HomeEntertainmentFilmWitcher ဇာတ်လမ်းတွဲထဲမှာ Fire Magic ကို ဘာကြောင့် တားမြစ်ထားတာလဲ

Witcher ဇာတ်လမ်းတွဲထဲမှာ Fire Magic ကို ဘာကြောင့် တားမြစ်ထားတာလဲ

ယခုဆိုရင်တော့ Witcher ဇာတ်လမ်းတွဲဟာ Season နှစ်ခု ထွက်ရှိလာပြီ ဖြစ်ပြီး အံ့ဩစရာတွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ မှော်ပညာတွေလည်း မျိူးစုံပါဝင်နေပြီး Fire Magic ကတော့ တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဘယ်လိုအချက်တွေကြောင့် ဒီမှော်ပညာကို တားမြစ်ထားတာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

Season 1 တလျှောက်လုံးမှာတော့ မှော်ပညာမျိူးစုံကို မြင်တွေ့ခဲ့ရပြီး Sodden တောင်ကုန်းပေါ်က နောက်ဆုံးတိုက်ပွဲမှာတော့ Fire Magic ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီတိုက်ပွဲထဲမှာတော့ Triss Merigold ဟာ Fire Magic က တားမြစ်ထားတဲ့ မှော်ပညာပဲလို့ ပြောခဲ့ပြီး Fringilla ကတော့ အဲ့ဒါတွေကို ဂရုစိုက်မနေဘဲ Fire Magic ကို အသုံးပြုခဲ့ပါတယ်။

photo via screenrant

အဲဒီနောက်မှာတော့ Yennefer ရဲ့ လက်ချက်နဲ့ Fringilla ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတဲ့ မှော်ဆရာတွေနဲ့ Nilfgaardian စစ်တပ်တို့ဟာ Fire Magic ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါတယ်။ Yennefer ကလည်း Fire Magic အတွက် ပေးဆပ်မှုတွေ ပြုလုပ်ရမှာကို သိပေမယ့် သူမရဲ့ မိတ်ဆွေတွေကို ကူညီဖို့နဲ့ Nilfgaardian တွေကို အနိုင်ယူဖို့အတွက် တောအုပ်တစ်ခုလုံးကို မီးတောက်တွေနဲ့ လွှမ်းခြုံပစ်လိုက်ပါတယ်။

Fire Magic ကို ဒီလောက်အထိ အသုံးပြုနိုင်တာကြောင့် Yennefer ဟာ အလွန်စွမ်းအားကြီးမားတဲ့ မှော်ဆရာမတစ်ယောက်ဆိုတာ သိသာစေပါတယ်။ ဒါကြောင့်လည်း ပြန်ပေးဆပ်ရတဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အသက်မသေခဲ့ဘဲ သူမရဲ့ စွမ်းအားတွေပဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒီအချက်တွေကြောင့်ပဲ Fire Magic ကို တားမြစ်ထားတာဖြစ်ပြီး ဒီမှော်ပညာဟာ အရာရာကို ဝါးမြိုစားသုံးပစ်နိုင်ပြီး အသုံးပြုတဲ့သူတွေကိုလည်း မတူညီတဲ့ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

Fire Magic ကိုပဲ အဓိက အသုံးပြုတဲ့ Rience ကတော့ Season 2 ထဲမှာ အသစ်ပါဝင်လာတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Rience ရဲ့ ပြောစကားအရ ဆိုရင်တော့ Fire Magic ကို အသုံးပြုဖို့အတွက် တစ်ခုခုကို စွန့်လွှတ်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီမှော်ပညာကို အသုံးပြုဖို့အတွက် Rience ကတော့ သူ့ရဲ့အသက်ဝိဉာဉ်ကို ပေးဆပ်နေရတာ ဖြစ်ပါတယ်။

Photo via IMDb

ဒါ့အပြင် Fire Magic ကို အသုံးပြုဖို့အတွက် ကိုယ့်ရဲ့ ကိုယ်အတွင်းမှာရှိတဲ့ Negative Forces တွေကို အာရုံစိုက်ရပါတယ်။ Sodden တောင်ကုန်းတိုက်ပွဲမှာတော့ Yennefer ဟာ Fire Magic ကို အသုံးပြုဖို့အတွက် သူမရဲ့ အမုန်းတရားနဲ့ ဒေါသတွေကို အသုံးပြုခဲ့ရပါတယ်။

ဒါကြောင့်လည်း Fire Magic ကို အသုံးပြုပြီးတဲ့အခါ အသက်ရှင်သန်နိုင်သေးရင်တောင်မှ အသုံးပြုသူရဲ့ စိတ်ပိုင်းဆိုင်ရာကို ပျက်စီးသွားစေနိုင်တာ ဖြစ်ပါတယ်။ စာအုပ်တွေထဲမှာဆိုရင်တော့ Rience ဟာ ဒီစိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး Ciri ဟာလည်း အလားတူပဲ ဖြစ်လုနီးပါး ဖြစ်ခဲ့ပါတယ်။

photo via screenrant

Witcher ဇာတ်လမ်းတွဲကတော့ လောလောဆယ်မှာ Season နှစ်ခုပဲ ထွက်ရှိသေးတာ ဖြစ်တဲ့အတွက် Fire Magic ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိူးတွေကို သေချာမမြင်တွေ့ရသေးပါဘူး။ အသစ်ထွက်ရှိလာမယ့် Season 3 မှာတော့ Fire Magic အကြောင်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Ciri ဟာလည်း Fire Magic ကို အသုံးပြုလာနိုင်မှာ ဖြစ်ပြီး ဒီမှော်ပညာဟာ ဘယ်လောက်အထိ စွန့်လွှတ်မှုတွေ ပြုလုပ်ရတယ် ဆိုတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular