HomeEntertainmentFilmထွေလာအသစ်ထွက်လာတဲ့ Tom Hanks ရဲ့ Finch ရုပ်ရှင်ကား

ထွေလာအသစ်ထွက်လာတဲ့ Tom Hanks ရဲ့ Finch ရုပ်ရှင်ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Apple TV+ ကနေ ပြသသွားမယ့် Finch ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Game of Thrones ဇာတ်လမ်းတွဲထဲက The Long Night ၊ The Winds of Winter ၊ Battle of the Bastards နဲ့ Hardhome အပိုင်းတို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Miguel Sapochnik က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Tom Hanks ဟာ Finch ဆိုတဲ့ သေဆုံးခါနီး တီထွင်သူတစ်ယောက်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးဟာ ပျက်စီးလုနီးနီး ဖြစ်နေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် သဘာဝဘေးအန္တရာယ်တွေဟာ အလွန်အန္တရာယ်ကြီးလာပါတယ်။

အဲ့ဒီအချိန်မှာတော့ Finch ဟာ သူ့ကိုအဖော်ပြုပေးတဲ့ ခွေးလေး တစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်လည်း Finch ဟာ သေဆုံးခါနီး ဖြစ်နေတာကြောင့် အဲ့ဒီခွေးလေးကို ကာကွယ်ဖို့အတွက် စက်ရုပ်တစ်ခု တီထွင်ခဲ့ပြီး ဒီထွေလာထဲမှာတော့ သူတို့သုံးယောက်ရဲ့ စွန့်စားခန်းတွေကို ပြသသွားခဲ့ပါတယ်။ Caleb Landry Jones ကတော့ Finch တီထွင်ထားတဲ့ စက်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အစတုန်းကတော့ ဒီရုပ်ရှင်ဟာ Streaming Service ကနေ ပြသသွားဖို့ စီစဉ်ထားတာ မဟုတ်ပါဘူး။ Universal ဟာ ဒီရုပ်ရှင်ကို Bios ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ဖန်တီးခဲ့ပြီး ရုံတင်သွားဖို့ပဲ စီစဉ်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်သွားပြီး Universal ဟာ ဒီရုပ်ရှင်ကို Apple TV+ ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Tom Hanks က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Miguel Sapochnik က ရိုက်ကူးထားတာကြောင့် ဒီရုပ်ရှင်ဟာ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး နိုဝင်ဘာ (၅) ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Apple TV+ ကေန ျပသသြားမယ့္ Finch ႐ုပ္ရွင္ရဲ႕ ေထြလာကေတာ့ မၾကာခင္ကပဲ ထြက္ရွိလာခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ Game of Thrones ဇာတ္လမ္းတြဲထဲက The Long Night ၊ The Winds of Winter ၊ Battle of the Bastards နဲ႔ Hardhome အပိုင္းတို႔ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Miguel Sapochnik က ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Tom Hanks ဟာ Finch ဆိုတဲ့ ေသဆုံးခါနီး တီထြင္သူတစ္ေယာက္ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ကမာၻႀကီးဟာ ပ်က္စီးလုနီးနီး ျဖစ္ေနၿပီး သဘာဝပတ္ဝန္းက်င္ ပ်က္စီးမႈေတြေၾကာင့္ သဘာဝေဘးအႏၲရာယ္ေတြဟာ အလြန္အႏၲရာယ္ႀကီးလာပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Finch ဟာ သူ႔ကိုအေဖာ္ျပဳေပးတဲ့ ေခြးေလး တစ္ေကာင္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒါေပမယ့္လည္း Finch ဟာ ေသဆုံးခါနီး ျဖစ္ေနတာေၾကာင့္ အဲ့ဒီေခြးေလးကို ကာကြယ္ဖို႔အတြက္ စက္႐ုပ္တစ္ခု တီထြင္ခဲ့ၿပီး ဒီေထြလာထဲမွာေတာ့ သူတို႔သုံးေယာက္ရဲ႕ စြန႔္စားခန္းေတြကို ျပသသြားခဲ့ပါတယ္။ Caleb Landry Jones ကေတာ့ Finch တီထြင္ထားတဲ့ စက္႐ုပ္ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

အစတုန္းကေတာ့ ဒီ႐ုပ္ရွင္ဟာ Streaming Service ကေန ျပသသြားဖို႔ စီစဥ္ထားတာ မဟုတ္ပါဘူး။ Universal ဟာ ဒီ႐ုပ္ရွင္ကို Bios ဆိုတဲ့ ေခါင္းစဥ္နဲ႔ စတင္ဖန္တီးခဲ့ၿပီး ႐ုံတင္သြားဖို႔ပဲ စီစဥ္ခဲ့ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ျဖစ္သြားၿပီး Universal ဟာ ဒီ႐ုပ္ရွင္ကို Apple TV+ ကို ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ Tom Hanks က အဓိကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ Miguel Sapochnik က ႐ိုက္ကူးထားတာေၾကာင့္ ဒီ႐ုပ္ရွင္ဟာ ၾကည့္ရႈသင့္တဲ့ ႐ုပ္ရွင္တစ္ကားျဖစ္ၿပီး ႏိုဝင္ဘာ (၅) ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular