HomeEntertainmentFilmထွေလာ ထွက်ရှိလာတဲ့ Florence Pugh နဲ့ Harry Styles တို့ရဲ့ Don't Worry Darling ရုပ်ရှင်

ထွေလာ ထွက်ရှိလာတဲ့ Florence Pugh နဲ့ Harry Styles တို့ရဲ့ Don’t Worry Darling ရုပ်ရှင်

Florence Pugh နဲ့ Harry Styles တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ Don’t Worry Darling ရုပ်ရှင်ရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ Psychology ၊ Thriller အမျိူးအစားပဲ ဖြစ်ပြီး ပရိသတ်တွေကို ခေါင်းစားရအောင် ပြုလုပ်သွားမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ Florence Pugh နဲ့ Harry Styles တို့ အပြင် Chris Pine နဲ့ Gemma Chan တို့လည်း ပါဝင်ထားပါသေးတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ Alice ဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့အတူ Victory Project မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ အဲဒီနေရာကတော့ ဝတ်ပုံစားပုံတွေကအစ အရာအားလုံးကို ၁၉၅၀ ခုနှစ်လောက်က ပုံစံအတိုင်း ပြန်လည် ဖန်တီးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အစပိုင်းမှာတော့ အရာအားလုံးက သာသာယာယာနဲ့ အဆင်ပြေနေတယ်လို့ ထင်ရပေမယ့်လည်း အဲဒါတွေဟာ ပုံရိပ်ယောင်တွေ ဖြစ်နေတဲ့အခါမှာတော့….။

မကြာခင်ကပဲ Don’t Worry Darling ရုပ်ရှင်ရဲ့ ပထမဆုံး ထွေလာကိုတော့ Warner Bros. စတူဒီယိုက ထုတ်ပေးလိုက်ပါတယ်။ အဲဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ သို့သော်လည်း ဒီထွေလာထဲက ဇာတ်ဝင်ခန်းတချို့ဟာ ကလေးသူငယ်တွေနဲ့ မသင့်တော်တာကြောင့် Age-Restricted တော့ ခံထားပါတယ်။

ဒီရုပ်ရှင်ကလည်း ရုပ်ရှင်ချစ်ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တစ်ကား ဖြစ်လာဖို့ သေချာသလောက် ရှိပါတယ်။ ဇာတ်လမ်းကလည်း အနည်းငယ် ထူးဆန်းနေပြီး နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတာကြောင့်လည်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်နေပါတယ်။ Don’t Worry Darling ရုပ်ရှင်ကိုတော့ လာမယ့် စက်တင်ဘာလ (၂၃)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular