HomeEntertainmentFilmThe Flash ရုပ်ရှင်ရဲ့ first look မှာ တွေ့ရှိရမယ့် Barry Allen ရဲ့ဝတ်စုံအသစ်

The Flash ရုပ်ရှင်ရဲ့ first look မှာ တွေ့ရှိရမယ့် Barry Allen ရဲ့ဝတ်စုံအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်လာတော့မယ့် The Flash live-action ရုပ်ရှင်ရဲ့ first look ကိုတော့ ပြီးခဲ့တဲ့ DC Fandome event မှာ ပြသခဲ့ပါတယ်။ တရားဝင် ထုတ်ပြန်ထားတဲ့ artwork မှာတော့ Barry Allen နဲ့ Batman တို့ဟာ ရန်သူတွေကို နှိမ်နင်းဖို့ အဖွဲ့အဖြစ် ပူးပေါင်းနေတဲ့ concept ကို တွေ့ရမှာ ဖြစ်ပါတယ်။

first look မှာတွေ့ရတဲ့အတိုင်း Flash ဟာ ဝတ်စုံအသစ်ကို ဝတ်ဆင်ထားတာလည်း တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Andy Muschietti က တာဝန်ယူ ရိုက်ကူးမှာဖြစ်ပြီး Bumblebee ၊ Birds of Prey ဇာတ်ကားတွေကို ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Christina Hodson က ဇာတ်ညွှန်းရေးသားသွားမှာ ဖြစ်ပါတယ်။

©Warner Bros.

ဒါရိုက်တာ Tim Burton ရိုက်ကူးခဲ့တဲ့ ၁၉၈၉ခုနှစ်ထွက် Batman ရုပ်ရှင်မှာ Caped Crusader အဖြစ် ပါဝင်ခဲ့တဲ့ မင်းသားကြီး Micheal Keaton ဟာ ယခုထွက်ရှိမယ့် The Flash ရုပ်ရှင်မှာ Batman အဖြစ် ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် အံ့ဩစရာအနေနဲ့ Ben Affleck ရဲ့ Batman ဟာလည်း ပြန်လည်ပါဝင်လာဦးမယ်လို့ အတည်ပြုထားပါတယ်။ ဒါကြောင့် လာမယ့် The Flash ရုပ်ရှင်ထဲမှာ Batman နှစ်ယောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ကောမစ်ထဲက Flashpoint ဇာတ်ကြောင်းအရဆိုရင်တော့ အပြိုင်တည်ရှိနေတဲ့ ကမ္ဘာတွေ၊ မတူညီတဲ့ timeline တွေနဲ့ multiverse သဘောတရားတွေ ပါဝင်မှာဖြစ်တာမို့ ဘာမဆို ဖြစ်နိုင်တယ်လို့ မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။ Ezra Miller သရုပ်ဆောင်မယ့် Flash စူပါဟီးရိုးဟာ ကမ္ဘာတွေတစ်ခုပြီးတစ်ခု၊ timeline တွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းရင်း ဒီ Batman နှစ်ယောက်လုံးနဲ့ တွေ့ဆုံသွားမယ်လို့လည်း ခန့်မှန်းနိုင်ပါသေးတယ်။

©Warner Bros.

Ezra Miller ရဲ့ Flash နဲ့ Ben Affleck ရဲ့ Batman တို့ဟာ reality တစ်ခုတည်းမှာ ဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက အရင်ဖြစ်ဖို့လည်း ရာခိုင်နှုန်းများပါတယ်။ The Flash ရုပ်ရှင်ကိုတော့ ၂၀၂၁ခုနှစ်မှာ ရိုက်ကူးရေးစတင်ဖို့ စီစဉ်ထားပြီး ၂၀၂၂ခုနှစ် ဇွန်လမှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Glasgow

Source: indian epxress, ew

(Zawgyi Version)

အသစ္လာေတာ့မယ့္ The Flash live-action ႐ုပ္ရွင္ရဲ႕ first look ကိုေတာ့ ၿပီးခဲ့တဲ့ DC Fandome event မွာ ျပသခဲ့ပါတယ္။ တရားဝင္ ထုတ္ျပန္ထားတဲ့ artwork မွာေတာ့ Barry Allen နဲ႔ Batman တို႔ဟာ ရန္သူေတြကို ႏွိမ္နင္းဖို႔ အဖြဲ႕အျဖစ္ ပူးေပါင္းေနတဲ့ concept ကို ေတြ႕ရမွာ ျဖစ္ပါတယ္။

first look မွာေတြ႕ရတဲ့အတိုင္း Flash ဟာ ဝတ္စုံအသစ္ကို ဝတ္ဆင္ထားတာလည္း ေတြ႕ရပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ Andy Muschietti က တာဝန္ယူ ႐ိုက္ကူးမွာျဖစ္ၿပီး Bumblebee ၊ Birds of Prey ဇာတ္ကားေတြကို ဇာတ္ၫႊန္းေရးသားေပးခဲ့တဲ့ Christina Hodson က ဇာတ္ၫႊန္းေရးသားသြားမွာ ျဖစ္ပါတယ္။

©Warner Bros.

ဒါ႐ိုက္တာ Tim Burton ႐ိုက္ကူးခဲ့တဲ့ ၁၉၈၉ခုႏွစ္ထြက္ Batman ႐ုပ္ရွင္မွာ Caped Crusader အျဖစ္ ပါဝင္ခဲ့တဲ့ မင္းသားႀကီး Micheal Keaton ဟာ ယခုထြက္ရွိမယ့္ The Flash ႐ုပ္ရွင္မွာ Batman အျဖစ္ ျပန္လည္ ပါဝင္လာမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ အံ့ဩစရာအေနနဲ႔ Ben Affleck ရဲ႕ Batman ဟာလည္း ျပန္လည္ပါဝင္လာဦးမယ္လို႔ အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ လာမယ့္ The Flash ႐ုပ္ရွင္ထဲမွာ Batman ႏွစ္ေယာက္ကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ေကာမစ္ထဲက Flashpoint ဇာတ္ေၾကာင္းအရဆိုရင္ေတာ့ အၿပိဳင္တည္ရွိေနတဲ့ ကမာၻေတြ၊ မတူညီတဲ့ timeline ေတြနဲ႔ multiverse သေဘာတရားေတြ ပါဝင္မွာျဖစ္တာမို႔ ဘာမဆို ျဖစ္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ထားရမွာ ျဖစ္ပါတယ္။ Ezra Miller သ႐ုပ္ေဆာင္မယ့္ Flash စူပါဟီး႐ိုးဟာ ကမာၻေတြတစ္ခုၿပီးတစ္ခု၊ timeline ေတြ တစ္ခုၿပီးတစ္ခု ျဖတ္သန္းရင္း ဒီ Batman ႏွစ္ေယာက္လုံးနဲ႔ ေတြ႕ဆုံသြားမယ္လို႔လည္း ခန႔္မွန္းႏိုင္ပါေသးတယ္။

©Warner Bros.

Ezra Miller ရဲ႕ Flash နဲ႔ Ben Affleck ရဲ႕ Batman တို႔ဟာ reality တစ္ခုတည္းမွာ ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈက အရင္ျဖစ္ဖို႔လည္း ရာခိုင္ႏႈန္းမ်ားပါတယ္။ The Flash ႐ုပ္ရွင္ကိုေတာ့ ၂၀၂၁ခုႏွစ္မွာ ႐ိုက္ကူးေရးစတင္ဖို႔ စီစဥ္ထားၿပီး ၂၀၂၂ခုႏွစ္ ဇြန္လမွာ ႐ုံတင္ျပသဖို႔ လ်ာထားပါတယ္။

Glasgow

Source: indian epxress, ew

RELATED ARTICLES

Most Popular