HomeEntertainmentFilmကိုဗစ်ရောဂါပိုး တွေ့ရှိတာကြောင့် ရိုက်ကူးရေး ရပ်နားထားရတဲ့ The Flash season 7

ကိုဗစ်ရောဂါပိုး တွေ့ရှိတာကြောင့် ရိုက်ကူးရေး ရပ်နားထားရတဲ့ The Flash season 7

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Flash season 7 ဟာ ရိုက်ကူးရေးအဖွဲ့သားတွေထဲက တစ်ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် ရိုက်ကူးရေး ခေတ္တရပ်နားထားရပါတယ်။ ပုံမှန်ဆိုရင်တော့ ရိုက်ကူးရေးတွေဟာ နွေရာသီမှာ စတင်ရိုက်ကူးလေ့ ရှိကြပေမယ့်လည်း CW ကတော့ Arrowverse ဇာတ်လမ်းတွဲတွေရဲ့ ရိုက်ကူးရေးကို ၂၀၂၁ခုနှစ်ထိ ရွှေ့ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ The Flash ဇာတ်လမ်းတွဲဟာလည်း အခုချိန်မှာ ရိုက်ကူးရေး ရပ်နားထားရပြီးတော့ အခြေအနေတွေ ပြန်ကောင်းသွားမှ ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ကိုဗစ်ရဲ့ ပယောဂဟာ ဒီလောက်နဲ့တင် မပြီးသွားသေးပါဘူး။ The Flash season 6 ဟာလည်း ကိုဗစ်ကြောင့်ပဲ (၁၉)ပိုင်းသာ ထွက်ရှိနိုင်ခဲ့ပါတယ်။ Season 6 ရဲ့ အဆုံးမှာလည်း ဇာတ်လမ်းဟာ တန်းလန်းကြီး ဖြစ်နေပြီးတော့ season 7 ရောက်မှသာ အဲ့ဒီဇာတ်လမ်းကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် season 7 ထဲမှာတော့ Ralph Dibny ဟာလည်း ပြန်လည်မပါဝင်လာနိုင်တော့ပါဘူး။

photo via screenrant

အကြောင်းကတော့ အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Hartley Sawyer ဟာ အရင်တုန်းက တွစ်တာပေါ်မှာ လူမျိူးရေးခွဲခြားတဲ့ ပို့စ်တွေ တင်ခဲ့ဖူးတာကြောင့် Black Lives Matter လှုပ်ရှားမှုအတွင်းမှာ ဒီဇာတ်လမ်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းကို ဖန်တီးသူဖြစ်တဲ့ Eric Wallace ကတော့ Ralph ရဲ့စွမ်းအားကို အကြောင်းပြပြီးတော့ ပုံသဏ္ဍာန် ပြောင်းလဲသွားတယ်လို့ ပြုပြင်လိုက်ကာ သရုပ်ဆောင်အသစ်တစ်ယောက်ကို ပြောင်းလဲလို့ ရတယ်လို့ ပြောထားပါတယ်။

©CW

ရုပ်ရှင်အဖွဲ့သားထဲကတစ်ယောက်မှာ ကိုဗစ်ပိုးတွေ့ရှိတာကြောင့် The Flash season 7 ရဲ့ ရိုက်ကူးရေး ရပ်နားထားရတဲ့ သတင်းကိုတော့ Deadline သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပိုးတွေ့ရှိသူနဲ့ တစ်ခြားရုပ်ရှင်အဖွဲ့သားတွေကလည်း ထိတွေ့ဆက်ဆံမိသွားတာကြောင့် အခုလိုမျိူး ရိုက်ကူးရေး ရပ်နားလိုက်ရတာပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ရုပ်မြင်သံကြားပေါ်မှာ ထုတ်လွှင့်ဖို့ဟာ လအနည်းငယ် လိုသေးတာကြောင့် ရိုက်ကူးရေး အဖွဲ့သားတွေအနေနဲ့ ရောဂါပိုးပျောက်တဲ့အထိ အေးအေးဆေးဆေး နားနေဖို့ အချိန်ရှိပါသေးတယ်။ The Flash season 7 ကတော့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပြီး သိပ်မကြာခင်မှာလည်း အဖွဲ့သားတွေအကုန်လုံး ကျန်းကျန်းမာမာနဲ့ ရိုက်ကူးရေး စတင်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Flash season 7 ဟာ ႐ိုက္ကူးေရးအဖြဲ႕သားေတြထဲက တစ္ေယာက္မွာ ကိုဗစ္ပိုးေတြ႕ရွိတာေၾကာင့္ ႐ိုက္ကူးေရး ေခတၱရပ္နားထားရပါတယ္။ ပုံမွန္ဆိုရင္ေတာ့ ႐ိုက္ကူးေရးေတြဟာ ေႏြရာသီမွာ စတင္႐ိုက္ကူးေလ့ ရွိၾကေပမယ့္လည္း CW ကေတာ့ Arrowverse ဇာတ္လမ္းတြဲေတြရဲ႕ ႐ိုက္ကူးေရးကို ၂၀၂၁ခုႏွစ္ထိ ေ႐ႊ႕ေပးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ The Flash ဇာတ္လမ္းတြဲဟာလည္း အခုခ်ိန္မွာ ႐ိုက္ကူးေရး ရပ္နားထားရၿပီးေတာ့ အေျခအေနေတြ ျပန္ေကာင္းသြားမွ ျပန္လည္႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

ကိုဗစ္ရဲ႕ ပေယာဂဟာ ဒီေလာက္နဲ႔တင္ မၿပီးသြားေသးပါဘူး။ The Flash season 6 ဟာလည္း ကိုဗစ္ေၾကာင့္ပဲ (၁၉)ပိုင္းသာ ထြက္ရွိႏိုင္ခဲ့ပါတယ္။ Season 6 ရဲ႕ အဆုံးမွာလည္း ဇာတ္လမ္းဟာ တန္းလန္းႀကီး ျဖစ္ေနၿပီးေတာ့ season 7 ေရာက္မွသာ အဲ့ဒီဇာတ္လမ္းကို ဆက္လက္ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ season 7 ထဲမွာေတာ့ Ralph Dibny ဟာလည္း ျပန္လည္မပါဝင္လာႏိုင္ေတာ့ပါဘူး။

photo via screenrant

အေၾကာင္းကေတာ့ အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Hartley Sawyer ဟာ အရင္တုန္းက တြစ္တာေပၚမွာ လူမ်ိဴးေရးခြဲျခားတဲ့ ပို႔စ္ေတြ တင္ခဲ့ဖူးတာေၾကာင့္ Black Lives Matter လႈပ္ရွားမႈအတြင္းမွာ ဒီဇာတ္လမ္းကေန ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းကို ဖန္တီးသူျဖစ္တဲ့ Eric Wallace ကေတာ့ Ralph ရဲ႕စြမ္းအားကို အေၾကာင္းျပၿပီးေတာ့ ပုံသ႑ာန္ ေျပာင္းလဲသြားတယ္လို႔ ျပဳျပင္လိုက္ကာ သ႐ုပ္ေဆာင္အသစ္တစ္ေယာက္ကို ေျပာင္းလဲလို႔ ရတယ္လို႔ ေျပာထားပါတယ္။

©CW

႐ုပ္ရွင္အဖြဲ႕သားထဲကတစ္ေယာက္မွာ ကိုဗစ္ပိုးေတြ႕ရွိတာေၾကာင့္ The Flash season 7 ရဲ႕ ႐ိုက္ကူးေရး ရပ္နားထားရတဲ့ သတင္းကိုေတာ့ Deadline သတင္းဌာနက ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ပိုးေတြ႕ရွိသူနဲ႔ တစ္ျခား႐ုပ္ရွင္အဖြဲ႕သားေတြကလည္း ထိေတြ႕ဆက္ဆံမိသြားတာေၾကာင့္ အခုလိုမ်ိဴး ႐ိုက္ကူးေရး ရပ္နားလိုက္ရတာပဲ ျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ႐ုပ္ျမင္သံၾကားေပၚမွာ ထုတ္လႊင့္ဖို႔ဟာ လအနည္းငယ္ လိုေသးတာေၾကာင့္ ႐ိုက္ကူးေရး အဖြဲ႕သားေတြအေနနဲ႔ ေရာဂါပိုးေပ်ာက္တဲ့အထိ ေအးေအးေဆးေဆး နားေနဖို႔ အခ်ိန္ရွိပါေသးတယ္။ The Flash season 7 ကေတာ့ ေဖေဖာ္ဝါရီလ (၂၃)ရက္ေန႔မွာ ျပသသြားမွာ ျဖစ္ၿပီး သိပ္မၾကာခင္မွာလည္း အဖြဲ႕သားေတြအကုန္လုံး က်န္းက်န္းမာမာနဲ႔ ႐ိုက္ကူးေရး စတင္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular