HomeCelebs Update NewsInternationalNoah come out လုပ်လိုက်တာကို ဂုဏ်ယူတယ်ဆိုတဲ့ Finn Wolfhard

Noah come out လုပ်လိုက်တာကို ဂုဏ်ယူတယ်ဆိုတဲ့ Finn Wolfhard

Finn Wolfhard ကတော့ သူ့ရဲ့တွဲဖက်သရုပ်ဆောင် ဖြစ်တဲ့ Noah Schnapp ကို ထောက်ခံအားပေးလိုက်ပါတယ်။ Finn နဲ့ Noah တို့ကတော့ နာမည်ကျော် Netflix ဇာတ်လမ်းတွဲ‌ Stranger Things နဲ့ အောင်မြင်ကျော်ကြားလာသူတွေ ဖြစ်ပါတယ်။ Noah ကတော့ ပြီးခဲ့တဲ့လကပဲ ဂေးတစ်ယောက်ဖြစ်ကြောင်း TikTok ဗွီဒီယိုတစ်ခုမှာ တရားဝင် ဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဖက်တွေလည်းဖြစ်၊ သူငယ်ချင်းတွေလည်း ဖြစ်ကြတဲ့ Finn Wolfhard ကတော့ Noah ရဲ့ဝန်ခံမှုအပေါ် ဂုဏ်ယူမိတယ်လို့ ပြောလာပါတယ်။ ဒါ့အပြင် Stranger Things အဖွဲ့သားတွေဟာ မိသားစုတွေလိုပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နားလည်ပြီး ဖေးမကြတယ်လို့လည်း ဆိုပါသေးတယ်။

Photo: finnwolfhardofficial/ Instagram

“အဲဒီဗွီဒီယိုကို မြင်လိုက်တော့ ကျွန်တော် အကြီးအကျယ် ပြုံးမိတော့တာပဲ။ သူ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံးက မိသားစုတွေလိုပါပဲ။ နေ့တိုင်းတော့ ဘယ်သူမှ မက်ဆေ့ချ်တွေ မပို့နိုင်ဘူးလေဗျာ …”

“ခင်ဗျားတို့ ဝမ်းကွဲတွေဆီကိုရော နေ့တိုင်း မက်ဆေ့ချ်ပို့ဖြစ်ကြလို့လား။ ဘယ်သူမှ မပို့ဘူးလေ။ ဟုတ်တယ်မှတ်လား။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ မိသားစုပါပဲ။ မွေးနေ့တွေ ဘာတွေဆိုရင် စကားပြောဖြစ်ကြတယ်။ အဲလိုပဲပေါ့။ မကြာမကြာတော့ ပြောဖြစ်ကြပါတယ် …”

“ဒါပေမယ့် မိသားစုတွေရဲ့ သဘာဝအတိုင်းပဲ ကျွန်တော် တစ်ခုခုလိုအပ်လာပြီဆို သူတို့အမြဲတမ်း ရှိနေပေးကြတယ်။ လူတိုင်းကတော့ သူ့ဘဝနဲ့သူ ကိစ္စတစ်ခုစီတော့ ရှိကြတာပဲပေါ့။ အကုန်လုံးက ဒီအလုပ်နဲ့ နောက်ထပ် ရှေ့ဆက်ပြီးတော့ မတူညီတဲ့ ဘဝအပိုင်းအခြားတွေကို သွားကြရဦးမှာလေ …”လို့ Finn Wolfhard က ပြောထားပါတယ်။

Photo: noahschnapp/ Instagram

ပြီးခဲ့တဲ့လတုန်းကတော့ Stranger Things သရုပ်ဆောင် Noah Schnapp ဟာ သူ့ရဲ့အမှန်တရားကို ပြောပြလာပြီး ဂေးတစ်ယောက် ဖြစ်တဲ့အကြောင်း TikTok မှာ ဖွင့်ပြောသွားပါတယ်။ တကယ်တော့ Noah သရုပ်ဆောင်ထားတဲ့ Stranger Things ဇာတ်ကောင် Will Byers ဟာလည်း season 4 အပြီးမှာ ဂေးတစ်ယောက်ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။ ဒါကြောင့် ဇာတ်ကောင်နဲ့ သရုပ်ဆောင်တို့ ထပ်တူညီသွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular