HomeEntertainmentFilmFlorence Pugh ဦးဆောင်သွားမယ့် MCU ရဲ့ Thunderbolts ရုပ်ရှင်

Florence Pugh ဦးဆောင်သွားမယ့် MCU ရဲ့ Thunderbolts ရုပ်ရှင်

Florence Pugh ရဲ့ ဇာတ်ကောင် Yelena Belova ဟာ MCU ရဲ့ Thunderbolts ရုပ်ရှင်ကို ဦးဆောင်သွားမယ်လို့ သတင်းတစ်ခုက ဆိုပါတယ်။ Yelena Belova ကတော့ Black Widow ရုပ်ရှင်ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Hawkeye ဇာတ်လမ်းတွဲထဲမှာလည်း ပြန်လည်ပါဝင်ခဲ့ပါတယ်။

photo via screenrant

Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Yelena ဟာ Contessa Valentina Allegra de la Fontaine နဲ့ အလုပ်လုပ်နေကြောင်း သိခဲ့ရပါတယ်။ Valentina ကတော့ The Falcon and the Winter Soldier ထဲမှာ စတင်ပါဝင်လာတာ ဖြစ်ပြီး John Walker ကို ခေါ်ဆောင်သွားပါတယ်။ အဲဒီအချိန်တည်းက စတင်ပြီး ပရိသတ်တွေဟာ Valentina က Thunderbolts အဖွဲ့ကို ဖွဲ့စည်းနေတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဲဒီနောက် မကြာခင်က ကျင်းပခဲ့တဲ့ Comic-Con ပွဲမှာတော့ Thunderbolts ရုပ်ရှင်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။

လောလောဆယ်မှာတော့ Thunderbolts အဖွဲ့ထဲမှာ ဘယ်သူတွေ ပါဝင်လာမယ်ဆိုတာ တရားဝင် မကြေညာသေးပါဘူး။ Deadline သတင်းဌာနရဲ့ Writer Justin Kroll ကတော့ Thunderbolts ရုပ်ရှင်ထဲမှာ Yelena Belova က ခေါင်းဆောင် ဖြစ်သွားမယ်လို့ ရေးသားထားပါတယ်။ ဒီ Anti-Heroes အဖွဲ့ထဲမှာတော့ John Walker တဖြစ်လည်း U.S. Agent နဲ့ Zemo တို့ ပါဝင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းကတော့ Justin Kroll ရဲ့ ခန့်မှန်းမှုသက်သက်လား၊ ဒါမှမဟုတ် တိကျတဲ့ သတင်းလား ဆိုတာကိုတော့ မသိရသေးပါဘူး။

photo via screenrant

Yelena Belova ဟာ Thunderbolts အဖွဲ့ကို ဦးဆောင်သွားမယ် ဆိုတာကတော့ ဖြစ်နိုင်ချေ ရှိပါတယ်။ သူမရဲ့ စိတ်ဓာတ်ဟာ တခြားအဖွဲ့ဝင်တွေနဲ့ယှဉ်ရင် ဟီးရိုးတွေနဲ့ အနီးစပ်ဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် Abomination ၊ Ghost နဲ့ Agatha Harkness တို့ကလည်း ဒီအဖွဲ့ထဲမှာ ပါဝင်လာနိုင်ချေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Thunderbolts ရုပ်ရှင်ကတော့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတွေ ယူဆောင်လာပေးမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular