HomeEntertainmentFilm၂၀၂၀ ခုနှစ်မှာ ထွက်ထားတဲ့ အကောင်းဆုံး Netflix original ဒရာမာ ဇာတ်လမ်းတွဲများ

၂၀၂၀ ခုနှစ်မှာ ထွက်ထားတဲ့ အကောင်းဆုံး Netflix original ဒရာမာ ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၀ ခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်တွေအများကြီးဟာ ရုံတင်ရက်တွေ ရွှေ့သွားခဲ့ပြီး ဒီနှစ်ထဲမှာ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်အသစ်တွေဟာ အနည်းငယ်ပဲ ရှိပါတယ်။ အဲ့ဒီအခြေအနေတွေကြောင့်ပဲ streaming service တွေက ပိုပြီးတော့ အောင်မြင်လာခဲ့ပါတယ်။ Netflix ကလည်း တစ်ကမ္ဘာလုံးမှာ အအောင်မြင်ဆုံး streaming service တွေထဲက တစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ original ဇာတ်လမ်းတွေကိုလည်း ရိုက်ကူးလေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ထားတဲ့ အကောင်းဆုံး Netflix original ဒရာမာ ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(5) The Stranger
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (7.3) ရရှိထားပြီး (၈) ပိုင်း ထွက်ရှိထားပါတယ်။ တစ်ရက်မှာတော့ Adam လို့ခေါ်တဲ့ သူတစ်ယောက်ဆီကို ထူးဆန်းတဲ့အမျိူးသမီးတစ်ယောက် ရောက်လာပြီးတော့ သူ့ရဲ့အမျိူးသမီးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အမျိူးသမီးကလည်း ပျောက်ဆုံးသွားတဲ့အပြင် အဲ့ဒီထူးဆန်းတဲ့ အမျိူးသမီးကလည်း သူ့ကို ဆက်ပြီးတော့ သတင်းတွေ ပေးနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စတင်ပြီးတော့ သူဟာ သူ့ရဲ့ဘဝနဲ့ ပတ်သက်သမျှ အရာအားလုံးကို မေးခွန်းထုတ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Richard Armitage ၊ Hannah John-Kamen နဲ့ Siobhan Finneran တို့က ပါဝင်ထားပါတယ်။

(4) Grand Army
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (7.5) ရရှိထားပြီး (၉) ပိုင်း ထွက်ရှိထားပါတယ်။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား ကျောင်းသူ ငါးယောက်တို့ရဲ့ အကြောင်းတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူတို့တေွ တစ်ယောက်ချင်းစီရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ပုံတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေ ကြုံတွေ့ရတတ်တဲ့ အရာတွေအကုန်လုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Odessa A’zion ၊ Odley Jean ၊ Amalia Yoo ၊ Maliq johnson နဲ့ Amir Bageria တို့က ပါဝင်ထားပါတယ်။

(3) Outer Banks
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (7.6) ရရှိထားပြီး (၁၁) ပိုင်း ထွက်ရှိထားပါတယ်။ ဇာတ်လမ်းကတော့ Carolina မြောက်ပိုင်းမှာရှိတဲ့ Outer Banks ဆိုတဲ့ နေရာမှာ နေထိုင်ကြတဲ့ ဆယ်ကျော်သက်တွေ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ John ရဲ့ အဖေဟာ ပျောက်ဆုံးသွားတာကြောင့် သူတို့အုပ်စုဟာ စုပေါင်းပြီးတော့ စုံစမ်းဖို့ ကြိုးစားကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့တွေဟာ ဆက်လက်စုံစမ်းနေရင်းနဲ့ မြေမြုပ်ထားတဲ့ ရတနာမြေပုံတစ်ခုကို တွေ့သွားကြပါတယ်။ သရုပ်ဆောင်တွေကတော့ Madelyn Cline ၊ Chase Stokes ၊ Rudy Pankow နဲ့ Madison Bailey တို့က ပါဝင်ထားပါတယ်။

(2) Unorthodox
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.0) ရရှိထားပြီး (၄) ပိုင်း ပါဝင်တဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Etsy ဆိုတဲ့ (၁၉) နှစ်အရွယ်ဂျူးလူမျိူး ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမဟာ သူ့ရဲ့အသိုင်းအဝိုင်းနဲ့ ယုံကြည်မှုတွေရဲ့ အပြင်ဘက်မှာရှိတဲ့ ဘဝအကြောင်းကို သိချင်သူလည်း ဖြစ်ပြီး ဘယ်သူမှမသိအောင် စန္ဒယားတီးသင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ သူမဟာ ဂီတကို စွဲလမ်းသွားပြီး သူ့ရဲ့ပတ်ဝန်းကျင်ကနေ ထွက်ပြေးဖို့ စီစဉ်ပါတော့တယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Shira Haas ၊ Amit Rahav နဲ့ Aaron Altaras တို့က ပါဝင်ထားပါတယ်။

(1) The Queen’s Gambit
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ IMDb (8.7) ရရှိထားပြီး (၇) ပိုင်း ပါဝင်တဲ့ မီနီစီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ၁၉၆၀ ခုနှစ်ကျော်လောက်မှာ ဇာတ်အိမ်တည်ထားပြီး Beth Harmon ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမဟာ အသက်ကိုးနှစ်မှာ မိဘမဲ့ဖြစ်သွားပြီး မိဘမဲ့ကျောင်းကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာပဲ သူမရဲ့မွေးရာပါ ပါရမီလို့တောင် ပြောလို့ရတဲ့ စစ်တုရင်ကစားခြင်းကို စတင်လေ့လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Thomas Brodie-Sangster နဲ့ Harry Melling တို့က ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၀ ခုႏွစ္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္ေတြအမ်ားႀကီးဟာ ႐ုံတင္ရက္ေတြ ေ႐ႊ႕သြားခဲ့ၿပီး ဒီႏွစ္ထဲမွာ ၾကည့္ခဲ့ရတဲ့ ႐ုပ္ရွင္အသစ္ေတြဟာ အနည္းငယ္ပဲ ရွိပါတယ္။ အဲ့ဒီအေျခအေနေတြေၾကာင့္ပဲ streaming service ေတြက ပိုၿပီးေတာ့ ေအာင္ျမင္လာခဲ့ပါတယ္။ Netflix ကလည္း တစ္ကမာၻလုံးမွာ အေအာင္ျမင္ဆုံး streaming service ေတြထဲက တစ္ခုျဖစ္ၿပီးေတာ့ သူ႔ရဲ႕ original ဇာတ္လမ္းေတြကိုလည္း ႐ိုက္ကူးေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ၂၀၂၀ ခုႏွစ္မွာ ထြက္ထားတဲ့ အေကာင္းဆုံး Netflix original ဒရာမာ ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(5) The Stranger
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ IMDb (7.3) ရရွိထားၿပီး (၈) ပိုင္း ထြက္ရွိထားပါတယ္။ တစ္ရက္မွာေတာ့ Adam လို႔ေခၚတဲ့ သူတစ္ေယာက္ဆီကို ထူးဆန္းတဲ့အမ်ိဴးသမီးတစ္ေယာက္ ေရာက္လာၿပီးေတာ့ သူ႔ရဲ႕အမ်ိဴးသမီးနဲ႔ ပတ္သက္တဲ့ သတင္းေတြကို ေျပာျပခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕အမ်ိဴးသမီးကလည္း ေပ်ာက္ဆုံးသြားတဲ့အျပင္ အဲ့ဒီထူးဆန္းတဲ့ အမ်ိဴးသမီးကလည္း သူ႔ကို ဆက္ၿပီးေတာ့ သတင္းေတြ ေပးေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ စတင္ၿပီးေတာ့ သူဟာ သူ႔ရဲ႕ဘဝနဲ႔ ပတ္သက္သမွ် အရာအားလုံးကို ေမးခြန္းထုတ္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Richard Armitage ၊ Hannah John-Kamen နဲ႔ Siobhan Finneran တို႔က ပါဝင္ထားပါတယ္။

(4) Grand Army
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ IMDb (7.5) ရရွိထားၿပီး (၉) ပိုင္း ထြက္ရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အထက္တန္းေက်ာင္းသား ေက်ာင္းသူ ငါးေယာက္တို႔ရဲ႕ အေၾကာင္းေတြကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ သူတို႔ေတြ တစ္ေယာက္ခ်င္းစီရဲ႕ ျပႆနာေတြနဲ႔ အခက္အခဲေတြကို ရင္ဆိုင္ပုံေတြနဲ႔ ဆယ္ေက်ာ္သက္အ႐ြယ္ေတြ ႀကဳံေတြ႕ရတတ္တဲ့ အရာေတြအကုန္လုံးကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Odessa A’zion ၊ Odley Jean ၊ Amalia Yoo ၊ Maliq johnson နဲ႔ Amir Bageria တို႔က ပါဝင္ထားပါတယ္။

(3) Outer Banks
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ IMDb (7.6) ရရွိထားၿပီး (၁၁) ပိုင္း ထြက္ရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Carolina ေျမာက္ပိုင္းမွာရွိတဲ့ Outer Banks ဆိုတဲ့ ေနရာမွာ ေနထိုင္ၾကတဲ့ ဆယ္ေက်ာ္သက္ေတြ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူတို႔အုပ္စုရဲ႕ ေခါင္းေဆာင္ျဖစ္သူ John ရဲ႕ အေဖဟာ ေပ်ာက္ဆုံးသြားတာေၾကာင့္ သူတို႔အုပ္စုဟာ စုေပါင္းၿပီးေတာ့ စုံစမ္းဖို႔ ႀကိဳးစားၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ေတြဟာ ဆက္လက္စုံစမ္းေနရင္းနဲ႔ ေျမျမဳပ္ထားတဲ့ ရတနာေျမပုံတစ္ခုကို ေတြ႕သြားၾကပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Madelyn Cline ၊ Chase Stokes ၊ Rudy Pankow နဲ႔ Madison Bailey တို႔က ပါဝင္ထားပါတယ္။

(2) Unorthodox
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ IMDb (8.0) ရရွိထားၿပီး (၄) ပိုင္း ပါဝင္တဲ့ မီနီစီးရီးတစ္ခုပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Etsy ဆိုတဲ့ (၁၉) ႏွစ္အ႐ြယ္ဂ်ဴးလူမ်ိဴး ေကာင္မေလးတစ္ေယာက္ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူမဟာ သူ႔ရဲ႕အသိုင္းအဝိုင္းနဲ႔ ယုံၾကည္မႈေတြရဲ႕ အျပင္ဘက္မွာရွိတဲ့ ဘဝအေၾကာင္းကို သိခ်င္သူလည္း ျဖစ္ၿပီး ဘယ္သူမွမသိေအာင္ စႏၵယားတီးသင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကေနစၿပီးေတာ့ သူမဟာ ဂီတကို စြဲလမ္းသြားၿပီး သူ႔ရဲ႕ပတ္ဝန္းက်င္ကေန ထြက္ေျပးဖို႔ စီစဥ္ပါေတာ့တယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ ျဖစ္ရပ္မွန္ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ Shira Haas ၊ Amit Rahav နဲ႔ Aaron Altaras တို႔က ပါဝင္ထားပါတယ္။

(1) The Queen’s Gambit
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ IMDb (8.7) ရရွိထားၿပီး (၇) ပိုင္း ပါဝင္တဲ့ မီနီစီးရီးတစ္ခုပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကိုေတာ့ ၁၉၆၀ ခုႏွစ္ေက်ာ္ေလာက္မွာ ဇာတ္အိမ္တည္ထားၿပီး Beth Harmon ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူမဟာ အသက္ကိုးႏွစ္မွာ မိဘမဲ့ျဖစ္သြားၿပီး မိဘမဲ့ေက်ာင္းကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီေနရာမွာပဲ သူမရဲ႕ေမြးရာပါ ပါရမီလို႔ေတာင္ ေျပာလို႔ရတဲ့ စစ္တုရင္ကစားျခင္းကို စတင္ေလ့လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Anya Taylor-Joy ၊ Thomas Brodie-Sangster နဲ႔ Harry Melling တို႔က ပါဝင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular