HomeEntertainmentFilmမင်းသားကြီး Johnny Depp ရဲ့ တကျော့ပြန်ရုပ်ရှင်သစ် Jeanne du Barry ရဲ့ First Look

မင်းသားကြီး Johnny Depp ရဲ့ တကျော့ပြန်ရုပ်ရှင်သစ် Jeanne du Barry ရဲ့ First Look

မင်းသားကြီး Johnny Depp ရဲ့ တကျော့ပြန်ရုပ်ရှင်သစ်ကို ပရိသတ်တွေ ကြည့်ရှုရဖို့ ရှိနေပါပြီ။ Depp ဟာ သူ့ရဲ့ဇနီးဟောင်း Amber Heard နဲ့ အမှုအခင်းတွေ ဖြစ်ကတည်းက ရုပ်ရှင်ဘက်ကို မလှည့်နိုင်ခဲ့တာ ဖြစ်ပေမယ့် အခုဆိုရင်တော့ ပြင်သစ်ဒရာမာ ရုပ်ရှင်သစ်တစ်ခုထဲမှာ ပထမဆုံး ပြန်လည်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

မင်းသားကြီးဟာ Jeanne du Barry လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ထဲမှာ ပြင်သစ်ဘုရင် Louis XV နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ဇူလိုင်လကုန်တည်းက ပြင်သစ်နိုင်ငံမှာ သွားရောက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ရိုက်ကူးပေးနေတဲ့ ဒါရိုက်တာကတော့ ပြင်သစ်လူမျိုး ဒါရိုက်တာ Maïwen ဖြစ်ပါတယ်။

Photo: itsjohnnydepp/ Instagram

ဇာတ်လမ်းကတော့ Jeanne ဆိုတဲ့ အောက်ခြေလုပ်သားအလွှာက မိန်းကလေးတစ်ဦးဟာ သူမရဲ့လှပမှုကို အသုံးချပြီး အထက်တန်းလွှာကြားထဲမှာ ပျော်တော်ဆက်အနေနဲ့ အသုံးတော်ခံကာ အမြင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း သူမဟာ ပြင်သစ်နိုင်ငံရဲ့ ဘုရင်ကြီး King Louis XV ရဲ့ စက်ကွင်းထဲကို ရောက်ရှိလာပါတော့တယ်။

မကြာသေးခင်ကပဲ Jeanne du Barry ထဲက မင်းသားကြီး Johnny Depp ရဲ့ character first look ထွက်ရှိလာပါတယ်။ first look အရ မင်းသားကြီးရဲ့ ကာရိုက်တာ King Louis XV ဟာ ဘုရင်တစ်ယောက်အဖြစ် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး အနက်ရောင်ပိတ်စတစ်ခုနဲ့ မျက်လုံးကို ပိတ်စည်းထားတာလည်း တွေ့ရပါတယ်။ ဒါကတော့ ဇာတ်လမ်းအတွက် အရေးကြီးတဲ့ အချက်တစ်ခုလည်း ဖြစ်နိုင်သလို ပြင်သစ်ဘုရင် Louis XV ရဲ့ အကျင့်ပျက်ခြစားမှုတွေကို ကိုယ်တိုင် မျက်ကွယ်ပြုထားတဲ့အကြောင်း တင်စားဖော်ပြထားတာလည်း ဖြစ်နိုင်ပါတယ်။

Photo via screenrant

သရုပ်ဆောင်တွေအနေနဲ့ကတော့ Louis XV အဖြစ် Johnny Depp ၊ Jeanne du Barry အဖြစ် Maïwen တို့က အဓိကပါဝင်ထားပြီး Benjamin Lavernhe ၊ Pierre Richard ၊ Melvil Poupaud အစရှိတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကတော့ Amber Heard နဲ့ အမှုအခင်းကိစ္စတွေ ဖြစ်ပွားပြီးနောက်မှာ ပထမဆုံးထွက်ရှိလာမယ့် မင်းသားကြီးရဲ့ရုပ်ရှင် ဖြစ်ပါတယ်။ ပရိသတ်များစွာဟာ မင်းသားကြီးရဲ့ ရုပ်ရှင်အသစ်ကို မျှော်လင့်နေကြတဲ့အတွက် ဒီဇာတ်ကားကတော့ အားလုံးရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံရတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular