HomeEntertainmentFilmDoctor Strange ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ကြတဲ့ နာမည်ကျော်မင်းသား(၅)ယောက်

Doctor Strange ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ကြတဲ့ နာမည်ကျော်မင်းသား(၅)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Doctor Strange ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး မင်းသား Benedict Cumberbatch က အဓိကသရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Infinity War နဲ့ Endgame တို့မှာလည်း ပါဝင်ခဲ့တာကြောင့် Doctor Strange လို့ ပြောလိုက်တာနဲ့ Benedict ကိုပဲ ပြေးမြင်မိကြပါတယ်။ ဒါပေမယ့်လည်း ရုပ်ရှင်အဖြစ် မရိုက်ကူးခင်မှာ Doctor Strange ဇာတ်ကောင်အတွက် ထုံးစံအတိုင်း တစ်ခြားသရုပ်ဆောင်တွေကိုလည်း ကမ်းလှမ်းခဲ့ကြပါသေးတယ်။ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရဖူးသူတွေကတော့ …

(1) Joaquin Phoenix
photo via screenrant

ထုတ်လုပ်သူတွေဟာ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ Benedict ကို ပထမဆုံး စဉ်းစားခဲ့ကြပေမယ့် အစပိုင်း ကမ်းလှမ်းတုန်းက Benedict ဟာ ဒီဇာတ်ကောင်ကို ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ထုတ်လုပ်သူတွေဟာ ဒီဇာတ်ကောင်နေရာအတွက် နောက်ထပ် သရုပ်ဆောင်တွေကို ရှာဖွေရပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူတို့ဟာ Joaquin Phoenix ကို မျက်စိကျခဲ့ကြပါတယ်။ သို့ပေမယ့် Joaquin ကတော့ ငြင်းပယ်ခဲ့ပါတယ်။ Marvel ဟာ Joaquin ကို စူပါဟီးရိုးနေရာမှာ သရုပ်ဆောင်ဖို့ မကြာခဏ ကမ်းလှမ်းခဲ့ပေမယ့်လည်း သူ့ဘက်ကတော့ ဇာတ်ကားတွေ အများကြီး စာချူပ်မချူပ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကုန်လုံးကို ငြင်းပယ်ခဲ့ပါတယ်။

(2) Jared Leto
photo via screenrant

ထုတ်လုပ်သူတွေဟာ Suicide Squad ထဲမှာ Joker အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Jared Leto ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် စဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် သူ့ဆီကို ကမ်းလှမ်းတဲ့အဆင့်အထိ မရောက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Marvel က အသစ်ထွက်လာမယ့် Morbius ဇာတ်ကားထဲမှာတော့ သူဟာ အဓိကနေရာက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

(3) Jake Gyllenhaal
photo via screenrant

ထုတ်လုပ်သူတွေဟာ Jake ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ သို့သော်လည်း အကြောင်းအမျိူးမျိူးကြောင့် ဒီနေရာမှာ သရုပ်မဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူဟာ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Mysterio နေရာမှာတော့ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူတွေဟာ Tom Hardy ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Marvel ရဲ့ တစ်ခြားဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Venom နေရာမှာ ပါဝင်ခဲ့ရပါတယ်။

(4) Daniel Radcliffe
photo via screenrant

Harry Potter ဇာတ်လမ်းတွေနဲ့ နာမည်ကြီးလာတဲ့ Daniel ကိုလည်း Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ဆွေးနွေးမှုဟာ အဆင်မပြေဘဲ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် နောက်ထပ်လူတွေကို ထပ်ရှာရပါတော့တယ်။

(5) Joseph Gordon-Levitt
photo via screenrant

ထုတ်လုပ်သူတွေဟာ Joseph ကို Doctor Strange ဇာတ်ကောင်တစ်ခုတည်းတင် မဟုတ်ဘဲ Guardians of the Galaxy ထဲက Peter Quill နေရာမှာပါ သရုပ်ဆောင်ဖို့အတွက် စဉ်းစားခဲ့ကြပါတယ်။ ဒီလိုနဲ့ Doctor Strange နေရာမှာ သရုပ်ဆောင်ဖို့အတွက် တစ်ခြားစဉ်းစားခဲ့သူတွေလည်း အများကြီး ရှိပြီးတော့ နောက်ပိုင်းမှာမှ Benedict Cumberbatch ဟာ အဲ့ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် လက်ခံခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Doctor Strange ဇာတ္ကားဟာ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး မင္းသား Benedict Cumberbatch က အဓိကသ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Infinity War နဲ႔ Endgame တို႔မွာလည္း ပါဝင္ခဲ့တာေၾကာင့္ Doctor Strange လို႔ ေျပာလိုက္တာနဲ႔ Benedict ကိုပဲ ေျပးျမင္မိၾကပါတယ္။ ဒါေပမယ့္လည္း ႐ုပ္ရွင္အျဖစ္ မ႐ိုက္ကူးခင္မွာ Doctor Strange ဇာတ္ေကာင္အတြက္ ထုံးစံအတိုင္း တစ္ျခားသ႐ုပ္ေဆာင္ေတြကိုလည္း ကမ္းလွမ္းခဲ့ၾကပါေသးတယ္။ Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခံခဲ့ရဖူးသူေတြကေတာ့ …

