HomeEntertainmentFilmထုတ်လွှင့်ပြသမယ့်ရက် တစ်ပတ်နောက်ဆုတ်သွားတဲ့ The Flash season 7

ထုတ်လွှင့်ပြသမယ့်ရက် တစ်ပတ်နောက်ဆုတ်သွားတဲ့ The Flash season 7

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

CW ပြသနေတဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Flash ရဲ့ season 7 ပြသမယ့်ရက်ဟာ တစ်ပတ်နောက်ဆုတ်သွားပြီး မတ်လ (၂) ရက်နေ့မှ ပြသသွားမယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဖေဖော်ဝါရီ (၂၃) ရက်နေ့မှာ ပြသသွားမယ့် Superman & Lois ဇာတ်လမ်းတွဲနဲ့ အချိန်မတိုက်သွားအောင် နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

အစတုန်းကတော့ CW ဟာ The Flash season 7 ကို ၂၀၂၁ ဖေဖော်ဝါရီ (၂၃) ရက်နေ့မှာ ပြသဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Superman & Lois ဇာတ်လမ်းတွဲကြောင့် တစ်ပတ်နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။ Superman & Lois ထဲမှာတော့ Clark Kent နဲ့ Lois Lane တို့ဟာ ဆယ်ကျော်သက် ကောင်လေးနှစ်ယောက်ကို ပြုစုပျိူးထောင်သွားမယ့် အကြောင်းကို မြင်တွေ့ရမှာပါ။

ပရိသတ်တွေအတွက် ကံကောင်းတာကတော့ The Flash season 7 ဟာ တစ်ပတ်ပဲ နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပိုင်းစာလောက်ပဲ နောက်ကျသွားမှာ ဖြစ်ပြီး အကြာကြီး စောင့်နေစရာ မလိုပါဘူး။ တစ်ခြားရုပ်ရှင်တွေ အများစုကတော့ ကိုဗစ်ကြောင့် အချိန်တွေ အကြာကြီး နှောင့်နှေးခဲ့ရတဲ့အချိန်မှာ Flash ကတော့ တစ်ပတ်ပဲ နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် အခုလိုမျိူး တစ်ပတ်နောက်ဆုတ်သွားတာဟာ season 7 ရဲ့ ဇာတ်လမ်းကိုလည်း လုံးဝထိခိုက်မှု မရှိပါဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် Arrowverse ရဲ့ ထုံးစံအတိုင်း တစ်ချိန်ချိန်မှာတော့ Flash နဲ့ Superman & Lois ဇာတ်လမ်းတွဲတွေကလည်း crossover တွေ ဖြစ်လာဦးမှာပါ။ အခုလိုမျိူး တစ်ပတ်နောက်ကျသွားတာဟာ စိတ်ပျက်စရာ ဖြစ်နေနိုင်ပေမယ့်လည်း အဲ့ဒီတစ်ပတ်ပြီးတာနဲ့ Arrowverse ကို အရင်လိုပြန်လည် မြင်တွေ့ရတော့မှာပါ။

Legos

Source : Screenrant

(Zawgyi Version)

CW ျပသေနတဲ့ နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ The Flash ရဲ႕ season 7 ျပသမယ့္ရက္ဟာ တစ္ပတ္ေနာက္ဆုတ္သြားၿပီး မတ္လ (၂) ရက္ေန႔မွ ျပသသြားမယ္လို႔ သိရပါတယ္။ အေၾကာင္းကေတာ့ ေဖေဖာ္ဝါရီ (၂၃) ရက္ေန႔မွာ ျပသသြားမယ့္ Superman & Lois ဇာတ္လမ္းတြဲနဲ႔ အခ်ိန္မတိုက္သြားေအာင္ ေနာက္ဆုတ္ခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

အစတုန္းကေတာ့ CW ဟာ The Flash season 7 ကို ၂၀၂၁ ေဖေဖာ္ဝါရီ (၂၃) ရက္ေန႔မွာ ျပသဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Superman & Lois ဇာတ္လမ္းတြဲေၾကာင့္ တစ္ပတ္ေနာက္ဆုတ္သြားတာ ျဖစ္ပါတယ္။ Superman & Lois ထဲမွာေတာ့ Clark Kent နဲ႔ Lois Lane တို႔ဟာ ဆယ္ေက်ာ္သက္ ေကာင္ေလးႏွစ္ေယာက္ကို ျပဳစုပ်ိဴးေထာင္သြားမယ့္ အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။

ပရိသတ္ေတြအတြက္ ကံေကာင္းတာကေတာ့ The Flash season 7 ဟာ တစ္ပတ္ပဲ ေနာက္ဆုတ္သြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ပိုင္းစာေလာက္ပဲ ေနာက္က်သြားမွာ ျဖစ္ၿပီး အၾကာႀကီး ေစာင့္ေနစရာ မလိုပါဘူး။ တစ္ျခား႐ုပ္ရွင္ေတြ အမ်ားစုကေတာ့ ကိုဗစ္ေၾကာင့္ အခ်ိန္ေတြ အၾကာႀကီး ေႏွာင့္ေႏွးခဲ့ရတဲ့အခ်ိန္မွာ Flash ကေတာ့ တစ္ပတ္ပဲ ေနာက္ဆုတ္သြားတာ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အျပင္ အခုလိုမ်ိဴး တစ္ပတ္ေနာက္ဆုတ္သြားတာဟာ season 7 ရဲ႕ ဇာတ္လမ္းကိုလည္း လုံးဝထိခိုက္မႈ မရွိပါဘူးလို႔လည္း သိရပါတယ္။ ဒါ့အျပင္ Arrowverse ရဲ႕ ထုံးစံအတိုင္း တစ္ခ်ိန္ခ်ိန္မွာေတာ့ Flash နဲ႔ Superman & Lois ဇာတ္လမ္းတြဲေတြကလည္း crossover ေတြ ျဖစ္လာဦးမွာပါ။ အခုလိုမ်ိဴး တစ္ပတ္ေနာက္က်သြားတာဟာ စိတ္ပ်က္စရာ ျဖစ္ေနႏိုင္ေပမယ့္လည္း အဲ့ဒီတစ္ပတ္ၿပီးတာနဲ႔ Arrowverse ကို အရင္လိုျပန္လည္ ျမင္ေတြ႕ရေတာ့မွာပါ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular