HomeEntertainmentFilmNetflix မှာ ကြည့်ရှုနိုင်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းများ

Netflix မှာ ကြည့်ရှုနိုင်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကောင်းများ

သည်းထိတ်ရင်ဖို အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်များအတွက် Netflix မှာ ကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(7) The Guilty

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ရဲအရာရှိတစ်ယောက်ဟာ ရာထူးချခံလိုက်ရပြီး ရုံးမှာပဲ ဖုန်းလက်ခံပြောရတဲ့ အဆင့်ကို ရောက်သွားပါတယ်။ တစ်ရက်မှာတော့ သူဟာ ပြန်ပေးဆွဲခံထားရတဲ့ အမျိူးသမီးတစ်ယောက်ရဲ့ ဖုန်းကို လက်ခံရရှိပြီး သူ့အတွက် ဒွိဟတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jake Gyllenhaal ၊ Paul Dano နဲ့ Riley Keough တို့ အဓိက ပါဝင်ထားပါတယ်။

(6) The Clovehitch Killer

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Tyler ဟာ သူ့အဖေရဲ့ ပစ္စည်းတွေထဲက မနှစ်မြို့စရာကောင်းတဲ့ ပုံတွေကို ရှာတွေ့သွားတဲ့ နောက်မှာတော့ အရာရာပြည့်စုံနေတဲ့ မိသားစုလေးဟာ ပြိုကွဲသွားပါတယ်။ ဒါတင်မကသေးဘဲ Tyler ဟာ ကမ္ဘာပေါ်မှာ သူ အယုံကြည်ရဆုံးလူ ဖြစ်တဲ့ သူ့အဖေဟာ လွန်ခဲ့တဲ့ဆယ်နှစ်က သေဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ကလေးတစ်ယောက်ကို သတ်ခဲ့တယ်လို့ပါ သံသယ ဝင်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Dylan McDermott ၊ Charlie Plummber နဲ့ Samantha Mathis တို့ အဓိက ပါဝင်ထားပါတယ်။

(5) I’m Thinking of Ending Things

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ရည်းစားနဲ့အတူ မိဘတွေနေထိုင်တဲ့ လူသူမနီးတဲ့ စိုက်ပျိူးရေးခြံကို ခရီးထွက်လာခဲ့ပါတယ်။ အဲ့ဒီစိုက်ပျိူးရေးခြံကို ရောက်သွားတဲ့အချိန်မှာတော့ အကြောင်းတွေ ဖန်လာပြီး သူမကိုယ်သူမနဲ့ သူမရဲ့ ရည်းစားအကြောင်းကို မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jessie Buckley ၊ Jesse Plemons ၊ David Thewlis နဲ့ Toni Collette တို့က အဓိက ပါဝင်ထားပါတယ်။

(4) I Don’t Feel At Home In This World Anymore

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဓားပြတိုက်ခံရပြီးနောက်မှာ စိတ်ဓာတ်ကျနေတဲ့ အမျိူးသမီးဟာ သူမရဲ့ အိမ်နီးချင်းနဲ့အတူ သူတို့ကို ဓားပြတိုက်သွားသူတွေကို ရှာဖွေဖို့ ထွက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ သူတို့ဟာ အလွန်အန္တရာယ်များတဲ့ ရာဇဝတ်ကောင်အုပ်စုနဲ့ ရင်ဆိုင်နေရမှန်း သိသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Melanie Lynskey ၊ Macon Blair နဲ့ Elijah Wood တို့ အဓိက ပါဝင်ထားပါတယ်။

(3) The Killing of a Sacred Deer

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခွဲစိတ်ဆရာဝန်တစ်ယောက် ဖြစ်တဲ့ Steven Murphy ဟာ ကြောင်တောင်တောင်နိုင်တဲ့ လူငယ်လေး Martin ကို စောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Martin ကတော့ သူထင်ထားသလို သာမန်လူတစ်ယောက် မဟုတ်တာကို သိသွားတဲ့ အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Collin Farrell ၊ Barry Keoghan နဲ့ Nicole Kidman တို့ အဓိက ပါဝင်ထားပါတယ်။

(2) Good Times

photo via screenrant

ဒီရုပ်ရှင်တော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Connie ရဲ့ညီဟာ ဓားပြတိုက်မှုကြောင့် ထောင်ကျသွားပါတယ်။ ဒါကြောင့်ပဲ Connie ကတော့ သူ့ညီကို ထောင်ထဲက လွတ်မြောက်နိုင်ဖို့ ကြိုးစားပြီး ဘာမဆိုပြုလုပ်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Robert Pattinson ၊ Benny Safdie နဲ့ Taliah Webster တို့ အဓိက ပါဝင်ထားပါတယ်။

(1) Identity

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နီဗာဒါးသဲကန္တာရထဲမှာ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု တိုက်ခတ်နေချိန်မှာ လူစိမ်း(၁၀)ယောက်ဟာ လူသူမနီးတဲ့ အဲဒီနေရာက မိုတယ်တစ်ခုမှာ ဝင်ရောက်ခိုလှုံခွင့် တောင်းကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ထဲက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့အခါမှာတော့ သူတို့ကြားထဲမှာ ရှိနေတဲ့ ကွင်းဆက်လူသတ်သမားကို ရှာဖွေရပါတော့တယ်။ အဓိက ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ John Cusack ၊ Ray Liotta နဲ့ Amanda Peet တို့ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular