HomeCelebs Update NewsInternationalFast & Furious ထဲက Tej Parker ဇာတ်ကောင်ကို အချိန်တိုလေးအတွင်း ရရှိခဲ့တဲ့ Ludacris 

Fast & Furious ထဲက Tej Parker ဇာတ်ကောင်ကို အချိန်တိုလေးအတွင်း ရရှိခဲ့တဲ့ Ludacris 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အမေရိကန် ရက်ပ်ပါနဲ့ သရုပ်ဆောင် Ludacris ဟာ Fast & Furious ထဲက Tej Parker ဆိုတဲ့ ဇာတ်ကောင်ကို နောက်ဆုံးအချိန်လေးမှာမှ ကပ်ပြီး ရရှိခဲ့တဲ့အကြောင်း ပြောပြလိုက်ပါတယ်။

Ludacris ဟာ Tej Parker ဇာတ်ကောင်နဲ့ Fast & Furious franchise ရဲ့ ဒုတိယမြောက်ဇာတ်ကား 2 Fast 2 Furious မှာ စတင်ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ အဆိုပါဇာတ်ကောင်ကို နောက်ဆုံးအချိန်လေးမှာမှ လူရွေးပွဲ ဝင်ပြိုင်ခဲ့ရတာဖြစ်ပြီး Tej Parker ဟာ သူ့ရဲ့ပင်ကိုစရိုက်နဲ့လည်း ကိုက်ညီမှုရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ EW နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ လာမယ့် F9 အတွက် စကားစမြည်ပြောဆိုရင်း ပြောပြထားတာပါ။

Photo via IMDb

Universal Pictures စတူဒီယိုဟာ မူလတုန်းကတော့ Edwin ဆိုတဲ့ ဇာတ်ကောင်နေရာကို ပြန်လည်ထည့်သွင်းဖို့ ရက်ပ်ပါ Ja Rule ကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် Ja Rule က အချိန်လည်းမအားတဲ့အပြင် သရုပ်ဆောင်ကြေး ဒေါ်လာငါးသိန်းကိုလည်း ငြင်းပယ်ခဲ့တာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် Edwin နဲ့ အလားတူတဲ့ ကာရိုက်တာတစ်ခုကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး Ludacris ကို စဉ်းစားခဲ့ကြပါတယ်။

အဲ့ဒီတုန်းက Ludacris ဟာ Eminem နဲ့အတူ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်မှာ ဖျော်ဖြေနေချိန် ဖြစ်ပါတယ်။ Ludacris ဟာ ရှိုးမှာ ဖျော်ဖြေဖို့ ပြင်ဆင်နေရင်း အဝတ်လဲခန်းမှာ ထိုင်နေတုန်း သူ့ရဲ့ကိုယ်စားလှယ်ဆီကတစ်ဆင့် ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Fast & Furious ထဲက Tej Parker ဇာတ်ကောင်ကို လိုချင်တယ်ဆိုရင် ချက်ချင်း လူရွေးပွဲဝင်ပြိုင်ပြီး ပေးပို့ရမယ်ဆိုတာပါပဲ။

Photo via IMDb

ဒါနဲ့ပဲ Ludacris တစ်ယောက်လည်း ဇာတ်လမ်းဒိုင်ယာလော့ခ်တွေကို ဖတ်ရတာတောင် စိတ်လှုပ်ရှားဖို့ အချိန်မရတော့ဘဲ စင်ပေါ်မတက်ခင် အချိန်လေးအတွင်းမှာ လူရွေးပွဲအတွက် လိုအပ်တဲ့ သရုပ်ဆောင်မှုအချို့ကို ပြုလုပ်ပြီး ဗွီဒီယိုနဲ့ မှတ်တမ်းတင်ကာ အခွေကို ချက်ချင်း ပေးပို့ခဲ့ရပါတယ်။

ဒီကာရိုက်တာကို ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရတည်းက သူ့ရဲ့ပင်ကိုစရိုက်နဲ့ သိပ်မကွာတဲ့ အနေအထားကို ခံစားခဲ့ရတာကြောင့် Ludacris ဟာ သူ့ရဲ့ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကို ကောင်းစွာ သရုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

“ဂီတဘက်မှာတော့ Ludacris ပေါ့ဗျာ။ ရုပ်ရှင်ဘက်ကူးသွားတော့ Tej Parker ဖြစ်သွားတယ်။ ဒါပေမယ့် တစ်ခုကောင်းတာက အဲ့ဒီကာရိုက်တာက ကျွန်တော့်ရဲ့ပုံမှန် နေ့တိုင်း နေထိုင်နေကျ ပင်ကိုပုံစံနဲ့ သိပ်မကွာတာပါပဲ။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး သရုပ်ဆောင်ဖူးတဲ့ ကာရိုက်တာလည်း ဖြစ်တာကြောင့် နဂို Ludacris ပုံစံကို နည်းနည်း အဆင့်မြှင့်ပြီး သရုပ်ဆောင်လိုက်ရုံပါပဲ … ”

“ပထမဆုံးကာရိုက်တာကို ကိုယ့်ပုံစံနဲ့ သိပ်မကွာတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ရတာကြောင့် ရုပ်ရှင်ဘက်ကို ကူးတဲ့နေရာမှာ သိပ်မခက်ခဲလိုက်ဘူး။ သဘောကတော့ အခြေခံသဘောတရားတွေကို သင်ယူလိုက်ရတာပါပဲ။ အဲ့တော့ ကျွန်တော် ပြောချင်တာက 2 Fast ထဲမှာ ကျွန်တော့်ရဲ့ Ludacris ပုံစံအတိုင်းပဲ သရုပ်ဆောင်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီကနေ အရမ်းလည်း မခွဲထွက်သွားတဲ့ ပုံစံမျိုးပေါ့ဗျာ … ” လို့ EW နဲ့ အင်တာဗျူးမှာ ဆိုထားပါတယ်။

Photo via IMDb

Ludacris ဟာ Fast & Furious မတိုင်ခင်က ရုပ်ရှင်နယ်ပယ်နဲ့ အစိမ်းသက်သက် ဖြစ်ခဲ့ပေမယ့် သူ ရရှိလာတဲ့ အခွင့်အရေးကို ကျဉ်းကျပ်လွန်းတဲ့ အချိန်တိုလေးအတွင်းမှာ စတူဒီယိုဘက်က ထုတ်လုပ်သူတွေ စိတ်တိုင်းကျသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ တကယ်ကို ချီးကျူးစရာပါပဲလို့ ဆိုရင်း …. ။

Linda December

Source: EW

(Zawgyi Version)

နာမည္ေက်ာ္ အေမရိကန္ ရက္ပ္ပါနဲ႔ သ႐ုပ္ေဆာင္ Ludacris ဟာ Fast & Furious ထဲက Tej Parker ဆိုတဲ့ ဇာတ္ေကာင္ကို ေနာက္ဆုံးအခ်ိန္ေလးမွာမွ ကပ္ၿပီး ရရွိခဲ့တဲ့အေၾကာင္း ေျပာျပလိုက္ပါတယ္။

Ludacris ဟာ Tej Parker ဇာတ္ေကာင္နဲ႔ Fast & Furious franchise ရဲ႕ ဒုတိယေျမာက္ဇာတ္ကား 2 Fast 2 Furious မွာ စတင္ပါဝင္ခဲ့ရတာ ျဖစ္ပါတယ္။ သူဟာ အဆိုပါဇာတ္ေကာင္ကို ေနာက္ဆုံးအခ်ိန္ေလးမွာမွ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး Tej Parker ဟာ သူ႔ရဲ႕ပင္ကိုစ႐ိုက္နဲ႔လည္း ကိုက္ညီမႈရွိတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ EW နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ လာမယ့္ F9 အတြက္ စကားစျမည္ေျပာဆိုရင္း ေျပာျပထားတာပါ။

Photo via IMDb

Universal Pictures စတူဒီယိုဟာ မူလတုန္းကေတာ့ Edwin ဆိုတဲ့ ဇာတ္ေကာင္ေနရာကို ျပန္လည္ထည့္သြင္းဖို႔ ရက္ပ္ပါ Ja Rule ကို ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ Ja Rule က အခ်ိန္လည္းမအားတဲ့အျပင္ သ႐ုပ္ေဆာင္ေၾကး ေဒၚလာငါးသိန္းကိုလည္း ျငင္းပယ္ခဲ့တာေၾကာင့္ အလုပ္မျဖစ္ခဲ့ပါဘူး။ ဒါေၾကာင့္ Edwin နဲ႔ အလားတူတဲ့ ကာ႐ိုက္တာတစ္ခုကို ထည့္သြင္းဖို႔ ဆုံးျဖတ္ခဲ့ၾကၿပီး Ludacris ကို စဥ္းစားခဲ့ၾကပါတယ္။

အဲ့ဒီတုန္းက Ludacris ဟာ Eminem နဲ႔အတူ နယ္လွည့္ေဖ်ာ္ေျဖေရးခရီးစဥ္မွာ ေဖ်ာ္ေျဖေနခ်ိန္ ျဖစ္ပါတယ္။ Ludacris ဟာ ရႈိးမွာ ေဖ်ာ္ေျဖဖို႔ ျပင္ဆင္ေနရင္း အဝတ္လဲခန္းမွာ ထိုင္ေနတုန္း သူ႔ရဲ႕ကိုယ္စားလွယ္ဆီကတစ္ဆင့္ ဖုန္းေကာလ္တစ္ခု လက္ခံရရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ Fast & Furious ထဲက Tej Parker ဇာတ္ေကာင္ကို လိုခ်င္တယ္ဆိုရင္ ခ်က္ခ်င္း လူေ႐ြးပြဲဝင္ၿပိဳင္ၿပီး ေပးပို႔ရမယ္ဆိုတာပါပဲ။

Photo via IMDb

ဒါနဲ႔ပဲ Ludacris တစ္ေယာက္လည္း ဇာတ္လမ္းဒိုင္ယာေလာ့ခ္ေတြကို ဖတ္ရတာေတာင္ စိတ္လႈပ္ရွားဖို႔ အခ်ိန္မရေတာ့ဘဲ စင္ေပၚမတက္ခင္ အခ်ိန္ေလးအတြင္းမွာ လူေ႐ြးပြဲအတြက္ လိုအပ္တဲ့ သ႐ုပ္ေဆာင္မႈအခ်ိဳ႕ကို ျပဳလုပ္ၿပီး ဗြီဒီယိုနဲ႔ မွတ္တမ္းတင္ကာ အေခြကို ခ်က္ခ်င္း ေပးပို႔ခဲ့ရပါတယ္။

ဒီကာ႐ိုက္တာကို ပထမဆုံးအႀကိမ္ ထိေတြ႕ခြင့္ရတည္းက သူ႔ရဲ႕ပင္ကိုစ႐ိုက္နဲ႔ သိပ္မကြာတဲ့ အေနအထားကို ခံစားခဲ့ရတာေၾကာင့္ Ludacris ဟာ သူ႔ရဲ႕ပထမဆုံး ပြဲဦးထြက္႐ုပ္ရွင္ကို ေကာင္းစြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

“ဂီတဘက္မွာေတာ့ Ludacris ေပါ့ဗ်ာ။ ႐ုပ္ရွင္ဘက္ကူးသြားေတာ့ Tej Parker ျဖစ္သြားတယ္။ ဒါေပမယ့္ တစ္ခုေကာင္းတာက အဲ့ဒီကာ႐ိုက္တာက ကြၽန္ေတာ့္ရဲ႕ပုံမွန္ ေန႔တိုင္း ေနထိုင္ေနက် ပင္ကိုပုံစံနဲ႔ သိပ္မကြာတာပါပဲ။ ဒါက ကြၽန္ေတာ့္ရဲ႕ ပထမဆုံး သ႐ုပ္ေဆာင္ဖူးတဲ့ ကာ႐ိုက္တာလည္း ျဖစ္တာေၾကာင့္ နဂို Ludacris ပုံစံကို နည္းနည္း အဆင့္ျမႇင့္ၿပီး သ႐ုပ္ေဆာင္လိုက္႐ုံပါပဲ … ”

“ပထမဆုံးကာ႐ိုက္တာကို ကိုယ့္ပုံစံနဲ႔ သိပ္မကြာတဲ့ ကာ႐ိုက္တာမ်ိဳး သ႐ုပ္ေဆာင္ရတာေၾကာင့္ ႐ုပ္ရွင္ဘက္ကို ကူးတဲ့ေနရာမွာ သိပ္မခက္ခဲလိုက္ဘူး။ သေဘာကေတာ့ အေျခခံသေဘာတရားေတြကို သင္ယူလိုက္ရတာပါပဲ။ အဲ့ေတာ့ ကြၽန္ေတာ္ ေျပာခ်င္တာက 2 Fast ထဲမွာ ကြၽန္ေတာ့္ရဲ႕ Ludacris ပုံစံအတိုင္းပဲ သ႐ုပ္ေဆာင္ထားတာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ အဲ့ဒီကေန အရမ္းလည္း မခြဲထြက္သြားတဲ့ ပုံစံမ်ိဳးေပါ့ဗ်ာ … ” လို႔ EW နဲ႔ အင္တာဗ်ဴးမွာ ဆိုထားပါတယ္။

Photo via IMDb

Ludacris ဟာ Fast & Furious မတိုင္ခင္က ႐ုပ္ရွင္နယ္ပယ္နဲ႔ အစိမ္းသက္သက္ ျဖစ္ခဲ့ေပမယ့္ သူ ရရွိလာတဲ့ အခြင့္အေရးကို က်ဥ္းက်ပ္လြန္းတဲ့ အခ်ိန္တိုေလးအတြင္းမွာ စတူဒီယိုဘက္က ထုတ္လုပ္သူေတြ စိတ္တိုင္းက်သြားေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုတာ တကယ္ကို ခ်ီးက်ဴးစရာပါပဲလို႔ ဆိုရင္း …. ။

Linda December

Source: EW

 

RELATED ARTICLES

Most Popular