HomeCelebs Update NewsInternationalFriday The 13th ရုပ်ရှင်ကြောင့် လက်တွေ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ မှုခင်းဖြစ်ရပ်များ

Friday The 13th ရုပ်ရှင်ကြောင့် လက်တွေ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ မှုခင်းဖြစ်ရပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Friday The 13th ထဲက ဇာတ်ကောင် Jason Voorhees ကြောင့် လက်တွေ့ဘဝမှာလည်း နာမည်ကြီး ကွင်းဆက်လူသတ်သမားတစ်ယောက် ထွက်ပေါ်လာခဲ့တယ်လို့ ဗြိတိန် အာဏာပိုင်အရာရှိတွေက ယုံကြည်ခဲ့ကြပါတယ်။ အဆိုပါ ကွင်းဆက်လူသတ်သမားရဲ့ အမည်ကတော့ Peter Moore ဖြစ်ပြီး သူ့ကိုယ်သူ Jason လို့ သုံးနှုန်းပြီးတော့ လူလေးယောက်တိတိကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

horror ပရိသတ်ဆိုရင် Friday The 13th ဇာတ်ကားကိုတော့ ကောင်းကောင်းသိကြမှာပါ။ ဒီ franchise ဇာတ်ကားတွေထဲက ဟော်ကီမျက်နှာဖုံးစွပ်နဲ့ Jason Voorhees ဇာတ်ကောင်ဟာ လူပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်တတ်သူ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဒီလူသတ် franchise ဇာတ်ကားတွေကြောင့် ဗြိတိန်ရဲ့ ဝေလနယ်မှာ လူသတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး တကယ့် ကွင်းဆက်လူသတ်သမားလည်း ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်ခဲ့ကြပါတယ်။

Photo via IMDb

၁၉၈၀ခုနှစ်က ထွက်ရှိခဲ့တဲ့ မူရင်းဇာတ်ကားထဲမှာတော့ မိခင်ဖြစ်သူ Pamela Voorhees ဟာ သားဖြစ်သူရဲ့ ရေနစ်သေဆုံးသွားမှုကို ကလဲ့စားချေတဲ့အနေနဲ့ Chrystal Lake စခန်းမှာ camping ထွက်လာတဲ့ ဆယ်ကျော်သက် လူငယ်လေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။

အဲ့ဒီ့နောက်ပိုင်း ထပ်မံထွက်ရှိလာတဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေထဲမှာတော့ Pamela Voorhees ရဲ့ သားဖြစ်သူ Jason Voorhees ဟာ အသက်ရှင်နေပြီး သူ့မိခင်ကျူးလွန်ခဲ့တဲ့ လူသတ်ပွဲကြီးကို ဆက်လက် ကျူးလွန်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒီ franchise ဟာ ဆယ်စုနှစ် သုံးခုခန့် သက်တမ်းရှိခဲ့ပြီး ကမ္ဘာအနှံ့မှာ အဓွန့်ရှည်ဆုံးနဲ့ ဝင်ငွေအကောင်းဆုံး horror ဇာတ်ကားတွေအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားတွေကနေ တီဗွီစီးရီး၊ ဝတ္ထု၊ ရုပ်ပြနဲ့ ဗွီဒီယိုဂိမ်းတွေလည်း ဆင့်ပွားထွက်ပေါ်လာခဲ့ပါသေးတယ်။

photo via IMDb

ဒီနာမည်ကျော်ဇာတ်ကောင်ကို ဖန်တီးခဲ့သူကတော့ အမေရိကန်စာရေးဆရာ Victor Miller ဖြစ်ပါတယ်။ သူ့ဇာတ်ကောင်ကို Jason Voorhees လို့ နာမည်ပေးဖို့ စိတ်ကူးရခဲ့ပုံကလည်း စိတ်ဝင်စားစရာပါပဲ။ သူ့သားနှစ်ယောက်ရဲ့ ရှေ့နာမည်တွေဖြစ်တဲ့ Ian နဲ့ Josh ၊ သူ ကျောင်းတက်တုန်းက သိခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်နာမည်ဖြစ်တဲ့ Van Voorhees တို့ကို ပေါင်းစပ်ပြီး Jason Voorhees လို့ အမည်ပေးလိုက်တာ ဖြစ်ပါတယ်။

Jason Voorhees ဟာ စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုလို့ ဆိုပေမယ့် ၁၉၆၀ခုနှစ် နွေရာသီက ဖင်လန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်မှုခင်းဖြစ်ရပ်တစ်ခုနဲ့ အတော်လေး ဆင်တူနေတာကို တွေ့ရပါတယ်။ အဲ့ဒီဖြစ်ရပ်မှာတော့ Bodom ရေကန်ကြီးရဲ့ဘေးမှာ camping လုပ်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေထဲက သုံးယောက်ကို မသေမချင်း ဓားနဲ့ ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကသာ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီ့လွတ်မြောက်သွားတဲ့ တစ်ယောက်ကလည်း မေးရိုးကျိုးနေပြီး ခေါင်းမှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီ့ခေတ်က တရားစီရင်ပုံအရ သူတစ်ယောက်တည်းက လွတ်မြောက်လာတာကြောင့် သူ့ရဲ့လက်ချက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပြစ်မှုကင်းရှင်းကြောင်း ထင်ရှားလို့ လွတ်မြောက်ခဲ့ပါတယ်။

Photo via IMDb

Jason Voorhees ဟာ ဝေလနယ် မြောက်ပိုင်းက Peter Moore ဆိုတဲ့ ရုပ်ရှင်ရုံ ပိုင်ရှင်တစ်ယောက်ကိုလည်း အတော်လေး လွှမ်းမိုးခဲ့ပုံ ရပါတယ်။ Peter Moore ဟာ ၁၉၉၅ခုနှစ်မှာ သုံးလအတွင်း အမျိုးသားလေးဦးကို ဓားနဲ့ထိုးပြီး ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအမှုရဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ “အနက်ရောင်နဲ့လူ Peter Moore: ဝေလနယ်ရဲ့ အဆိုးရွားဆုံး ကွင်းဆက်လူသတ်သမား” ဆိုတဲ့ ခေါင်းစဉ်နဲ့ Peter Moore ရဲ့ရှေ့နေဟောင်း Dylan Rhys Jones ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Peter Moore ဟာ ကနဦးတုန်းကတော့ အဆိုပါလူသတ်မှုတွေကို သူ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြစ်မရှိကြောင်း ငြင်းဆိုပြီး အယူခံဝင်ခဲ့ပါတယ်။ အဲ့ဒီ့လူသတ်မှုတွေကိုတော့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ သူ့ရဲ့ချစ်သူ Jason က လုပ်ခဲ့တာပါလို့ ဆိုလာပြန်ပါတယ်။ တကယ်တမ်းမှာတော့ သူပြောတဲ့ အဲ့ဒီ့ Jason ဆိုသူဟာ တကယ် မရှိတဲ့လူတစ်ယောက် ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ တရားရေးတစ်ဖွဲ့လုံးနဲ့ သူ့ရဲ့ရှေ့နေတို့က Jason Voorhees ကို ရည်ညွှန်းတာသာ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

အဲ့ဒီ့အချိန်က ဖြေရှင်းချက် ထုတ်ပြန်ခဲ့တဲ့ ရှေ့နေ Jones ရဲ့အဆိုကတော့ “ရုပ်ရှင်ရုံက သူ့ရုံဆိုတော့ Peter Moore အနေနဲ့ ဘယ်နား ဘာရှိတယ်ဆိုတာ ကောင်းကောင်း နောကျေနေတယ်လေ။ ပြီးတော့ သူက Friday The 13th franchise ကိုလည်း ကြည့်ပုံရတယ်။ ပိုဆိုးတာက လူသတ်မှုတွေ မစခင်အချိန်လေးမှာတင် အဲ့ဒီ့ကားအသစ်တစ်ကားက ပူပူနွေးနွေး ထွက်ထားတာ။ အဲ့ဒီ့တော့ သူ့အတွက် အားကျစရာ ဖြစ်သွားမှာပေါ့။ ကျွန်တော်တို့ကတော့ အဲ့လိုပဲ တွေးမိတယ် … ” လို့ ဆိုခဲ့ပါတယ်။

photo via IMDb

အဲ့ဒီအမှုရဲ့ တရားလိုရှေ့နေခေါင်းဆောင်ဖြစ်တဲ့ Lord Carlile ပြောခဲ့တာကတော့ “ကျွန်တော်တို့ ရုပ်ရှင်တချို့ကို စကြည့်ဖြစ်တယ်။ အဲ့ဒီ့မှာ Peter Moore က သူ့ရဲ့ရုပ်ရှင်ရုံမှာ ပြဖူးတာဖြစ်ဖြစ်၊ သူကိုယ်တိုင်က ကြည့်ဖူးတာဖြစ်ဖြစ် ဖြစ်လိမ့်မယ့် လူသတ်ဇာတ်ကား အတွဲတွေ ရှိတယ်။ အဲ့ဒီ့ရုပ်ရှင်တွေက တစ်ကားစီတိုင်းမှာ အပိုင်း(၆)ပိုင်းစီ ပါဝင်ပြီး အဲ့ဒါတွေအားလုံးဟာ Peter Moore ကျူးလွန်ခဲ့တဲ့ ပြစ်မှုပုံစံတွေနဲ့ ဆင်တူနေတာကို တွေ့ရတယ် … ” လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ Peter Moore ဟာ ပြစ်မှုထင်ရှားနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရပါတယ်။

လူတွေ ပြစ်မှုကျူးလွန်ဖို့အတွက် horror ရုပ်ရှင်တွေက လွှမ်းမိုးမှုရှိခဲ့ပြီး အဲ့ဒါဟာ Peter Moore တစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး။ ၂၀၀၁ခုနှစ်တုန်းကလည်း Thierry Jaradin လို့ခေါ်တဲ့ ဘယ်လ်ဂျီယမ် ကုန်တင်ကားမောင်းသူတစ်ယောက်ဟာ သူ့ရဲ့ချစ်ရေးဆိုမှုကို ပစ်ပစ်ခါခါ ငြင်းဆိုလို့ ဆိုပြီး အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို Scream ရုပ်ရှင်ထဲက လူသတ်သမားလို သရဲမျက်နှာနဲ့ဝတ်စုံ ဝတ်ဆင်ပြီး ဓားနဲ့ အချက်သုံးဆယ်ခန့် ထိုးသတ်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်တုန်းကလည်း တက္ကဆက်ပြည်နယ်က Jake Evans ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်ဟာ Halloween ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီး သူ့အမေနဲ့ အစ်မဖြစ်သူတို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ (အဆိုပါ Halloween franchise ဟာ box office ဝင်ငွေမှာ Friday The 13th ကို ကျော်တက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော franchise လည်း ဖြစ်ပါတယ်။) အလားတူပဲ The Purge ၊ A Nightmare on Elm Street ၊ Saw IV နဲ့ American Psycho တို့ဟာလည်း ကြောက်မက်ဖွယ် လူသတ်မှုတွေကို ကျူးလွန်စေဖို့ လွှမ်းမိုးစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

photo via IMDb

ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ၂၀၁၇ခုနှစ်တုန်းကတော့ Washington Post သတင်းစာက ဆောင်းပါးတစ်စောင်ရေးသားခဲ့ပြီး ဒီကိစ္စအပေါ်မှာ ပါဝင်ဆွေးနွေးစေခဲ့ပါတယ်။ အဆိုပါ ဆောင်းပါးထဲမှာတော့ လူသတ် horror ဇာတ်ကားတွေဟာ ပြင်ပ လက်တွေ့ဘဝမှာ မှုခင်းဖြစ်ရပ်တွေ ကျူးလွန်စေအောင် အားပေးလှုံ့ဆော်မှု ရှိ၊မရှိဆိုတာကို ဝေဖန်သုံးသပ်ပြထားတာ ဖြစ်ပြီး horror ဇာတ်ကောင်တွေအတိုင်း တသွေမတိမ်း လိုက်လုပ်တတ်တဲ့ မှုခင်းဖြစ်ရပ်တွေ ရှိကြောင်းကိုတော့ အသိအမှတ်ပြုထားပါတယ်။

သို့ပေမယ့်လည်း စီးပွားရေးပညာရှင်တွေ ဖြစ်ကြတဲ့ Gordon Dahl နဲ့ Stefano DellaVigna တို့ကတော့ အလားတူ horror လူသတ်ဇာတ်ကားများကြောင့် ပြင်ပမှာ တကယ့်မှုခင်းဖြစ်ရပ်တွေ လျော့ကျစေတယ်လို့ သုံးသပ်ပြထားကြပါတယ်။ သူတို့နှစ်ဦး သုံးသပ်ပြထားတဲ့ အဆိုကြမ်းတစ်ခုအရ ရုပ်ရှင်ရုံတွေက horror လူသတ်ဇာတ်ကားတွေ ပြသတဲ့အခါ မှုခင်းကျူးလွန်နိုင်ချေ ရှိတဲ့သူတွေဟာ သူတို့ရဲ့အာသီသကို ဖြေဖျောက်ဖို့ ရုပ်ရှင်ရုံကို ဆွဲဆောင်ခံရတဲ့အတွက် ပြင်ပမှာ တကယ့်မှုခင်းတွေ ကျူးလွန်နိုင်ချေ လျော့နည်းသွားတယ်လို့ ဆိုထားပါတယ်။

Photo via IMDb

၂၀၀၇ခုနှစ်က ပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်မှာတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီ့ပွဲမှာတော့ ဒါရိုက်တာ John Carpenter က “ဒါတွေ ဖြစ်ရတာဟာ တကယ့်လက်တွေ့ဘဝကြောင့်ပါ။ ရုပ်ရှင်ထဲက စိတ်ကူးယဉ်ဘဝတွေကြောင့် မဟုတ်ပါဘူး။ ဒီလိုရုပ်ရှင်တွေ ထွက်လာရတဲ့ အကြောင်းကလည်း ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ ဓလေ့ထုံးတမ်းတွေကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကြောင့်သာ ဒီလိုရုပ်ရှင်တွေက ပေါ်ထွက်လာတာ ဖြစ်ပါတယ် … ”  လို့ သူ့ရဲ့အယူအဆကို ပြောပြခဲ့ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ပြစ်မှုကျူးလွန်သူ Peter Moore ဟာလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရစဉ် နှစ်(၂၀)ကာလအတွင်းမှာ သူ ကျူးလွန်ခဲ့တဲ့ အခြားပြစ်မှုများစွာကိုလည်း ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် horror ရုပ်ရှင်တွေရဲ့ ဆိုးကျိူးသက်ရောက်မှုချည်းပဲလို့ ပြောလို့မရသလို တကယ့် လက်တွေ့ဘဝက ဖြစ်ရပ်တွေကြောင့်သာ မှုခင်းတွေ ဖြစ်ပေါ်နေရတာလို့ သုံးသပ်နိုင်ပါတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Friday The 13th ထဲက ဇာတ္ေကာင္ Jason Voorhees ေၾကာင့္ လက္ေတြ႕ဘဝမွာလည္း နာမည္ႀကီး ကြင္းဆက္လူသတ္သမားတစ္ေယာက္ ထြက္ေပၚလာခဲ့တယ္လို႔ ၿဗိတိန္ အာဏာပိုင္အရာရွိေတြက ယုံၾကည္ခဲ့ၾကပါတယ္။ အဆိုပါ ကြင္းဆက္လူသတ္သမားရဲ႕ အမည္ကေတာ့ Peter Moore ျဖစ္ၿပီး သူ႔ကိုယ္သူ Jason လို႔ သုံးႏႈန္းၿပီးေတာ့ လူေလးေယာက္တိတိကို သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။

horror ပရိသတ္ဆိုရင္ Friday The 13th ဇာတ္ကားကိုေတာ့ ေကာင္းေကာင္းသိၾကမွာပါ။ ဒီ franchise ဇာတ္ကားေတြထဲက ေဟာ္ကီမ်က္ႏွာဖုံးစြပ္နဲ႔ Jason Voorhees ဇာတ္ေကာင္ဟာ လူေပါင္းမ်ားစြာကို ရက္ရက္စက္စက္ သတ္ျဖတ္တတ္သူ ျဖစ္ပါတယ္။ စိတ္ဝင္စားဖို႔ ေကာင္းတာကေတာ့ ဒီလူသတ္ franchise ဇာတ္ကားေတြေၾကာင့္ ၿဗိတိန္ရဲ႕ ေဝလနယ္မွာ လူသတ္မႈေတြ ေပၚေပါက္ခဲ့ၿပီး တကယ့္ ကြင္းဆက္လူသတ္သမားလည္း ေပၚထြက္လာခဲ့တယ္လို႔ အာဏာပိုင္ေတြက ယုံၾကည္ခဲ့ၾကပါတယ္။

Photo via IMDb

၁၉၈၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ မူရင္းဇာတ္ကားထဲမွာေတာ့ မိခင္ျဖစ္သူ Pamela Voorhees ဟာ သားျဖစ္သူရဲ႕ ေရနစ္ေသဆုံးသြားမႈကို ကလဲ့စားေခ်တဲ့အေနနဲ႔ Chrystal Lake စခန္းမွာ camping ထြက္လာတဲ့ ဆယ္ေက်ာ္သက္ လူငယ္ေလးေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ပါတယ္။

အဲ့ဒီ့ေနာက္ပိုင္း ထပ္မံထြက္ရွိလာတဲ့ ေနာက္ဆက္တြဲ ဇာတ္လမ္းေတြထဲမွာေတာ့ Pamela Voorhees ရဲ႕ သားျဖစ္သူ Jason Voorhees ဟာ အသက္ရွင္ေနၿပီး သူ႔မိခင္က်ဴးလြန္ခဲ့တဲ့ လူသတ္ပြဲႀကီးကို ဆက္လက္ က်ဴးလြန္ခဲ့တာ ေတြ႕ရပါလိမ့္မယ္။ ဒီ franchise ဟာ ဆယ္စုႏွစ္ သုံးခုခန႔္ သက္တမ္းရွိခဲ့ၿပီး ကမာၻအႏွံ႔မွာ အဓြန႔္ရွည္ဆုံးနဲ႔ ဝင္ေငြအေကာင္းဆုံး horror ဇာတ္ကားေတြအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ဇာတ္ကားေတြကေန တီဗြီစီးရီး၊ ဝတၳဳ၊ ႐ုပ္ျပနဲ႔ ဗြီဒီယိုဂိမ္းေတြလည္း ဆင့္ပြားထြက္ေပၚလာခဲ့ပါေသးတယ္။

photo via IMDb

ဒီနာမည္ေက်ာ္ဇာတ္ေကာင္ကို ဖန္တီးခဲ့သူကေတာ့ အေမရိကန္စာေရးဆရာ Victor Miller ျဖစ္ပါတယ္။ သူ႔ဇာတ္ေကာင္ကို Jason Voorhees လို႔ နာမည္ေပးဖို႔ စိတ္ကူးရခဲ့ပုံကလည္း စိတ္ဝင္စားစရာပါပဲ။ သူ႔သားႏွစ္ေယာက္ရဲ႕ ေရွ႕နာမည္ေတြျဖစ္တဲ့ Ian နဲ႔ Josh ၊ သူ ေက်ာင္းတက္တုန္းက သိခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ေနာက္နာမည္ျဖစ္တဲ့ Van Voorhees တို႔ကို ေပါင္းစပ္ၿပီး Jason Voorhees လို႔ အမည္ေပးလိုက္တာ ျဖစ္ပါတယ္။

Jason Voorhees ဟာ စိတ္ကူးယဥ္ဇာတ္ေကာင္တစ္ခုလို႔ ဆိုေပမယ့္ ၁၉၆၀ခုႏွစ္ ေႏြရာသီက ဖင္လန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ တကယ့္မႈခင္းျဖစ္ရပ္တစ္ခုနဲ႔ အေတာ္ေလး ဆင္တူေနတာကို ေတြ႕ရပါတယ္။ အဲ့ဒီျဖစ္ရပ္မွာေတာ့ Bodom ေရကန္ႀကီးရဲ႕ေဘးမွာ camping လုပ္ေနတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြထဲက သုံးေယာက္ကို မေသမခ်င္း ဓားနဲ႔ ထိုးသတ္မႈ ျဖစ္ပြားခဲ့ၿပီး အသက္ရွင္က်န္ရစ္သူ တစ္ေယာက္ကသာ ထြက္ေျပးလြတ္ေျမာက္ခဲ့ပါတယ္။

အဲ့ဒီ့လြတ္ေျမာက္သြားတဲ့ တစ္ေယာက္ကလည္း ေမး႐ိုးက်ိဳးေနၿပီး ေခါင္းမွာလည္း ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ သို႔ေပမယ့္ အဲ့ဒီ့ေခတ္က တရားစီရင္ပုံအရ သူတစ္ေယာက္တည္းက လြတ္ေျမာက္လာတာေၾကာင့္ သူ႔ရဲ႕လက္ခ်က္ဆိုၿပီး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ျပစ္မႈကင္းရွင္းေၾကာင္း ထင္ရွားလို႔ လြတ္ေျမာက္ခဲ့ပါတယ္။

Photo via IMDb

Jason Voorhees ဟာ ေဝလနယ္ ေျမာက္ပိုင္းက Peter Moore ဆိုတဲ့ ႐ုပ္ရွင္႐ုံ ပိုင္ရွင္တစ္ေယာက္ကိုလည္း အေတာ္ေလး လႊမ္းမိုးခဲ့ပုံ ရပါတယ္။ Peter Moore ဟာ ၁၉၉၅ခုႏွစ္မွာ သုံးလအတြင္း အမ်ိဳးသားေလးဦးကို ဓားနဲ႔ထိုးၿပီး ျပင္းထန္စြာ ႏွိပ္စက္ညႇင္းပန္းခဲ့တာ ျဖစ္ပါတယ္။ အဆိုပါအမႈရဲ႕ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ “အနက္ေရာင္နဲ႔လူ Peter Moore: ေဝလနယ္ရဲ႕ အဆိုး႐ြားဆုံး ကြင္းဆက္လူသတ္သမား” ဆိုတဲ့ ေခါင္းစဥ္နဲ႔ Peter Moore ရဲ႕ေရွ႕ေနေဟာင္း Dylan Rhys Jones ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Peter Moore ဟာ ကနဦးတုန္းကေတာ့ အဆိုပါလူသတ္မႈေတြကို သူ က်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အျပစ္မရွိေၾကာင္း ျငင္းဆိုၿပီး အယူခံဝင္ခဲ့ပါတယ္။ အဲ့ဒီ့လူသတ္မႈေတြကိုေတာ့ စားေသာက္ဆိုင္တစ္ခုမွာ အလုပ္လုပ္ေနတဲ့ သူ႔ရဲ႕ခ်စ္သူ Jason က လုပ္ခဲ့တာပါလို႔ ဆိုလာျပန္ပါတယ္။ တကယ္တမ္းမွာေတာ့ သူေျပာတဲ့ အဲ့ဒီ့ Jason ဆိုသူဟာ တကယ္ မရွိတဲ့လူတစ္ေယာက္ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ပဲ တရားေရးတစ္ဖြဲ႕လုံးနဲ႔ သူ႔ရဲ႕ေရွ႕ေနတို႔က Jason Voorhees ကို ရည္ၫႊန္းတာသာ ျဖစ္မယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။

အဲ့ဒီ့အခ်ိန္က ေျဖရွင္းခ်က္ ထုတ္ျပန္ခဲ့တဲ့ ေရွ႕ေန Jones ရဲ႕အဆိုကေတာ့ “႐ုပ္ရွင္႐ုံက သူ႔႐ုံဆိုေတာ့ Peter Moore အေနနဲ႔ ဘယ္နား ဘာရွိတယ္ဆိုတာ ေကာင္းေကာင္း ေနာေက်ေနတယ္ေလ။ ၿပီးေတာ့ သူက Friday The 13th franchise ကိုလည္း ၾကည့္ပုံရတယ္။ ပိုဆိုးတာက လူသတ္မႈေတြ မစခင္အခ်ိန္ေလးမွာတင္ အဲ့ဒီ့ကားအသစ္တစ္ကားက ပူပူေႏြးေႏြး ထြက္ထားတာ။ အဲ့ဒီ့ေတာ့ သူ႔အတြက္ အားက်စရာ ျဖစ္သြားမွာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ အဲ့လိုပဲ ေတြးမိတယ္ … ” လို႔ ဆိုခဲ့ပါတယ္။

photo via IMDb

အဲ့ဒီအမႈရဲ႕ တရားလိုေရွ႕ေနေခါင္းေဆာင္ျဖစ္တဲ့ Lord Carlile ေျပာခဲ့တာကေတာ့ “ကြၽန္ေတာ္တို႔ ႐ုပ္ရွင္တခ်ိဳ႕ကို စၾကည့္ျဖစ္တယ္။ အဲ့ဒီ့မွာ Peter Moore က သူ႔ရဲ႕႐ုပ္ရွင္႐ုံမွာ ျပဖူးတာျဖစ္ျဖစ္၊ သူကိုယ္တိုင္က ၾကည့္ဖူးတာျဖစ္ျဖစ္ ျဖစ္လိမ့္မယ့္ လူသတ္ဇာတ္ကား အတြဲေတြ ရွိတယ္။ အဲ့ဒီ့႐ုပ္ရွင္ေတြက တစ္ကားစီတိုင္းမွာ အပိုင္း(၆)ပိုင္းစီ ပါဝင္ၿပီး အဲ့ဒါေတြအားလုံးဟာ Peter Moore က်ဴးလြန္ခဲ့တဲ့ ျပစ္မႈပုံစံေတြနဲ႔ ဆင္တူေနတာကို ေတြ႕ရတယ္ … ” လို႔ ဆိုခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Peter Moore ဟာ ျပစ္မႈထင္ရွားနဲ႔ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း က်ခံခဲ့ရပါတယ္။

လူေတြ ျပစ္မႈက်ဴးလြန္ဖို႔အတြက္ horror ႐ုပ္ရွင္ေတြက လႊမ္းမိုးမႈရွိခဲ့ၿပီး အဲ့ဒါဟာ Peter Moore တစ္ေယာက္တည္းေတာ့ မဟုတ္ခဲ့ပါဘူး။ ၂၀၀၁ခုႏွစ္တုန္းကလည္း Thierry Jaradin လို႔ေခၚတဲ့ ဘယ္လ္ဂ်ီယမ္ ကုန္တင္ကားေမာင္းသူတစ္ေယာက္ဟာ သူ႔ရဲ႕ခ်စ္ေရးဆိုမႈကို ပစ္ပစ္ခါခါ ျငင္းဆိုလို႔ ဆိုၿပီး အသက္(၃၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကို Scream ႐ုပ္ရွင္ထဲက လူသတ္သမားလို သရဲမ်က္ႏွာနဲ႔ဝတ္စုံ ဝတ္ဆင္ၿပီး ဓားနဲ႔ အခ်က္သုံးဆယ္ခန႔္ ထိုးသတ္ခဲ့ပါတယ္။

၂၀၁၂ခုႏွစ္တုန္းကလည္း တကၠဆက္ျပည္နယ္က Jake Evans ဆိုတဲ့ ဆယ္ေက်ာ္သက္တစ္ေယာက္ဟာ Halloween ႐ုပ္ရွင္ဇာတ္ကားကို ၾကည့္ရႈၿပီး သူ႔အေမနဲ႔ အစ္မျဖစ္သူတို႔ကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့ပါတယ္။ (အဆိုပါ Halloween franchise ဟာ box office ဝင္ေငြမွာ Friday The 13th ကို ေက်ာ္တက္ႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ franchise လည္း ျဖစ္ပါတယ္။) အလားတူပဲ The Purge ၊ A Nightmare on Elm Street ၊ Saw IV နဲ႔ American Psycho တို႔ဟာလည္း ေၾကာက္မက္ဖြယ္ လူသတ္မႈေတြကို က်ဴးလြန္ေစဖို႔ လႊမ္းမိုးေစခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြ ျဖစ္ပါတယ္။

photo via IMDb

ဒီလိုျဖစ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး ၂၀၁၇ခုႏွစ္တုန္းကေတာ့ Washington Post သတင္းစာက ေဆာင္းပါးတစ္ေစာင္ေရးသားခဲ့ၿပီး ဒီကိစၥအေပၚမွာ ပါဝင္ေဆြးေႏြးေစခဲ့ပါတယ္။ အဆိုပါ ေဆာင္းပါးထဲမွာေတာ့ လူသတ္ horror ဇာတ္ကားေတြဟာ ျပင္ပ လက္ေတြ႕ဘဝမွာ မႈခင္းျဖစ္ရပ္ေတြ က်ဴးလြန္ေစေအာင္ အားေပးလႈံ႕ေဆာ္မႈ ရွိ၊မရွိဆိုတာကို ေဝဖန္သုံးသပ္ျပထားတာ ျဖစ္ၿပီး horror ဇာတ္ေကာင္ေတြအတိုင္း တေသြမတိမ္း လိုက္လုပ္တတ္တဲ့ မႈခင္းျဖစ္ရပ္ေတြ ရွိေၾကာင္းကိုေတာ့ အသိအမွတ္ျပဳထားပါတယ္။

သို႔ေပမယ့္လည္း စီးပြားေရးပညာရွင္ေတြ ျဖစ္ၾကတဲ့ Gordon Dahl နဲ႔ Stefano DellaVigna တို႔ကေတာ့ အလားတူ horror လူသတ္ဇာတ္ကားမ်ားေၾကာင့္ ျပင္ပမွာ တကယ့္မႈခင္းျဖစ္ရပ္ေတြ ေလ်ာ့က်ေစတယ္လို႔ သုံးသပ္ျပထားၾကပါတယ္။ သူတို႔ႏွစ္ဦး သုံးသပ္ျပထားတဲ့ အဆိုၾကမ္းတစ္ခုအရ ႐ုပ္ရွင္႐ုံေတြက horror လူသတ္ဇာတ္ကားေတြ ျပသတဲ့အခါ မႈခင္းက်ဴးလြန္ႏိုင္ေခ် ရွိတဲ့သူေတြဟာ သူတို႔ရဲ႕အာသီသကို ေျဖေဖ်ာက္ဖို႔ ႐ုပ္ရွင္႐ုံကို ဆြဲေဆာင္ခံရတဲ့အတြက္ ျပင္ပမွာ တကယ့္မႈခင္းေတြ က်ဴးလြန္ႏိုင္ေခ် ေလ်ာ့နည္းသြားတယ္လို႔ ဆိုထားပါတယ္။

Photo via IMDb

၂၀၀၇ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ Tribeca ႐ုပ္ရွင္ပြဲေတာ္မွာေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈတစ္ခု ျပဳလုပ္ခဲ့ပါေသးတယ္။ အဲ့ဒီ့ပြဲမွာေတာ့ ဒါ႐ိုက္တာ John Carpenter က “ဒါေတြ ျဖစ္ရတာဟာ တကယ့္လက္ေတြ႕ဘဝေၾကာင့္ပါ။ ႐ုပ္ရွင္ထဲက စိတ္ကူးယဥ္ဘဝေတြေၾကာင့္ မဟုတ္ပါဘူး။ ဒီလို႐ုပ္ရွင္ေတြ ထြက္လာရတဲ့ အေၾကာင္းကလည္း ကြၽန္ေတာ္တို႔ ေနထိုင္ေနတဲ့ ကမာၻႀကီးရဲ႕ ဓေလ့ထုံးတမ္းေတြေၾကာင့္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကမာၻႀကီးမွာ ျဖစ္ပ်က္ေနတဲ့ ျဖစ္ရပ္ေတြေၾကာင့္သာ ဒီလို႐ုပ္ရွင္ေတြက ေပၚထြက္လာတာ ျဖစ္ပါတယ္ … ”  လို႔ သူ႔ရဲ႕အယူအဆကို ေျပာျပခဲ့ပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ ျပစ္မႈက်ဴးလြန္သူ Peter Moore ဟာလည္း ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း က်ခံေနရစဥ္ ႏွစ္(၂၀)ကာလအတြင္းမွာ သူ က်ဴးလြန္ခဲ့တဲ့ အျခားျပစ္မႈမ်ားစြာကိုလည္း ဝန္ခံခဲ့ပါတယ္။ ဒါေၾကာင့္ horror ႐ုပ္ရွင္ေတြရဲ႕ ဆိုးက်ိဴးသက္ေရာက္မႈခ်ည္းပဲလို႔ ေျပာလို႔မရသလို တကယ့္ လက္ေတြ႕ဘဝက ျဖစ္ရပ္ေတြေၾကာင့္သာ မႈခင္းေတြ ျဖစ္ေပၚေနရတာလို႔ သုံးသပ္ႏိုင္ပါတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular