HomeEntertainmentFilmFinal Trailer ထွက်ရှိလာတဲ့ John Wick: Chapter 4

Final Trailer ထွက်ရှိလာတဲ့ John Wick: Chapter 4

မကြာခင်ကပဲ Lionsgate စတူဒီယိုဟာ John Wick: Chapter 4 ရဲ့ နောက်ဆုံးထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ ပရိသတ်တွေကို ပိုပြီး Hype စေမယ့် အက်ရှင်ဇာတ်ဝင်ခန်းများစွာကိုလည်း တွေ့လိုက်ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ John Wick ဟာ The High Table ကို တိုက်ခိုက်ပြီး သူ့ကိုယ်သူ လွတ်လပ်ရေးရအောင် ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via lionsgate

John Wick: Chapter 4 ကိုတော့ ဒါရိုက်တာ David Leitch နဲ့ Chad Stahelski တို့က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Keanu Reeves အပြင် Donnie Yen ၊ Bill Skarsgard ၊ Laurence Fishburne ၊ Ian McShane ၊ Scott Adkins ၊ Hiroyuki Sanada ၊ Lance Reddick ၊ Clancy Brown ၊ Shamier Anderson နဲ့ George Georgiou တို့ ပါဝင်ထားကြပါတယ်။

ဒီထွေလာထဲမှာတော့ John Wick ဟာ ဒီ Assassin အဖွဲ့အစည်းကနေ လွတ်မြောက်နိုင်ဖို့အတွက် အခြားသော ပြိုင်ဘက် Assassin တွေနဲ့ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Bill Skarsgard သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ကတော့ အဓိကဗီလိန် ဖြစ်နေတာကြောင့် John Wick ဟာ သူလိုချင်တဲ့ လွတ်လပ်ရေးကို ရဖို့အတွက် Bill Skarsgard နဲ့ သူသေကိုယ်သေ တိုက်ခိုက်ရဦးမှာပါ။

ဒါ့အပြင် ဒီထွေလာထဲမှာတော့ John Wick ဟာ နောက်ထပ်ခွေးတစ်ကောင် ထပ်မံရရှိသွားတာကိုလည်း တွေ့ရပါတယ်။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာကတော့ John Wick ဟာ သဲကန္တာရတစ်ခုမှာ သွားလာနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ John Wick ရဲ့ ပစ်မှတ်ဖြစ်တဲ့ The High Table ရဲ့ Elder တစ်ယောက်ယောက်ဟာ အဲဒီသဲကန္တာရထဲမှာ ရှိနေမယ်လို့ ယူဆရပါတယ်။ John Wick: Chapter 4 ကတော့ လာမယ့် မတ်လ (၂၄)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular