HomeEntertainmentFilmFree Guy 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

Free Guy 2 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

မကြာသေးခင်တုန်းကပဲ 20th Century စတူဒီယိုရဲ့ ဉက္ကဌဖြစ်သူ Steve Asbell ဟာ Free Guy 2 နဲ့ ပတ်သက်တဲ့ Update တွေကို ပြောပြခဲ့ပြီး နောက်ထပ်ရုပ်ရှင်တွေလည်း ထွက်ရှိိလာဦးမယ်လို့ ပြောသွားပါတယ်။ Free Guy ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Shawn Levy က ရိုက်ကူးထားပြီး Ryan Reynolds က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သလို Box Office မှာလည်း ဝင်ငွေ ဒေါ်လာ (၃၃၁)သန်း ရရှိခဲ့ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ ဂိမ်းထဲက NPC (Non-Player Character) ဇာတ်ကောင်တွေဟာ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရရှိလာပြီး လူတွေဝင်ဆော့နေတဲ့ ဂိမ်းဇာတ်ကောင်တွေလို ပြောင်းလဲလာပါတော့တယ်။ ဒီအချက်ကြောင့်ပဲ အဲ့ဒီဇာတ်ကောင်တွေဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာပါ။

20th Century စတူဒီယိုရဲ့ ဉက္ကဌဖြစ်သူ Steve Asbell ကတော့ The Hollywood Reporter သတင်းဌာနကို Free Guy 2 နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ သူ့ရဲ့ ပြောပြချက်အရ Free Guy 2 အတွက် ဇာတ်ညွှန်း ရေးပြီးသွားပြီလို့ သိရပြီး နောက်ထပ် Free Guy ရုပ်ရှင်တွေလည်း ထွက်ရှိလာဦးမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် Sequel တစ်ကားပဲ ထွက်ရှိလာမှာ မဟုတ်ဘဲ ဒီ Franchise အတွက် နောက်ထပ် ရုပ်ရှင်တွေများစွာ ထွက်ရှိလာဦးမယ်လို့ ယူဆရပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Ryan Reynolds နဲ့ Shawn Levy တို့ဟာ Netflix အတွက် Adam’s Project ဆိုတဲ့ ရုပ်ရှင်တစ်ကားကို ဖန်တီးထားပြီး အဲ့ဒီရုပ်ရှင်ကတော့ လာမယ့် (၁၁)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီသတင်းအရ ဆိုရင်တော့ Free Guy Franchise ဟာ တဖြည်းဖြည်းနဲ့ ပိုမိုကြီးထွားလာဖို့ ရှိပါတယ်။ Free Guy 2 ကတော့ ယခုအချိန်မှာ ဇာတ်ညွှန်းပြီးသွားပြီ ဖြစ်တာကြောင့် လာမယ့် နှစ်ဆန်းပိုင်းလောက်မှာ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular