HomeEntertainmentFilmFinalmente L'alba ဆိုတဲ့ Indie ရုပ်ရှင်ထဲမှာ ပါဝင်သွားမယ့် Joe Keery

Finalmente L’alba ဆိုတဲ့ Indie ရုပ်ရှင်ထဲမှာ ပါဝင်သွားမယ့် Joe Keery

Stranger Things ဇာတ်လမ်းတွဲထဲမှာ Steve Harrington အနေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် Joe Keery ကတော့ အသစ်ထွက်ရှိလာမယ့် Indie Drama ရုပ်ရှင် Finalmente L’alba ထဲမှာ အခြားနာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သွားမယ်လို့ သိရပါတယ်။

Joe Keery ကတော့ Stranger Things ဇာတ်လမ်းတွဲနဲ့ပဲ အောင်မြင်လာတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး မကြာသေးခင်တုန်းကလည်း Free Guy ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့သလို Crime ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Fargo Season 5 ထဲမှာလည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ Stranger Things ဇာတ်လမ်းတွဲထဲက အဓိကသရုပ်ဆောင်တိုင်းဟာ အောင်မြင်မှုတွေ ရရှိနေကြပါပြီ။ Millie Bobby Brown ဟာ Enola Holmes နဲ့ Godzilla တို့မှာ ပါဝင်ခဲ့ရသလို Sadie Sink ဟာလည်း Taylor Swift ရဲ့ All Too Well နဲ့ Fear Street တို့မှာ ပါဝင်ခဲ့ရပါတယ်။ ဒါ့အပြင် Finn Wolfhard ကတော့ သူကိုယ်တိုင် ဒါရိုက်တာ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

Finalmente L’alba ရုပ်ရှင်ထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်ထားပြီး ယခုလအတွင်းမှာပဲ အီတလီနိုင်ငံမှာ ရိုက်ကူးရေး စတင်မယ်လို့ သိရပါတယ်။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့ အတည်ပြုထားတဲ့ သရုပ်ဆောင်တွေကတော့ Lily James ၊ Willem Dafoe နဲ့ Rachel Sennott တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Saverio Constanzo က ရိုက်ကူးသွားမှာ ဖြစ်ပြီး လောလောဆယ်အထိတော့ ဇာတ်လမ်းအကျဉ်းနဲ့ ဘယ်သရုပ်ဆောင်တွေက ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်သွားမယ် ဆိုတာတွေကိုတော့ မသိရသေးပါဘူး။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီလအတွင်းမှာပဲ ရိုက်ကူး‌ရေး စတင်တော့မယ်လို့ သိရတာကြောင့် ၂၀၂၃ ခုနှစ်နှောင်းပိုင်းလောက်မှာတော့ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular