဟာ ဆက္လက္ ႐ုံတင္သြားဦးမွာ ျဖစ္သလို F10 လည္း ထပ္မံထြက္ရွိလာဦးမွာ ျဖစ္တာေၾကာင့္ James Bond ကို ေက်ာ္တက္သြားႏိုင္ဦးမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular