HomeEntertainmentFilmနာရီပိုင္းအတြင္း ၾကည့္ရႈသူ သန္းခ်ီသြားၿပီျဖစ္တဲ့ Jumanji: The Next Level ရဲ႕ေထြလာ

နာရီပိုင္းအတြင္း ၾကည့္ရႈသူ သန္းခ်ီသြားၿပီျဖစ္တဲ့ Jumanji: The Next Level ရဲ႕ေထြလာ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

၂၀၁၇ခုႏွစ္က ထြက္ရိွခဲ့တဲ့ Jumanji: Welcome to the Jungle ဇာတ္ကားရဲ႕ အဆက္ျဖစ္တဲ့ Jumanji: The Next Level ရဲ႕ ပထမဆုံးေထြလာကေတာ့ ထြက္ၿပီးၿပီးခ်င္း နာရီပိုင္းအတြင္းမွာတင္ ၾကည့္ရႈသူ သန္းနဲ႔ခ်ီေနၿပီး YouTube ရဲ႕ Trending မွာ နံပါတ္တစ္ေနရာကို ယူထားလိုက္ပါၿပီ။

https://www.instagram.com/p/Bu65bO5BaRX/?utm_source=ig_embed

Jumanji: Welcome to the Jungle ရဲ႕ box office ၀င္ေငြဟာ ေဒၚလာ(၉၆၂)သန္းခန္႔ ရိွခဲ့ၿပီး ယခုဇာတ္ကားမွာလည္း ဇာတ္ကြက္အလွည့္အေျပာင္းေတြနဲ႔ ၀င္ေငြေတြ သိမ္းက်ဳံးၿပီး ယူသြားဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ယခုဇာတ္ကားကိုလည္း ဒါရိုက္တာ Jake Kasdan ကပဲ ရိုက္ကူးထားတာျဖစ္ၿပီး ဂိမ္းကိုကစားတဲ့ လူငယ္ေလးေတြအျဖစ္ Ser’Darius Blain ၊ Alex Wolff ၊ Madison Iseman နဲ႔ Morgan Turner တို႔က သရုပ္ေဆာင္ထားပါတယ္။ အဲ့ဒီ့လူငယ္ေလးေတြ ဂိမ္းထဲကို ၀င္သြားတဲ့အခါမွာေတာ့ မတူညီတာေတြကို ႀကံဳေတြ႕ၾကရပါေတာ့တယ္။

ဒီဇာတ္ကားကို ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ (၁၃)ရက္ေန႔မွာ ရုံတင္ျပသသြားမွာ ျဖစ္ၿပီး Nick Jonas နဲ႔ Awkwafina တို႔လည္း ပါ၀င္ထားတာ ေတြ႕ရပါတယ္။၂၀၁၇က ထြက္ရိွခဲ့တဲ့ Jumanji: Welcome to the Jungle နဲ႔ ဘယ္လိုမတူတဲ့ အလွည့္အေျပာင္းေတြကို ယခုထြက္ရိွလာေတာ့မယ့္ Jumanji: The Next Level မွာ ႀကံဳေတြ႕ရမလည္းဆိုတာ ေထြလာ video clip ေလးကိုၾကည့္ၿပီး အတူတူ ရင္ခုန္လုိက္ရေအာင္။

Xei

(Unicode Version)

၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Jumanji: Welcome to the Jungle ဇာတ်ကားရဲ့ အဆက်ဖြစ်တဲ့ Jumanji: The Next Level ရဲ့ ပထမဆုံးထွေလာကတော့ ထွက်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာတင် ကြည့်ရှုသူ သန်းနဲ့ချီနေပြီး YouTube ရဲ့ Trending မှာ နံပါတ်တစ်နေရာကို ယူထားလိုက်ပါပြီ။

https://www.instagram.com/p/Bu65bO5BaRX/?utm_source=ig_embed

Jumanji: Welcome to the Jungle ရဲ့ box office ဝင်ငွေဟာ ဒေါ်လာ(၉၆၂)သန်းခန့် ရှိခဲ့ပြီး ယခုဇာတ်ကားမှာလည်း ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ ဝင်ငွေတွေ သိမ်းကျုံးပြီး ယူသွားဦးမယ်လို့ မျှော်လင့်ရပါတယ်။ ယခုဇာတ်ကားကိုလည်း ဒါရိုက်တာ Jake Kasdan ကပဲ ရိုက်ကူးထားတာဖြစ်ပြီး ဂိမ်းကိုကစားတဲ့ လူငယ်လေးတွေအဖြစ် Ser’Darius Blain ၊ Alex Wolff ၊ Madison Iseman နဲ့ Morgan Turner တို့က သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီ့လူငယ်လေးတွေ ဂိမ်းထဲကို ဝင်သွားတဲ့အခါမှာတော့ မတူညီတာတွေကို ကြုံတွေ့ကြရပါတော့တယ်။

ဒီဇာတ်ကားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး Nick Jonas နဲ့ Awkwafina တို့လည်း ပါဝင်ထားတာ တွေ့ရပါတယ်။၂၀၁၇က ထွက်ရှိခဲ့တဲ့ Jumanji: Welcome to the Jungle နဲ့ ဘယ်လိုမတူတဲ့ အလှည့်အပြောင်းတွေကို ယခုထွက်ရှိလာတော့မယ့် Jumanji: The Next Level မှာ ကြုံတွေ့ရမလည်းဆိုတာ ထွေလာ video clip လေးကိုကြည့်ပြီး အတူတူ ရင်ခုန်လိုက်ရအောင်။

 Xei

 

RELATED ARTICLES

Most Popular