HomeEntertainmentFilmRyan Reynolds ရဲ့ Free Guy ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ နာမည်ကြီး Cameo များ

Ryan Reynolds ရဲ့ Free Guy ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ နာမည်ကြီး Cameo များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ryan Reynolds သရုပ်ဆောင်ထားတဲ့ Free Guy ရုပ်ရှင်ဟာ ရုံတင်ထားတာ ကြာပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ဆီမှာတော့ ရုပ်ရှင်ရုံတွေ မဖွင့်တာကြောင့် အခုချိန်မှ ကြည့်ရှုခွင့်ရပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ရုံတင်ဖို့ စီစဉ်ထားပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ရုံတင်ရက် ရွှေ့ဆိုင်းခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်နေတာကြောင့် (၂)နှစ်လောက်တောင် နောက်ဆုတ်ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Chris Evans နဲ့ Channing Tatum တို့ Cameo အဖြစ် ပါဝင်ခဲ့တယ်ဆိုတာ လူတိုင်းသိပေမယ့်လည်း တချို့သရုပ်ဆောင်တွေကတော့ မျက်နှာမပြဘဲ Cameo ပါဝင်ခဲ့ကြပါသေးတယ်။

(1) John Krasinski
photo via screenrant

John Krasinski ကတော့ A Quiet Place အပါအဝင် တခြားနာမည်ကြီး ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်အများစုကတော့ ဒီရုပ်ရှင်ထဲက သူ့ရဲ့ Cameo ကို သတိမထားမိခဲ့ကြပါဘူး။ အကြောင်းကတော့ သူ့ကို လုံးဝမမြင်ခဲ့ရဘဲ အသံပဲ ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Free City ဆော့တဲ့ ဂိမ်းကစားသူတစ်ယောက် အင်တာဗျူးဖြေနေတဲ့အချိန်မှာ အသံ Cameo ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(2) Alex Trebek
photo via screenrant

Alex Trebek ကတော့ အမေရိကန်ရဲ့ နာမည်ကြီးဂိမ်းရှိုးတစ်ခု ဖြစ်တဲ့ Jeopardy! မှာ ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးခဲ့တာကြောင့် သူဟာ Cameo အနေနဲ့ ပါဝင်နိုင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ကွယ်လွန်သွားပါပြီ။ Guy ဟာ Free City ကစားသူတွေကြားမှာ တဖြည်းဖြည်းနဲ့ ပေါ်ပြူလာ ဖြစ်လာတဲ့အချိန်မှာတော့ “Blue Shirt Guy” က ကမ္ဘာကြီးကို ကြီးစိုးသွားပြီဆိုပြီး ကြေညာခဲ့သူဟာ Alex Trebek ပဲ ဖြစ်ပါတယ်။

(3) The Rock
photo via screenrant

The Rock ဟာလည်း ဒီရုပ်ရှင်ထဲမှာ Cameo ပါဝင်ခဲ့တယ်ဆိုပေမယ့် John Krasinski လိုမျိူး အသံပဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ The Rock ဟာ ဒီရုပ်ရှင်ထဲက ပထမဆုံး ဘဏ်ဓားပြတိုက်ခဲ့တဲ့ ဂိမ်းဇာတ်ကောင်ဖြစ်ပြီး အရိုးခေါင်းမျက်နှာဖုံး ဝတ်ဆင်ထားပါတယ်။ အသံအနေနဲ့ပဲ ပါဝင်ခဲ့တာ ဖြစ်ပေမယ့် သူ့ရဲ့အသံက လူတိုင်းရင်းနှီးနေတဲ့ အသံဖြစ်တာကြောင့် မျက်နှာမမြင်ရပေမယ့်လည်း ပရိသတ်အချို့ဟာ The Rock မှန်း သိခဲ့ကြပါတယ်။

(4) Tina Fey
photo via screenrant

Tina Fey ဟာလည်း တခြားသူတွေလိုမျိူး အသံ Cameo ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက Gamer တစ်ယောက်ဟာ ကစားနေရင်း Guy နဲ့ တွေ့ဆုံတဲ့အချိန်မှာ စကားတွေ တောက်လျှောက်ပြောနေပြီး သူ့ရဲ့အမေနဲ့ ရန်ဖြစ်နေတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ သူ့ရဲ့အမေဟာ ကင်မရာရှေ့ကို လူလုံးထွက်မပြခဲ့ပေမယ့်လည်း အဲ့ဒီအသံကတော့ Tina Fey ရဲ့ အသံပဲ ဖြစ်ပါတယ်။

(5) Hugh Jackman
photo via screenrant

ထုံးစံအတိုင်းပဲ Hugh Jackman ဟာလည်း အသံ Cameo ပါဝင်ခဲ့သူတွေထဲကတစ်ယောက် ဖြစ်ပါတယ်။ မူလတုန်းကတော့ Ryan Reynolds ဟာ Hugh Jackman ကို ဒီရုပ်ရှင်ထဲမှာ အတူတူသရုပ်ဆောင်ဖို့ ပြောခဲ့ပြီး Hugh Jackman ကတော့ အသံ Cameo ပဲ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ရဲ့အစမှာတော့ Millie ဟာ Free City ထဲမှာ သူမရဲ့ Code တွေ ပါဝင်နေလားဆိုတာ စုံစမ်းဖို့ ကစားသမားတစ်ယောက်ဆီက သတင်းအချက်အလက်နဲ့ မြေပုံကို ဝယ်ယူခဲ့ပါတယ်။ Hugh Jackman ကတော့ Millie ကို အဲ့ဒီသတင်းအချက်အလက် ရောင်းခဲ့တဲ့ ကစားသမားနေရာက ပါဝင်ထားပါတယ်။

(6) Chris Evans
photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးအချိန် ဖြစ်တဲ့ Guy နဲ့ Dude တို့ တိုက်ခိုက်နေတဲ့အချိန်မှာတော့ Guy ဟာ Captain America ဒိုင်းနဲ့ Hulk ရဲ့ လက်သီးတို့ကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကြည့်ရှုသူတွေအားလုံးကို အံ့ဩသွားစေတဲ့ အချက်တစ်ခု ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Chris Evans ကိုယ်တိုင်က အဲ့ဒီ Live Stream ကို ကြည့်ရှုနေပြီး Cameo အနေနဲ့ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ တစ်စက္ကန့်စာလောက်ပဲ ပါဝင်ခဲ့တာ ဖြစ်ပေမယ့်လည်း ပရိသတ်တွေကိုတော့ အလွန်အံ့အားသင့်စေခဲ့ပါတယ်။

(7) Channing Tatum
photo via screenrant

ဒီရုပ်ရှင်ထဲမှာ Cameo ပါဝင်ခဲ့သူတွေထဲမှာ Screen Time အများဆုံးကတော့ Channing Tatum ပဲ ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်အစကတည်းက ပါဝင်ခဲ့သလို ဇာတ်လမ်းအလယ်လောက်မှာလည်း ပါဝင်ခဲ့ပါတယ်။ Channing Tatum ကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ အမေနဲ့ ရန်ဖြစ်နေတဲ့သူရဲ့ ဂိမ်းဇာတ်ကောင်နေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(8) Youtuber များ
photo via screenrant

ဒီရုပ်ရှင်ကတော့ Cameo တွေများစွာ ပါဝင်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက Free City ကို ဆော့နေကြပြီး Stream နေသူတွေကတော့ အပြင်မှာ Subscriber သန်းနဲ့ချီပြီး ရရှိထားတဲ့ တကယ့် YouTuber တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ Youtuber တွေကတော့ Jacksepticeye ၊ Ninja ၊ Pokimane ၊ DanTDM နဲ့ LazarBeam တို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ Ryan Reynolds ရဲ့ Free Guy ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ cameo တွေပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအပေါ် စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ပြောခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Ryan Reynolds သ႐ုပ္ေဆာင္ထားတဲ့ Free Guy ႐ုပ္ရွင္ဟာ ႐ုံတင္ထားတာ ၾကာၿပီ ျဖစ္ေပမယ့္လည္း ကၽြန္ေတာ္တို႔ဆီမွာေတာ့ ႐ုပ္ရွင္႐ုံေတြ မဖြင့္တာေၾကာင့္ အခုခ်ိန္မွ ၾကည့္ရွုခြင့္ရပါတယ္။ ဒီ႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္ကတည္းက ႐ုံတင္ဖို႔ စီစဥ္ထားေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ႐ုံတင္ရက္ ေရႊ႕ဆိုင္းခဲ့ၿပီး တစ္ကမၻာလုံးမွာ ကိုဗစ္ျဖစ္ေနတာေၾကာင့္ (၂)ႏွစ္ေလာက္ေတာင္ ေနာက္ဆုတ္ခဲ့ရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Chris Evans နဲ႔ Channing Tatum တို႔ Cameo အျဖစ္ ပါဝင္ခဲ့တယ္ဆိုတာ လူတိုင္းသိေပမယ့္လည္း တခ်ိဳ႕သ႐ုပ္ေဆာင္ေတြကေတာ့ မ်က္ႏွာမျပဘဲ Cameo ပါဝင္ခဲ့ၾကပါေသးတယ္။

(1) John Krasinski
photo via screenrant

John Krasinski ကေတာ့ A Quiet Place အပါအဝင္ တျခားနာမည္ႀကီး ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္အမ်ားစုကေတာ့ ဒီ႐ုပ္ရွင္ထဲက သူ႔ရဲ့ Cameo ကို သတိမထားမိခဲ့ၾကပါဘူး။ အေၾကာင္းကေတာ့ သူ႔ကို လုံးဝမျမင္ခဲ့ရဘဲ အသံပဲ ပါဝင္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Free City ေဆာ့တဲ့ ဂိမ္းကစားသူတစ္ေယာက္ အင္တာဗ်ဴးေျဖေနတဲ့အခ်ိန္မွာ အသံ Cameo ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(2) Alex Trebek
photo via screenrant

Alex Trebek ကေတာ့ အေမရိကန္ရဲ့ နာမည္ႀကီးဂိမ္းရွိုးတစ္ခု ျဖစ္တဲ့ Jeopardy! မွာ ပါဝင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္မွာ ရိုက္ကူးခဲ့တာေၾကာင့္ သူဟာ Cameo အေနနဲ႔ ပါဝင္နိုင္ခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ကြယ္လြန္သြားပါၿပီ။ Guy ဟာ Free City ကစားသူေတြၾကားမွာ တျဖည္းျဖည္းနဲ႔ ေပၚျပဴလာ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ “Blue Shirt Guy” က ကမၻာႀကီးကို ႀကီးစိုးသြားၿပီဆိုၿပီး ေၾကညာခဲ့သူဟာ Alex Trebek ပဲ ျဖစ္ပါတယ္။

(3) The Rock
photo via screenrant

The Rock ဟာလည္း ဒီ႐ုပ္ရွင္ထဲမွာ Cameo ပါဝင္ခဲ့တယ္ဆိုေပမယ့္ John Krasinski လိုမ်ိဴး အသံပဲ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ The Rock ဟာ ဒီ႐ုပ္ရွင္ထဲက ပထမဆုံး ဘဏ္ဓားျပတိုက္ခဲ့တဲ့ ဂိမ္းဇာတ္ေကာင္ျဖစ္ၿပီး အရိုးေခါင္းမ်က္ႏွာဖုံး ဝတ္ဆင္ထားပါတယ္။ အသံအေနနဲ႔ပဲ ပါဝင္ခဲ့တာ ျဖစ္ေပမယ့္ သူ႔ရဲ့အသံက လူတိုင္းရင္းႏွီးေနတဲ့ အသံျဖစ္တာေၾကာင့္ မ်က္ႏွာမျမင္ရေပမယ့္လည္း ပရိသတ္အခ်ိဳ႕ဟာ The Rock မွန္း သိခဲ့ၾကပါတယ္။

(4) Tina Fey
photo via screenrant

Tina Fey ဟာလည္း တျခားသူေတြလိုမ်ိဴး အသံ Cameo ပါဝင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲက Gamer တစ္ေယာက္ဟာ ကစားေနရင္း Guy နဲ႔ ေတြ႕ဆုံတဲ့အခ်ိန္မွာ စကားေတြ ေတာက္ေလၽွာက္ေျပာေနၿပီး သူ႔ရဲ့အေမနဲ႔ ရန္ျဖစ္ေနတဲ့ ဇာတ္ဝင္ခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ သူ႔ရဲ့အေမဟာ ကင္မရာေရွ႕ကို လူလုံးထြက္မျပခဲ့ေပမယ့္လည္း အဲ့ဒီအသံကေတာ့ Tina Fey ရဲ့ အသံပဲ ျဖစ္ပါတယ္။

(5) Hugh Jackman
photo via screenrant

ထုံးစံအတိုင္းပဲ Hugh Jackman ဟာလည္း အသံ Cameo ပါဝင္ခဲ့သူေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။ မူလတုန္းကေတာ့ Ryan Reynolds ဟာ Hugh Jackman ကို ဒီ႐ုပ္ရွင္ထဲမွာ အတူတူသ႐ုပ္ေဆာင္ဖို႔ ေျပာခဲ့ၿပီး Hugh Jackman ကေတာ့ အသံ Cameo ပဲ ပါဝင္ခဲ့ပါတယ္။ ႐ုပ္ရွင္ရဲ့အစမွာေတာ့ Millie ဟာ Free City ထဲမွာ သူမရဲ့ Code ေတြ ပါဝင္ေနလားဆိုတာ စုံစမ္းဖို႔ ကစားသမားတစ္ေယာက္ဆီက သတင္းအခ်က္အလက္နဲ႔ ေျမပုံကို ဝယ္ယူခဲ့ပါတယ္။ Hugh Jackman ကေတာ့ Millie ကို အဲ့ဒီသတင္းအခ်က္အလက္ ေရာင္းခဲ့တဲ့ ကစားသမားေနရာက ပါဝင္ထားပါတယ္။

(6) Chris Evans
photo via screenrant

ဒီ႐ုပ္ရွင္ရဲ့ ဇာတ္ရွိန္အျမင့္ဆုံးအခ်ိန္ ျဖစ္တဲ့ Guy နဲ႔ Dude တို႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာေတာ့ Guy ဟာ Captain America ဒိုင္းနဲ႔ Hulk ရဲ့ လက္သီးတို႔ကို အသုံးျပဳခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ၾကည့္ရွုသူေတြအားလုံးကို အံ့ဩသြားေစတဲ့ အခ်က္တစ္ခု ပါဝင္ခဲ့ပါတယ္။ အဲဒါကေတာ့ Chris Evans ကိုယ္တိုင္က အဲ့ဒီ Live Stream ကို ၾကည့္ရွုေနၿပီး Cameo အေနနဲ႔ ပါဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ သူဟာ တစ္စကၠန႔္စာေလာက္ပဲ ပါဝင္ခဲ့တာ ျဖစ္ေပမယ့္လည္း ပရိသတ္ေတြကိုေတာ့ အလြန္အံ့အားသင့္ေစခဲ့ပါတယ္။

(7) Channing Tatum
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာ Cameo ပါဝင္ခဲ့သူေတြထဲမွာ Screen Time အမ်ားဆုံးကေတာ့ Channing Tatum ပဲ ျဖစ္ပါတယ္။ သူဟာ ႐ုပ္ရွင္အစကတည္းက ပါဝင္ခဲ့သလို ဇာတ္လမ္းအလယ္ေလာက္မွာလည္း ပါဝင္ခဲ့ပါတယ္။ Channing Tatum ကေတာ့ အေပၚမွာေဖာ္ျပခဲ့တဲ့ အေမနဲ႔ ရန္ျဖစ္ေနတဲ့သူရဲ့ ဂိမ္းဇာတ္ေကာင္ေနရာမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(8) Youtuber မ်ား
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Cameo ေတြမ်ားစြာ ပါဝင္ထားတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲက Free City ကို ေဆာ့ေနၾကၿပီး Stream ေနသူေတြကေတာ့ အျပင္မွာ Subscriber သန္းနဲ႔ခ်ီၿပီး ရရွိထားတဲ့ တကယ့္ YouTuber ေတြပဲ ျဖစ္ပါတယ္။ အဲ့ဒီ Youtuber ေတြကေတာ့ Jacksepticeye ၊ Ninja ၊ Pokimane ၊ DanTDM နဲ႔ LazarBeam တို႔ပဲ ျဖစ္ပါတယ္။

ဒါကေတာ့ Ryan Reynolds ရဲ့ Free Guy ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြရဲ့ cameo ေတြပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားအေပၚ စာဖတ္သူတို႔ရဲ့ အျမင္ကိုလည္း ေျပာခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular