HomeEntertainmentFilmတရုတ်မှာ ဆင်ဆာဖြတ်ပြီးမှ မူလဇာတ်သိမ်းအတိုင်း ပြန်ထားလိုက်ပြီဖြစ်တဲ့ Fight Club ရုပ်ရှင်

တရုတ်မှာ ဆင်ဆာဖြတ်ပြီးမှ မူလဇာတ်သိမ်းအတိုင်း ပြန်ထားလိုက်ပြီဖြစ်တဲ့ Fight Club ရုပ်ရှင်

နာမည်ကျော်ဂန္ထဝင်ဇာတ်ကားဖြစ်တဲ့ Fight Club ရုပ်ရှင်ဟာ တရုတ်ပြည်တွင်း အွန်လိုင်းမှာ ဖြန့်ချိခါစတုန်းက ဇာတ်သိမ်းကို ဆင်ဆာဖြတ်ပြီး ပြုပြင်ပြောင်းလဲခံခဲ့ရပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဆင်ဆာဖြတ်ထားတာကို ရုတ်သိမ်းပြီး မူလဇာတ်သိမ်းအတိုင်း ပြန်လည်ထားရှိလိုက်တယ်လို့ သိရပါတယ်။

၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fight Club ရုပ်ရှင်ဟာ ဒါရိုက်တာ David Fincher ရိုက်ကူးပြီး Brad Pitt ၊ Edward Norton နဲ့ Helena Bonham Carter တို့ အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို တရုတ်ပြည်တွင်းမှာ streaming ပြသဖို့ Tencent Video က မူပိုင်ခွင့် ငှားရမ်းခဲ့ပြီးနောက် ရုပ်ရှင်ရဲ့ ဇာတ်သိမ်းကို တရုတ်အစိုးရ အလိုကျ ဆင်ဆာဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

ဒီရုပ်ရှင်ရဲ့ မူလဇာတ်သိမ်းကတော့ ဇာတ်ကြောင်းပြောသူဟာ Tyler Durden ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီး Marla နဲ့အတူ ဘေးပတ်လည်က အဆောက်အဦးတွေ ပေါက်ကွဲပျက်စီးကုန်တာကို ရပ်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း Tencent Video ဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းကို နောက်ဆုံးမှာ စာတန်းထိုးပြီး ပြုပြင်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

အဲဒါကတော့ မူလဇာတ်သိမ်းကို မပြသတော့ဘဲ အဆုံးသတ်မှာ black screen နဲ့ ရဲတွေဘက်က အနိုင်ရသွားတဲ့ပုံစံ စာတန်းထိုးပြီး ဇာတ်ကိုသိမ်းလိုက်တာ ဖြစ်ပါတယ်။

Photo via IMDb

“ရဲတွေဟာ အစီအစဉ်ကြီးတစ်ခုလုံးကို လျင်မြန်စွာ သိရှိ ဖော်ထုတ်လိုက်နိုင်ကြပြီး ရာဇဝတ်သားတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဗုံးတွေ မပေါက်ကွဲအောင်လည်း အောင်မြင်စွာ ကာကွယ်လိုက်နိုင်ကြပါတယ် … ”

“တရားစီရင်မှုအပြီးမှာတော့ Tyler ဟာ စိတ္တဇဆေးရုံကို ပို့ခံလိုက်ရပြီး စိတ်ရောဂါနဲ့ ပတ်သက်တဲ့ ကုသမှုတွေကို ခံယူလိုက်ရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သူဟာ ဆေးရုံကနေ ဆင်းခွင့် ရရှိခဲ့ပါတယ် … ” လို့ စာတန်းထိုးပြီး ဇာတ်သိမ်းကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

နိုင်ငံတကာက ရုပ်ရှင်ချစ်သူတွေကြားမှာ အထူးပဲ အောင်မြင်ကျော်ကြားလှတဲ့ ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းကို ဆင်ဆာဖြတ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ Tencent Video ဟာ မူလဇာတ်သိမ်းအတိုင်း ပြန်လည်ထားရှိလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ ရုပ်ရှင်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုကြောင့်လား၊ တရုတ်ပြည်တွင်း ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်လားဆိုတာတော့ သဲသဲကွဲကွဲ မသိရပါဘူး။

Glasgow

Source: people

RELATED ARTICLES

Most Popular