(1) Joaquin Phoenix
photo via screenrant

ထုတ္လုပ္သူေတြဟာ Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ Benedict ကို ပထမဆုံး စဥ္းစားခဲ့ၾကေပမယ့္ အစပိုင္း ကမ္းလွမ္းတုန္းက Benedict ဟာ ဒီဇာတ္ေကာင္ကို ျငင္းပယ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ထုတ္လုပ္သူေတြဟာ ဒီဇာတ္ေကာင္ေနရာအတြက္ ေနာက္ထပ္ သ႐ုပ္ေဆာင္ေတြကို ရွာေဖြရပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ဟာ Joaquin Phoenix ကို မ်က္စိက်ခဲ့ၾကပါတယ္။ သို႔ေပမယ့္ Joaquin ကေတာ့ ျငင္းပယ္ခဲ့ပါတယ္။ Marvel ဟာ Joaquin ကို စူပါဟီး႐ိုးေနရာမွာ သ႐ုပ္ေဆာင္ဖို႔ မၾကာခဏ ကမ္းလွမ္းခဲ့ေပမယ့္လည္း သူ႔ဘက္ကေတာ့ ဇာတ္ကားေတြ အမ်ားႀကီး စာခ်ဴပ္မခ်ဴပ္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အကုန္လုံးကို ျငင္းပယ္ခဲ့ပါတယ္။

(2) Jared Leto
photo via screenrant

ထုတ္လုပ္သူေတြဟာ Suicide Squad ထဲမွာ Joker အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့တဲ့ Jared Leto ကိုလည္း Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ စဥ္းစားခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ သူ႔ဆီကို ကမ္းလွမ္းတဲ့အဆင့္အထိ မေရာက္ခဲ့ပါဘူး။ ဒါေပမယ့္လည္း Marvel က အသစ္ထြက္လာမယ့္ Morbius ဇာတ္ကားထဲမွာေတာ့ သူဟာ အဓိကေနရာက ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

(3) Jake Gyllenhaal
photo via screenrant

ထုတ္လုပ္သူေတြဟာ Jake ကိုလည္း Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ စဥ္းစားခဲ့ၾကပါေသးတယ္။ သို႔ေသာ္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဒီေနရာမွာ သ႐ုပ္မေဆာင္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း သူဟာ ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Mysterio ေနရာမွာေတာ့ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ထုတ္လုပ္သူေတြဟာ Tom Hardy ကိုလည္း Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ခိုင္းဖို႔ စဥ္းစားခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Marvel ရဲ႕ တစ္ျခားဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Venom ေနရာမွာ ပါဝင္ခဲ့ရပါတယ္။

(4) Daniel Radcliffe
photo via screenrant

Harry Potter ဇာတ္လမ္းေတြနဲ႔ နာမည္ႀကီးလာတဲ့ Daniel ကိုလည္း Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ေဆြးေႏြးခဲ့ၾကပါေသးတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေဆြးေႏြးမႈဟာ အဆင္မေျပဘဲ Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ေနာက္ထပ္လူေတြကို ထပ္ရွာရပါေတာ့တယ္။

(5) Joseph Gordon-Levitt
photo via screenrant

ထုတ္လုပ္သူေတြဟာ Joseph ကို Doctor Strange ဇာတ္ေကာင္တစ္ခုတည္းတင္ မဟုတ္ဘဲ Guardians of the Galaxy ထဲက Peter Quill ေနရာမွာပါ သ႐ုပ္ေဆာင္ဖို႔အတြက္ စဥ္းစားခဲ့ၾကပါတယ္။ ဒီလိုနဲ႔ Doctor Strange ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ တစ္ျခားစဥ္းစားခဲ့သူေတြလည္း အမ်ားႀကီး ရွိၿပီးေတာ့ ေနာက္ပိုင္းမွာမွ Benedict Cumberbatch ဟာ အဲ့ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔အတြက္ လက္ခံခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular